ပန်းအလှ

ပန်းအလှ

Sunday, December 19, 2010

ရန်ကုန်မြို့တွင် အလှည့်ကျ မီးပေးစနစ်ကို စတင်မည် မဟုတ်ဘဲ ယခုအတိုင်း ဆက်လက် မီးပေးဝေမည်

w61202
ရန်ကုန်မြို့၏ ညရှုခင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အသစ် ဖွင့်လှစ်လိုက်သည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ ရေအားလျှပ်စစ်များ ရန်ကုန်သို့ ရရှိလာမှု အပြင် အခြား ရေအားလျှပ်စစ် လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အား ပုံမှန် ထုတ်ယူနိုင်မှုကြောင့် ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို စတင်မည် မဟုတ်ဘဲ ယခုအတိုင်း ဆက်လက် မီးပေးဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌ အလှည့်ကျ ဓာတ်အားပေးစနစ်ကို ယခင်နှစ်များက မိုးအကုန် ကာလဖြစ်သည့် နိုဝင်ဘာလ ၀န်းကျင်တွင် စတင်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ ရဲရွာ ရေအားလျှပ်စစ် လုပ်ငန်းမှ ရေအားလျှပ်စစ် ထုတ်လုပ်လာနိုင်မှု အပြင် မိုးကုန်ကာလ ဖြစ်သော်လည်း ရေအားလျှပ်စစ် လုပ်ငန်း အချို့မှ လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ဆက်လက် ထုတ်လုပ်နိုင်မှုကြောင့် ယခုနှစ်တွင်မူ ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ သာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု အပေါ် မူတည်၍ ပြန်လည် စတင်နိုင်ဖွယ် ရှိကြောင်း သိရှိရသည်။


တခြား ရေအားလျှပ်စစ် လုပ်ငန်းတွေအပြင် သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတွေကပါ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်ယူနေတဲ့ အတွက် ဒီနှစ်မှာ လျှပ်စစ်မီး ဆက်ပေးနေတာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကလည်း အခြေအနေ ကောင်းနေတဲ့ အတွက် လက်ရှိ ပုံစံအတိုင်း လျှပ်စစ်မီးကို ၂၄ နာရီ ဆက်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ရေအားလျှပ်စစ်အပေါ် မူတည်ပါတယ်

''ဒီနှစ်မှာ ရဲရွာက လျှပ်စစ် စပြီး ထုတ်လာနိုင်ပါတယ်။ ပြီးတော့ တခြား ရေအားလျှပ်စစ် လုပ်ငန်းတွေအပြင် သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတွေကပါ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်ယူနေတဲ့ အတွက် ဒီနှစ်မှာ လျှပ်စစ်မီး ဆက်ပေးနေတာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကလည်း အခြေအနေ ကောင်းနေတဲ့ အတွက် လက်ရှိ ပုံစံအတိုင်း လျှပ်စစ်မီးကို ၂၄ နာရီ ဆက်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ရေအားလျှပ်စစ်အပေါ် မူတည်ပါတယ်'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်အချို့၌ ယခုလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု အချို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ အလှည့်ကျ မီးပေးမှု စနစ် ပြန်လည် စတင်ခြင်းကြောင့် မဟုတ်ဘဲ ဓာတ်အားလိုင်းအချို့ ပျက်စီးခြင်း၊ မြေအောက်ကြိုး အချို့ ပျက်စီးခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ မကြာမီ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်စဉ်များ နည်းပါးသွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ နေ့စဉ် လျှပ်စစ်ဓာတ်အား ပမာဏ ၅၀၀ မဂ္ဂါဝပ်ကို သုံးစွဲလျက် ရှိကြောင်း၊ ရန်ကုန်တွင် ဖြန့်ဝေနေသည့် လျှပ်စစ်ဓာတ်အားများမှာ မဟာဓာတ်အားလိုင်းသို့ စီးဝင်လာသည့် လောပိတ၊ ရွှေလီ၊ ရဲရွာ၊ ပေါင်းလောင်း၊ မုန်းနှင့် သဖန်းဆိပ် ရေအားလျှပ်စစ်များမှ ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတွက် နေ့စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာ မဂ္ဂါဝပ် ၁၁၀၀ မှ ၁၂၀၀ ကြား ရှိပြီး လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များမှ အဓိက ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၁၅ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၁၅ ရုံ စုစုပေါင်း ဓာတ်အားပေး စက်ရုံ ၃၁ ရုံမှ စုစုပေါင်း မဂ္ဂါဝပ် ၃၀၄၅ ကို ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ၂၀၀၉ ခုနှစ်တွင် အလှည့်ကျ မီးပေးမှု ပုံစံကို ဒီဇင်ဘာလမှ စတင်ကာ ၂၀၁၀ ပြည့်နှစ် ဇွန်လအထိ ပြုလုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အလှည့်ကျ မီးပေးမှု ပုံစံကို နိုဝင်ဘာလမှ စတင်ကာ ၂၀၀၉ ခုနှစ် ဇွန်လကုန်ပိုင်း အထိ ပြုလုပ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုဝင်ဘာလမှ စတင်ကာ ဇွန်လပိုင်းကုန် အထိ အလှည့်ကျ မီးပေးဝေခဲ့ကြောင်း သိရသည်။

မှတ်ချက်။ ။Eleven Media Group

http://www.news-eleven.com/index.php?option=com_content&view=ar... သတင်းမှပြန်လည်ဖော်ပြသည်။


Wednesday, December 15, 2010

ဒေါ်လာသန်းချီတန်တဲ့  ၀တ်စုံလေးပါ။

ဒေါ်လာသန်းချီတန်တဲ့  ၀တ်စုံလေးပါ။


သူငယ်ချင်းများအားလုံးပျော်၇ွှင်ပါစေ။

Tuesday, December 14, 2010

လုပ်ငန်းခွင်မှာ တွေ့ကြုံရလေ့ရှိတဲ့ စိတ်ဖိစီးမှု တွေ လျော့ကျနိုင်အောင်လို့

အရွယ်ရောက်သူတိုင်းဟာ အကြောင်း အမျိုးမျိုးကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေကို ရှိနေ တတ်ကြပါတယ်။ ပညာစုံလို့ လုပ်ငန်းခွင်ထဲ ၀င်ပြီဆိုမှတော့ လုပ်ငန်းခွင် မှာ တွေ့ကြုံရတတ်တဲ့ ပြဿနာတွေ ၊ စိန်ခေါ်မှုသစ်တွေ၊ အတွေ့အကြုံသစ်တွေ ၊ ပတ်ဝန်းကျင်သစ်တွေ မိတ်ဆွေသစ်တွေ အစရှိတဲ့ အသစ်အသစ်သော အကြောင်းအရာတွေဟာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတတ်တာဟာ ဓမ္မတာပါ။ လူတိုင်းဟာ လုပ်ငန်းခွင် ကြောင့် စိတ်ဖိစီးမှုတွေ အနည်းနှင့်အများ ကြုံတတ်ကြပါတယ်။ အဲဒီလိ ဖြစ်လာတဲ့ အခါ မှန်ကန် တဲ့နည်းလမ်း တွေနဲ့ စိတ်ဖိစီ မှုတွေကို ဖြေဖျောက် ပေးမယ်ဆိုရင် ဒီအခက်အခဲတွေကို တစ်ဆင့်ပြီးတစ်ဆင့်ကျော်လွှားပြီး အောင်မြင်မှုပန်းတိုင်ကို တက်လှမ်း ရောက်ရှိုနိုင်ကြမှာပါ။ တကယ်တော့ စိတ်ဖိစီးမှုဆိုတာ လူ့အသတ်ကို တောင်ရန်ရှာတတ်တဲ့ ရောဂါတစ်ခုပါပဲ။ စိတ်ထောင်း ကိုကျေ ဆိုသလို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု တွေက ကိုယ့်ခန္ဓာ ကိုပါထိခိုက်ပါတော့တယ်။ နိုင်ငံခြား တိုင်း ပြည်တွေမှာတော့ လူလတ်ပိုင်း အရွယ်တွေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်လောက်ဟာ စိိတ်ဖိစီး မှုဒဏ်ကိုခံစား နေရတယ်လို့ သုတေသန စစ်တမ်း တစ်ခုဖော် ပြထားပါတယ်။

စိတ်ဖိစီးမှု ဖြစ်တာကို ဘယ်လို သိနိုင်မလဲ။
စိတ်ဖိစီးမှု ဒဏ်ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ခံစားရပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ နှစ်ခုလုံး ကိုသိထားကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြည့်မယ်ဆိုရင် နှလုံးခုန် မြန် တာ။ သွေးတိုးတာ ၊ နှုတ်ခမ်းတွေ ခြောက်ကွဲတာ ကြွက်သားတွေ တင်းကြပ်တာ၊ ခေါင်းကိုက် တာနဲ့ ချွေး ထွက်များလာတာ အစရှိတဲ့ လက္ခဏာတွေ ခံစားလာရပါလိမ့်မယ်။ ဒါကိုကြည့်ပြီး သိနိုင်သလို။ စိတ်ပိုင်း ဆိုင်ရာကတော့ တစ်ယောက်တည်း စကားတွေ ပြောနေတတ်တာ ၊ စိတ်အာရုံ စုစည်းလို့မတာ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ အပြင် စိတ်ဖိစီးမှုဒဏ် ခံနေရတယ်လို့ ဖော်ပြနေတာပါ။ စိတ်ဖိစီးမှု ခံနေရ တယ်လို့ ကိုယ်ကိုယ်ထင်ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသ သင့်ပါတယ်။ ခန္ဓာ မှာ ရထက် ဒဏရာတွေ ထက်ပိုပြီး အရေးပါတဲ့ ဝေဒနာဖြစ် တာကြောင့် ဂရုပြုပြီး ရှောင်ရှားဖို့ ကျော်လွှားဖိုလုပ်သင့်ပါတယ်
စိတ်ဖိစီးမှုကိုလျော့ချနိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ ၄င်းတို့ထဲမှ အနည်းငယ် သောအချက်တွေဖြစ်ပါတယ်။
- အနားယူပါ။
- လေကိုများများ ရှူသွင်းပါ။
- အလုပ်ထဲမှာ မကြာခဏ အနားယူပါ။
- လေ့လာသင်ကြား ဖို့အတွက် များများနားထောင်ပါ။
- ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေမှုရှိအောင်ကိုယ့်ကို ပြုလုပ်ပေးပါ။
- မလိုအပ်ဘဲ အများကြီးစဉ်းစားတာနဲ့ ကြိုတင်ပူပန် နေတာ မလုပ်ပါနဲ့။
- ခင်မင်သူတွေနဲ့ ရောက်တတ်ရာရာ စကား ပြောဖို့ အချိန်ပေးပါ။
- သင့်ရဲ့အချိန်ကို စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးတို့ကို ကျွမ်းကျင် မှုရှိအောင် အမြဲလုပ်ပါ။
- အချိန်စီမံခန့်ခွဲမှုဟာ လုပ်ငန်းခွင်အတွက်သာမက ဘ၀ အတွက်ပါ အင်မတန်အရေးပါပါတယ်။

Thursday, October 7, 2010

*အမြင်*

ဆရာက ကျောင်းသား နှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန် အဆင့်မြင့်ပြီး အတော် စဉ်းစားယူရတဲ့ သင်္ချာ ဥာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်" .... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင် တော့ပါဘူး...
နောက်တစ်ယောက် ကတော့ ဒီလိုမြင်ပါတယ်
"ဆရာ့ မေးခွန်းတွေက အတော် အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစား ဖြေကြည်.ဦးမှပဲ" ... သူကတော့ မေးခွန်း အတော် များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိုင်ခဲ့ပါတယ်....
ဒီအဖြစ် အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက် တစ်ခုဟာ အစစအရာရာ အဆင်ပြေ ချောမွေ.စေဖို.အတွက် ဘယ်အတိုင်း အတာထိ အရေးပါ အရာရောက်တယ် ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူ တစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲ ရှိရှိ၊ ဘာ ရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား" လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်...။

(၂)
ဆရာက ကျောင်းသား တစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က" တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။ ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...
နောက်ကျောင်းသား တစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး" စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို သဘောကျ လက်ခံခဲ့ပါတယ်....
ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့ ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ် ဆိုတာပါပဲ"... ကျောင်းသား နှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ... ဒါပေမဲ့ ပထမ ကျောင်းသားဟာ သူ.ဘက် အမြင်အတိုင်း ဆရာ့ကို ပြတာကိုး... ဒီနေရာမှာ သတိထားရမှာက ဒုတိယ ကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ"လို. အမှားကြီးေ ရးလိုက်တာ မဟုတ်ပါဘူး... သူလည်း အမှန်ပဲ ရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အခြေအနေ တစ်ခုကို ဖန်တီးလိုက်တာပါ...

Wednesday, October 6, 2010

သရုပ်ဆောင် ဒေါ်တင်တင်လှ ကွယ်လွန်

အမေ ဇာတ်ရုပ်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ၊ အသက် (၆၈) နှစ်သည် အောက် တိုဘာလ ၂ ရက်နေ့ (စနေနေ့) နံနက် (၆း၄၅) က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့ နံနက် (၁၁း၀၀) နာရီက ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ

tin-tin-hla
















နေမကောင်း ဖြစ်တာနဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆေးရုံ စတက်ပြီး ကုခဲ့တယ်။ ဆရာဝန်တွေက ကင်ဆာဖြစ်တယ် လို့လည်း ပြောတယ်။ ဒါနဲ့ လိုအပ်တာတွေ စစ်တော့ ကင်ဆာ မဟုတ်ဘူးလို့ ပြောတယ်။ ဆုံးသွားတဲ့ အချိန်အထိ ဘာရောဂါမှန်း ဆရာဝန် တွေတောင် မသိလိုက်ဘူး” ဟု ဒေါ်တင်တင်လှ၏ သမီး မသီရိအေးက ဧရာဝတီသို့ ပြောသည်။

ဆေးရုံ တင်ထားသည့် ၃၊ ၄ ရက်အတွင်း ဆရာဝန်များ ရှာဝယ်ခိုင်းသည့် ဆေးကို ဆေးခန်းများတွင် ၀ယ်မရ၍ အခက်အခဲနှင့် တွေ့ခဲ့ရပြီး နောက်ဆုံး ၀ယ်ယူရခဲ့သည့် ဆေး ၈ လုံးထဲမှ သောကြာနေ့ ညက ၁ လုံးသာ ထိုးလိုက်ရကြောင်း သူက ဆက် ပြောပြသည်။

နာရေးကူညီမှုအသင်းကို ထူထောင်ထားသူ အကယ်ဒမီမင်းသား ကိုကျော်သူက “ဒေါ်တင်တင်လှရဲ့ အသုဘက လူမရှိလို့ ကျနော့် facebook မှာတောင် တင်ထားသေးတယ်။ ၀ါရင့်သရုပ်ဆောင်ကြီး တယောက် ဆုံးတာ လာသင့်တယ်လေ။ ရုပ်ရှင် အစည်းအရုံးက တယောက်မှ မလာကြဘူး။ ရုပ်ရှင်အစည်းအရုံးဝင်ဖြစ်တော့ အမိန့်ပြန်တမ်း ထုတ်ရတယ်။ ဒီစာတောင် လက်ဆင့်ကမ်းပြီး လူကြုံနဲ့ ထည့်ပေးလိုက်တယ်” ဟု ဆိုသည်။

ဒေါ်တင်တင်လှသည် မင်းသားကြီး ဦးရွှေဘ လက်ထက် ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တဦးဖြစ်ပြီး နာမကျန်း မဖြစ်မီကာလအထိ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများစွာတွင် မင်းသား၊ မင်းသမီး များစွာ၏ အမေဇာတ်ဝင်ခန်း၊ အဒေါ်ဇာတ်ဝင်ခန်းများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ကိုကျော်သူ သရုပ်ဆောင်လောကသို့ စတင် ဝင်ရောက်ခဲ့သော စာရေးဆရာမ မအေးလေး၏ ၀တ္ထုကို ရိုက်ကူးထားသည့် “ဥက္ကာ” အမည်ရှိ ဗီဒီယို ဇာတ်လမ်းတွင်လည်း ဒေါ်တင်တင်လှက ကိုကျော်သူ၏ မိခင်အဖြစ် သရုပ်ဆောင်ခဲ့သည်ဟု ကိုကျော်သူက ပြောပြသည်။

ဒေါ်တင်တင်လှသည် ရုပ်ရှင်အစည်းအရုံးဝင် အမေများအဖွဲ့တွင်လည်း ပါဝင်၍ နယ်လှည့် ကပြဖျော်ဖြေခဲ့သူဖြစ်သည်။

ဒေါ်တင်တင်လှ၏ နောက်ဆုံးခရီးကို အမေများအဖွဲ့မှ မိတ်ဆွေရောင်းရင်းများ၊ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

မှတ်ချက်..http://www.irrawaddy.org/bur/ မှကူးယူဖော်ပြသည်။

Monday, October 4, 2010

Q မည့်သူများနှင့် အ Q ခံမည့်သူများ သတိ

အချိန်ကို ချက်ရွန်း ထဲမှာတော်တော် အသုံးပြုလာကြတယ် .... ကောင်းသော chat ခြင်း
ဟာပြသာနာ မရှိပေမယ့် Q တဲ့သူတွေကတော့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့
ဝင်လာကြပါတယ်။

တချို့က အချိန်အားနေလို့ တချို့ကရည်းစားရှာချင်လို့ တချို့ကလဲ
သူငယ်ချင်းလိုချင်လို့ စသဖြင့် ဦးတည်ချက် အမျိုးမျိုးနဲ့ပါပဲ။ ကောင်းသော
ရည်ရွယ်ချက်နဲ့ဆို ပြသာနာ မရှိပေမယ့် မကောင်းသော ရည်ရွယ်ချက်နဲ့ဆိုရင်
ပြသာနာ တစ်ခုမဟုတ်တစ်ခု ၀င်တတ်ပါတယ။်

အွန်လိုင်းပေါ်မှာ လိမ်တဲ့သူတွေ တော်တော်များပါတယ်။ မပါးမနပ်နဲ့ ဆိုရင်
သူတို့လက်ချက် မိသွားနိုင်ပါတယ်။ မိမိလိပ်စာနဲ့ ဖုန်းနံပါတ်တွေကို
အလွယ်တကူယုံပြီး မပေးသင့်ပါဘူး။ မိန်းကလေးတွေ အနေနဲ့လည်း မိမိဓာတ်ပုံကို
သူများကိုပြခြင်း ပြု ခြင်းကို သတိရှိသင့်ပါတယ်။

ချက်ရင်းနဲ့ တချို့လည်း သမီးရည်းစားဖြစ် ချစ်သူရ ဒါမျိုးတွေလည်းရှိပါတယ်။
ဒါပေမယ့် အဆင်မပြေတော့တဲ့ အခါကျရင် ယောင်္ကျားလေးတချို့ဟာ မစားရတဲ့
အမဲသဲနဲ့ ပတ်သလိုမျိုး မိမိနဲ့ရည်ငံ ခဲ့တဲ့ ကောင်မလေးတွေရဲ့ဓာတ်ပုံ
ကိုယူပြီး အွန်လိုင်းမှာ မတော်မတရားတာတွေ လုပ်တာ တွေ့လာရတယ်။ သူနဲ့ပဲ
တခုခုမှားယွင်းခဲ့သလိုလို လိုက်ဝါဒဖြန့်ပြီး တွေ့ရင်အကြောင်းကြားပေးပါ
ဆိုပြီးလုပ်တတ်လာကြတယ်။

Sunday, October 3, 2010

ပျော်ရွင်ချင်းတွေစုတဲ့ မင်္ဂလာစုစာအုပ်လေး

အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ်
လက်ဆောင်ပေး လိုက်ပါတယ်။ အဲဒီ စာအုပ်က ငွေကြေးစုဖို့ မဟုတ်ပါဘူး။
ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။
ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

ကျွန်မ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာလက်ဖွဲ့အဖြင့် ငွေစုစာအုပ် တစ်အုပ်ကို
အမေက လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကို
ဖွင့်ကြည့်တော့ စုထားတဲ့ငွေက ကျပ် ၁ဝဝဝ ပဲ ရှိတယ်။ မျှော်လင့်ချက်မဲ့တဲ့
မျက်လုံးနဲ့ အမေကို ကျွန်မကြည့်မိတော့ အမေက ပြုံးရင်း "သမီး... ဒါ
သမီးအတွက် အမေအထူးလုပ်ထားတဲ့ "မင်္ဂလာစု" စာအုပ်လေးပါ။ နောင်နောက်
အမှတ်တရဖြစ်စေတဲ့ နေ့မျိုးမှာ ဒီစာအုပ်ထဲ ငွေအနည်းအများမဆို စုနိုင်တယ်။
ဒါမှ နောက်အိုမင်းလာတဲ့အခါ ဒီစာအုပ်ထဲမှာ ငွေတွေအပြင်
ပျော်ရွှင်ခြင်းတွေပါ ရှိနေလိမ့်မယ်"

အမေပြောတဲ့ စကားကို ကျွန်မ အမှတ်တမဲ့ပဲ ထားလိုက်မိတယ်။ ကျွန်မ အမျိုးသားက
အဲဒီစကားကို ခေါင်းတညိတ်ညိတ်နဲ့ မှတ်သားနေခဲ့တယ်။

အသက် (၂၇) နှစ်အရွယ် ရောက်ရင် သရုပ်ဆောင် မလုပ်တော့ဘူး ဆိုတဲ့ ဖွေးဖွေး


မျိုးဆက်သစ်သရုပ်ဆောင်လောကမှာ ကိုယ့်ရဲ့ မျက်နှာပြင်အလှအပအတွက် ကိုယ့်ဘာသာ မိတ်ကပ် ဖန်တီး လိမ်းခြယ်လေ့ ရှိတဲ့ သရုပ်ဆောင် ဖွေးဖွေးဟာ (၂၀၀၉) ခုနှစ်ကစပြီး MTV များ၊ မျက်နှာဖုံးဓာတ်ပုံများ၊ TV ကြေငြာများ ရိုက်ကူးရင်း ကြော်ငြာမော်ဒယ် တစ်ဦးအဖြစ် လှုပ်ရှားခဲ့ပြီး အခုဆိုရင် ဗီဒီယို(၉) ကားနဲ့ ကားကြီး (၂) ကား ရိုက်ကူးပြီးခဲ့ပြီ ဖြစ်ပါတယ်။

အခု လက်ရှိအချိန်မှာ ဒါရိုက်တာ ဝိုင်းရိုက်ကူးပြီး ပြေတီဦး၊ သူရလင်းတို့နဲ့အတူ Heart Beat ဗီဒီယိုဇာတ်ကားကို ပုံဖော်နေပြီး၊ ဂီတပိုင်းမှာလည်း တစ်ကိုယ်တော် Rock တေးစီးရီးလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ အခုလို သရုပ်ဆောင်ပိုင်းကို ဇောက်ချလုပ်ကိုင်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ပြီ ထင်ပေမယ့် ကားထွက်လာမှ အားမရတာတွေ ရှိနေတဲ့ အတွက် ထပ်ပြီး ကြိုးစားနေသေးတယ်လို့ ဆိုလာတဲ့ ဖွေးဖွေးဟာ (Directing) ရိုက်ကူးရေး အပိုင်းမှာလည်း ဝါသနာပါတယ်လို့ ဆိုပါတယ်။

လူငယ်တစ်ဦးရဲ့ စွမ်းဆောင်ရည်တွေကို ဝါရင့်အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး အမီ လုပ်ပြနိုင်တဲ့ အနာဂတ်မှာ တောက်ပလာမယ့် သရုပ်ဆောင်ဖွေးဖွေးကို အနုပညာ လောကထဲမှာ ရှေ့ဆက်ဖြတ်သန်းသွားမယ့် ပုံစံကို မေးတဲ့အခါ “ဖွေးဖွေးက ဂီတရော သရုပ်ဆောင်ရော နှစ်ခုလုံးကို ငယ်ငယ်ကတည်းက ဝါသနာပါတဲ့အတွက် နှစ်ခုလုံးကို ရွေးချယ်မယ်။

ငယ်ငယ်ကတည်းက လုပ်ခွင့်မရခဲ့ဘူးလေ။ အခုအချိန်အခါအရ လုပ်ခွင့်ရပေမယ့် ဖွေးဖွေး ဆုံးဖြတ်ထားတာက အသက်ကြီးတဲ့အချိန်ထိ မလုပ်ချင်ဘူး။ ဝါသနာကတော့ ရှိနေမှာပေါ့။ ဒါပေမယ့် မလုပ်ဖြစ်နိုင်ဘူး။ ဖွေးဖွေး အသက် (၂၇) လောက်ဆို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ သရုပ်ဆောင်မလုပ်ဖြစ်ပေမယ့် ဒီလောကနဲ့တော့ ကင်းမှာ မဟုတ်ဘူးလေ။

ဥပမာ Producer တစ်ယောက်တည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ သရုပ်ဆောင်တော့ မလုပ်တော့ဘူး။ အသက်ကြီးပြီလို့ ထင်လို့ပါ” လို့ဆိုပါတယ်။ အနုပညာလောကထဲမှာ ဖူးပွင့်စ သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ အားလုံးက လက်ခံထားတဲ့ ဖွေးဖွေးဟာ Celebrity တစ်ယောက်အနေနဲ့ စိတ်အညစ်ရဆုံးအချိန်က “အထင်လွဲခံရခြင်း ပေါ့။ ကိုယ်က အနုပညာရှင်ဖြစ်ပေမယ့် ကျောင်းပြီးတာနဲ့ ဒီလောကထဲ တန်းဝင်ခဲ့တာဆိုတော့ လူမှုဆက်ဆံရေးပိုင်း သိပ်မကျွမ်းကျင်တာ ရှိပေမယ်။

တကယ်တမ်းတော့ လူကြီးလိုနေရတာပေါ့။ လိုက်လျောညီထွေနေရတာပေါ့နော်။ ဥပမာ ကိုယ်က စိတ်ထဲမှာ ဘာမှ မရှိဘဲ ခပ်တည်တည်နေမိတဲ့အချိန် တခြားသူတွေက ဒီကောင်မလေးက ဘဝင်မြင့်တယ်။ Respect (ရိုသေမှု) မရှိဘူးပေါ့။ အဲဒီလို အထင်လွဲ ခံရဖူးတယ်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံ အရမ်းသတိထားရတယ်။ ငါဘယ်လို ဖြစ်သွားမလဲ ဆိုတဲ့စိတ်နဲ့ စိတ်ပူနေရတယ်” လို့ ဖြေကြားခဲ့ပါတယ်။

Saturday, September 25, 2010

လူ့ဘ၀၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

၁ ။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော လေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက်
ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်
ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

fwd: mail တခုမှဖော်ပြသည်။

Thursday, September 9, 2010

သားဦးလေးနဲ့အတူအဆိုတော်ဟဲလေး


အဆိုတော် ဟဲလေးအတွက် ဇနီး မမြတ်သီရိလင်းက သားဦးလေး "We We" ကို ဇွန်လ (၁၅) ရက်နေ့က ရန်ကုန်၊ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားပေးခဲ့ပါတယ်။ သားဦးလေး မွေးတဲ့နေ့မှာဘဲ မလေးရှား ပြည်ပဖျော်ဖြေပွဲ အတွက် လာငှားကြတာကြောင့် လာဘ်ကောင်းတဲ့ သားလေးလို့ ဟဲလေးက ဆိုပါတယ်။

Sunday, September 5, 2010

ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသားများ စာရင်းကို သွေးစုပ် ဖုတ်ကောင်များ စိုးမိုးနေ




ယူကေတွင် အချမ်းသာဆုံးလူ စာရင်းဝင်ဖြစ်သလို Forbes ၏ ကမ္ဘာ့ အထင်ရှားဆုံး ကျော်ကြားသူ စာရင်းလည်း ဝင်ခဲ့သော “Twilight” သွေးစုပ်ဖုတ်ကောင် ဇတ်ကားမှ သရုပ်ဆောင် ရောဘတ် ပတ်တင်ဆန်သည် ယခုအခါ ဗြိတိသျှ ဖက်ရှင် မဂ္ဂဇင်း “Glamour” က မဲပေး ရွေးချယ်သော “World’s Sexiest Man” စာရင်းတွင်လည်း ၂ နှစ် ဆက်တိုက် ထိပ်ဆုံး ရောက်လျက်ရှိသည်။

ရောဘတ် ပတ်တင်ဆန် ၏ နောက်တွင် “Twilight” ဇတ်ကားမှပင် သမန်းဝံပုလွေ “Jacob Black” အဖြစ် သရုပ်ဆောင်သည့် တေလာ လော့ဒ်နာသည် ဒုတိယနေရာ လိုက်လျက်ရှိသည်။

ယခုနှစ်ပိုင်းတွင် “Twilight” ဇတ်ကားများ၏ အောင်မြင်မှု နှင့် အတူ အခြား သွေးစုပ်ဖုတ်ကောင် ဇတ်ကားများသည်လည်း လူကြိုက်များလာရာ ထိပ်ဆုံး ၅ ဦးတွင် ကျန် ၃ နေရာသည်လည်း “Twilight” ရုပ်ရှင်ဇတ်လမ်းတွဲ နှင့် အခြား သွေးစုပ်ဖုတ်ကောင် ဇတ်ကား “The Vampire Dairies” မှ မင်းသား ၃ ဦးက နေရာယူလျက်ရှိသည်။

ပင်လယ်ဓါးပြ ကပ္ပတိန် ဂျက်စပဲရိုးအဖြစ် သရုပ်ဆောင်သော မင်းသား ဂျွန်နီဒိပ့်သည် ပြီးခဲ့သောနှစ်က ဒုတိယနေရာမှ ယခုနှစ်တွင် နံပါတ် ၆ နေရာ သို့ ရောက်ရှိသွားသည်။ ထို့ပြင် ဟောလိဝုဒ် အကျော်အမော် ဘရက်ပစ် သည် ၃၃ နေရာသို့လည်းကောင်း ဒေးဗစ်ဘက်ခမ်းသည် ၂၁ နေရာသို့လည်းကောင်း လျှောကျသွားခဲ့သည်။

သရုပ်ဆောင် မင်းသားကြီး ဂျောဒ့်ကလူနီး သည်လည်း နံပါတ် ၇ မှ နံပါတ် ၃၅ သို့ ကျသွားသလို နာမည်ကျော်များ ဖြစ်သော မင်းသား ဂျူဒ့်လော နှင့် လီယိုနာဒို ဒီကက်ပရီယို တို့သည်လည်း ထိပ်ဆုံး ၅၀ ဦးစာရင်းမှ ထွက်သွားပြီဖြစ်သည်။

၂၀၁၀ အတွက် Glamour.com မှ ရွေးချယ်သည့် ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား ၅၀ စာရင်းမှ ထိပ်ဆုံး ၁၀ ဦးကိုဘော်ဘော်တွေအတွက် ကော်နှုတ် ဖော်ပြလိုက်ပါသည်။

နံပါတ် 10 Channing Tatum

အသက်- 30

http://patheincity.com/news//HLIC/f4a8e67fc498ac48e0be135cf9ae2aa2.jpg

နံပါတ် 9 Hayden Christensen

အသက်- 29

http://patheincity.com/news//HLIC/f74af6904405b83c20cc633e9bd1901f.jpg

Thursday, September 2, 2010

လူငယ်နှင့် အကောင်းဆုံးသောဘ၀ကိုတည်ဆောက်ခြင်း....

တစ်ခါက အမျိုးသမီးငယ်လေး တစ်ယောက် က သူ့အမေဆီကို သွားပြီး ငိုပြတယ်...သူမရဲ့ဘ၀ဟာ ဆင်းရဲခက်ခဲတဲ့ အကြောင်းတွေကို ပြောပြတာပေါ့..သူမဟာ ဘ၀ခရီးရဲ့ ခက်ခဲပင်ပန်းကြမ်းတမ်းမှုတွေနဲ့ ဘယ်လိုခရီးဆက်ရမှာလဲ
သူမရဲ့ ဘ၀ကို ဒီနေရာကနေ အရှုံးပေးချင်လာပြီလို့ ညည်းညူမိတယ်``ကြည့်လေ အမေရယ်။ ဘ၀မှာ ပြဿနာတွေ အများကြီး။ ဒီတစ်ခု ပြေလည်သွားရင် နောက်တစ်ခု လာပြန်လေရော။
ဆုံးကို မဆုံးနိုင်တော့ဘူး´´အမေဟာ ၀မ်းနည်းကြေကွဲနေတဲ့ သမီးကို မီးဖိုထဲကို ခေါ်သွားတယ်
ပြီးတော့ အိုးသုံးလုံးမှာ ရေထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ်..
ကံအားလျော်စွာပဲ သူတို့အိမ်မှာ မီးဖို(၃)ခု အဆင်သင့်ရှိနေတယ်
အိုးတွေဆူလာတဲ့အချိန်မှာ ပထမအိုးထဲကို မုံလာဥ၀ါတစ်လုံး ထည့်လိုက်တယ်..
ဒုတိယအိုးထဲကျတော့ ကြက်ဥတစ်လုံး ထည့်တယ်..နောက်ဆုံးအိုးထဲကျတော့ အမှုန့်ကြိတ်ထားတဲ့ ကော်ဖီစေ့တွေ ထည့်သတဲ့...
အမေဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးသုံးလုံးစလုံး ဆူနေတာကို စောင့်ကြည့်နေတယ်
မိနစ် (၂၀)လောက်ကြာတော့ သူမဟာ မီးဖိုမီးတွေကို ငြိမ်းသတ်လိုက်တယ်..ပထမ သူမဟာ မုံလာဥ၀ါကို ဆယ်ပြီး ပန်းကန်တစ်ခုမှာ ထည့်လိုက်တယ်..နောက်ကြက်ဥကို ဆယ်ပြီး ပန်းကန်တစ်ခုမှာထည့်ပြန်တယ်...ပြီးတော့ ကော်ဖီကို ခွက်ရှည်တစ်ခုထဲ ငှဲ့ထည့်လိုက်တယ်အမေဟာ သမီးဘက်ကိုလှည့်ပြီး မေးခွန်းထုတ်လိုက်တယ်..
``ငါ့ကိုပြောစမ်း နင်ဟာ ဘာလဲ....´´
``မုံလာဥ၀ါလား၊ ကြက်ဥလား၊ ကော်ဖီလား´´
အမေဟာ သမီးရှိရာကို မုံလာဥ၀ါယူလားပြီး စမ်းခိုင်းတယ်..
သူမစမ်းကြည့်လိုက်တယ်
``အင်း ပျော့ပျော့လေးပဲ´´
နောက်အမေက ``သမီးရေ ကြက်ဥကိုယူပြီး အခွံခွာလိုက်ပါ ´´ လို့ ပြောတယ်...
သမီးဟာ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥမာနေတာကိုတွေ့ရတယ်...
နောက်ဆုံးမှာ အမေဟာ သမီးကို ကော်ဖီတစ်ငုံလောက် မြည်းကြည့်ဖို့ ပြောတယ်...
သမီးဟာ မွှေးကြိုင်ပြီး အရသာရှိတဲ့ ကော်ဖီကို တစ်ငုံလောက် သောက်မိတဲ့အခါ ကျေနပ်ပြီး ပြုံးလိုက်တယ်...
ပြီးတော့ အမေ့ကိုမေးတယ်..
``အမေ ဘာကိုဆိုလိုတာလဲ´´
အမေက ရှင်းပြတယ်...
``သမီးတွေ့တယ် မဟုတ်လား။ ဒီပစ္စည်းသုံးခုလုံးဟာ ကံကြမ္မာယိုယွင်းလို့ မီးအပူနဲ့ ဆူစေတဲ့ရေထဲကို ကျရောက်ခဲ့တယ် မဟုတ်လား...
သို့သော် တစ်မျိုးစီဟာ မတူညီတဲ့ တုန့်ပြန်မှုတွေ ပေးခဲ့ကြတယ်။
တကယ်တော့ မုံလာဥ၀ါဆိုတာ မူလက မာကျောကျောနဲ့ ချိုးဖဲ့ရ ခက်တာပဲ...
ဒါပေမယ့် ရေနဲ့ပြုတ်လိုက်တော့ နူးညံ့ပျော့ပျောင်းသွားတယ်၊ အလွယ်တကူ ဖဲ့ထုတ်ယူလို့ရတယ်။
ကြက်ဥဆိုတာ အထိမခံ ရွှေပန်းကန်လေ၊ အပြင်က အခွံပါးပါးခပ်မာမာလေးက အထဲက အရည်တွေကို ကာကွယ်ထားတာပဲပေါ့...
သို့သော် ရေနွေးထဲကို ရောက်လို့ ခပ်ကြာကြာလေး ထားလိုက်လို့ အထဲမှာ မာကျောလာတော့တာပဲ။ ကြာကြာဆူလေ မာလေပဲပေါ့....
ကော်ဖီစေ့တွေက ထူးကိုထူးခြားတယ်...
သူတို့ကို ဆူအောင်ပူအောင်လုပ်တဲ့ရေကို သူတို့ပြောင်းလဲသွားစေတယ်...
ဒီလိုပြောပြီး သူမဟာ သမီးကို မေးလိုက်တယ်.....
``သမီးဟာ ဘယ်လိုအမျိုးအစားလဲ´´
``တကယ်လို့ ဆိုးဝါးတဲ့အဖြစ်တွေ သမီးရဲ့အိမ်တံခါးကို လာခေါက်ရင် သမီးဘယ်လိုတုန့်ပြန်မလဲ။
မုံလာဥ၀ါလိုလား.....
ကြက်ဥလိုလား.....
ဒါမှမဟုတ် .....ကော်ဖီစေ့လိုလား........
သမီးဘယ်လိုလူမျိုးလဲ....
စဉ်းစားကြည့်ပါ....
တကယ်လို့ သမီးဟာ မုံလာဥ၀ါ လိုဖြစ်နေတယ်ဆိုရင် မူလက ခပ်မာမာပဲ..
သို့သော် တွန်းတိုက်ခံရတဲ့အခါ ခွန်အားချည့်နဲ့သွားကာ အသုံးမကျ ဖြစ်သွားမှာလား ?
သမီးဟာ ကြက်ဥလိုလား။ အစပိုင်းမှာတော့ အတွင်းမှာ ပျော့ပျော့လေး။ နူးညံ့တဲ့ နှလုံးသားရှိတာပေါ့....
သို့သော်အခက်အခဲတွေကြုံရတဲ့အခါ မာကျောလာတယ်လေ... အပြင်ကကြည့်ရင်တော့ အတူတူပါပဲ...
သို့သော် အတွင်းမှာ ခါးသီးနာကျည်းမာကျောနေတာမျိုးပေါ့...မာကျောတဲ့ နှလုံးသားပိုင်ရှင် ဖြစ်လာတယ်...
ဒါမှမဟုတ် သမီးဟာ ကော်ဖီစေ့တွေလား....
ကော်ဖီစေ့တွေဟာ ရေနွေးကို ပြောင်းလဲပစ်နိုင်စွမ်းရှိတယ်...တကယ်တော့ ဒီလိုအခြေအနေမှာ ပူလောင်ခြင်း ပြင်းစွာခံစားနေရမှာပဲ မဟုတ်လား.....
ဒါပေမယ့် ရေကပူလာလေလေ သူက အမွှေးအကြိုင်တွေ(အနံ့)အရသာတွေ ထုတ်လွှတ်
လေလေပါပဲ... သမီးဟာ ကော်ဖီစေ့တွေလိုသာဆိုရင် အခက်အခဲတွေ တွေ့လေလေ ပတ်ဝန်းကျင်ကို ပိုပြီး ကောင်းမွန်တဲ့အခြေအနေကိုရောက်အောင် တွန်းပို့လေလေပါပဲ.....
မှောင်မိုက်တဲ့အချိန်ရောက်လေလေ လမ်းပြဟာ အရေးကြီးလေပါပဲ
အခက်အခဲတွေကြုံလာတဲ့အခါ သမီးဘယ်လိုရင်ဆိုင်မလဲ။ သမီးဟာ
``မုံလာဥ၀ါလား၊ ကြက်ဥလား၊ ဒါမှမဟုတ် ကော်ဖီစေ့လား´´


ဒီဆောင်းပါးလေးကို ဆရာ ဒေါက်တာခင်မောင်ညို ရေးသားတဲ့
`` လူငယ်နှင့် အကောင်းဆုံးသောဘ၀ကိုတည်ဆောက်ခြင်း' ' စာအုပ်မှပြန်ပြီးဝေငှပေးလိုက်ပါတယ်............

Tuesday, August 31, 2010

ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ


ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ


ပဲခူးမြို့ လည်တွင် ရေကြီးသဖြင့် ပြည်သူများ ခရီးသွားလာရေး တွင် အခက်အခဲ ကြုံတွေ့ နေရစဉ်

နေအိမ်များ ရေနစ်မြုပ်သဖြင့် အိုးအိမ်များ ပျက်စီးခဲ့ရသူများ ကို ဘုန်းတော်ကြီးများ က ကျောင်းတိုက် များ တွင် ခေတ္တပြန်လည် နေရာချထား ပေးရသည်။

လူ​တစ်ဦး​၏​ အ​ဆုတ်​အ​တွင်း​ ​ပဲ​ပင်​တစ်​ပင်​ ​ရောက်​ရှိ​နေ

2vsjb6d.jpg


အသက် ၇၅ နှစ်အရွယ် လူတစ်ဦး၏ အဆုတ်အတွင်း ကင်ဆာကြိတ်တစ်ခု ရှိနေကြောင်း
ဆရာဝန်များက သံသယ ဖြစ်နေခဲ့ရာ နောက်ပိုင်းတွင် ထိုအရာသည် အကြိတ်မဟုတ်
ဘဲ
ပဲပင်တစ်ပင် ဖြစ်နေသည်ကို ထူးဆန်း အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
မိမိ၏ သွေးဖိအား အလွန်ကျဆင်းပြီး သွေးအတွင်း အောက်စီဂျင် ပါဝင်မှုလည်း

ဆိုးဆိုးရွားရွား ကျဆင်း ခဲ့ကြောင်း အသက် ၇၅ နှစ်ရှိ ရွန်ဆဗန်ဒါကပြောကြားခဲ့သည်။

အမေရိကန်​ နိုင်ငံ မက်ဆာ​ ချူးဆက်တွင် နေထိုင်သည့်
ရွန်သည် ဓာတ်မှန်ရိုက် စစ်ဆေးမှုများ​ အရ အဆုတ်မှ ထွက်လာသည့် လေပြွန်တွင်
ပိတ်ဆို့မှုများ ဖြစ်နေကြောင်း ဆရာဝန်များက တွေ့ရှိခဲ့သည်။ ကိပ်ကော့ဆေးရုံမှ
ဆရာဝန်များသည် အဆိုပါ ပိတ်ဆို့နေသည့် အစိုင်အခဲမှ အစအနကို နမူနာယူကာ
ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ကြသည်။ ထို့နောက်တွင်တော့ ယင်းသည်
ကင်ဆာကြိတ်တစ်ခု မဟုတ်ဘဲ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတွင် အမြစ်တွယ်နေသည့်
ပဲပင်တစ်ပင်သာဖြစ်ကြောင်း ဆရာဝန်များက ရွန်အား ပြောပြခဲ့သည်။

ဖြစ်နိုင်သည်မှာ ရွန်စားလိုက်သည့် ပဲစေ့တစ်စေ့သည် အစာပြွန်မှ လမ်းကြောင်းမှားကာ
အဆုတ်အတွင်း ရောက်သွားခြင်း ဖြစ်နိုင်သည်ဟု သိရသည်။ ထို့နောက်တွင်တော့
ခွဲစိတ်ဆရာဝန်များသည် ရွန်၏ ကိုယ်အတွင်းမှ ပဲပင်အား ခွဲစိတ်ပြီး
ဖယ်ရှားပေးလိုက်ကြောင်း သိရှိရသည်။

Monday, August 30, 2010

လူငယ်များတွင်ပါ ဖြစ်ပွားတတ်လာသည့် သတိပြုရမည့်သွေးတိုးရောဂါ

သွေးတိုးခြင်းဟူသည့် ခန္ဓာကိုယ်တွင်း ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် ရောဂါခံစားချက်တစ်ခုအား ယခုနှစ်ပိုင်းများတွင် လူကြီးများတွင်သာမက လူငယ်များ၏ ပါးစပ်ဖျားတွင်လည်း မကြာခဏ ပြောပြောနေကြသည်ကို တွေ့လာရသည်။ သွေးတိုးခြင်းသည် ယခင်က လူကြီးများတွင်သာ ဖြစ်လေ့ရှိသည့် ရောဂါတစ်ခုဖြစ်သော်လည်း ယနေ့ခေတ်လူနေမှုပုံစံများကြောင့် ယခင်က ဖြစ်လေ့မရှိသည့် လူငယ်များတွင်ပါ အဆိုပါရောဂါ ခံစားလာကြရသည်။ ကလေးငယ်များတွင်လည်း ငယ်စဉ်ကပင် မသင့်သောအစားအစာများ စားသုံးခြင်း၊ တတ်နိုင်သည့် မိသားစုများက မိမိတို့၏ ကလေးများအား အလိုလိုက်၍ အများအပြားစားစေခြင်းကြောင့် ကလေးငယ်များသည် ငယ်စဉ်ကပင် အဆီဓာတ်များ ရှိနေလေ့ရှိကြပြီး အ၀လွန်နေလေ့ရှိကြသည်။ ထို့အပြင် ကလေးများတွင် ကျောင်းစာအတွက်ရော ပြင်ပ ဗဟုသုတများအတွက် ကျူရှင်များ တစ်ခုပြီးတစ်ခု တက်ရခြင်း၊ သင်တန်းများ တစ်ခုပြီးတစ်ခု တက်နေရခြင်းကြောင့် ကိုယ်လက်လှုပ်ရှားချိန် နည်းပါးလာခြင်း စသည့် အချက်အလက်များသည်လည်း ငယ်ရွယ်သူများအတွက် သွေးတိုးစေခြင်း၏ အကြောင်းအချက်များတွင် ပါဝင်ကြောင်းသိရသည်။ “လိုက်ဖ်စတိုင်တွေကြောင့် လူငယ်တွေပါ သွေးတိုးတတ်လာတယ်၊ ပိုက်ဆံတတ်နိုင်သူတွေက ကလေးတွေကို များများကျွေးတော့ ငယ်ငယ်ကတည်းက ၀လာမယ်၊ အစားအစာတွေကလည်း အခုခေတ်မှာ အစုံရှိတယ်လေ၊ တီဗီတွေကလည်း ကြော်ငြာတော့ ကျန်းမာရေးနဲ့ မသင့်တာတွေ စားကြတယ်” ဟု Keen Cie Health Care Service မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကျော်မင်းက ပြောသည်။ “ငယ်ငယ်ကတည်းက ကျန်းမာရေးနဲ့ မသင့်တာတွေစားတော့ ငယ်ငယ်ကတည်းက အဆီဓာတ် တွေများပြီး ၀လာတယ်။ ပြီးတော့ ကလေးတွေမှာ ကျူရှင်တွေ တစ်ခုပြီးတစ်ခုတက်ရတော့ စိတ်ဖိစီးမှု ပိုများလာတယ်။ အချင်းချင်း ဆော့ကစားရတဲ့အချိန်နည်းတော့ ကိုယ်လက်လှုပ်ရှားဖို့ အချိန်လည်း နည်းလာကြတယ်” ဟု ဒေါက်တာကျော်မင်းက ဆက်လက်ပြောကြားသည်။ သွေးတိုးခြင်းသည် Essential Hypertension နှင့် Secondary Hypertension ဟူ၍ရှိပြီး ပထမတစ်မျိုးတွင် သွေးတိုးရခြင်း၏ အဓိကအကြောင်းအရင်းကို တိတိကျကျရှာမရဘဲ ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များနှင့်သာ ကောက်ချက်ချနိုင်ကြောင်း သိရသည်။

GSM နှင့် CDMA ဖုန်းလိုင်းများတွင် အင်တာနက်သုံးစွဲနိုင်တော့မည်

ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများတွင် ဒေတာဖြတ်သန်းစီးဆင်းပြီး အင်တာနက်သုံးစွဲနိုင်ရန် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စမ်းသပ်လျက်ရှိရာ စမ်းသပ်မှုအောင်မြင်ပါက အများပြည်သူသို့ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ "ငါးသိန်းတန်ဖုန်းလိုင်း၊ ၁၅ သိန်းတန်ဖုန်းလိုင်းရယ်လို့ မဟုတ်ဘူး။ စမ်းသပ်မှုအခြေအနေ ကောင်းမွန်တဲ့လိုင်းကို အရင်ပေးသုံးသွားမှာပါ။ ဂျီအက်စ်အမ်လိုင်းတွေရော၊ စီဒီအမ်အေလိုင်းတွေရောပါတယ်။ Data ဖြတ်သန်းနိုင်မှုကို စမ်းသုံးနေတယ်။ ဘယ်ဖုန်းလိုင်းမှာရမယ်၊ ဘယ်တော့လောက်ရမယ်ဆိုတာတော့ မသိသေးဘူး" ဟု၎င်းကပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးစွဲခြင်းကို EVDO နည်းပညာအပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အသံနှင့် ဒေတာ နှစ်မျိုးလုံးကို ဖုန်းလိုင်းပေါ်မှတဆင့် သယ်ဆောင်အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါဝန်ဆောင်မှုကိုရရှိရန် မည်ကဲ့သို့လျှောက်ထားရမည်နှင့် မည်မျှကုန်ကျမည်ဆိုသည့် အချက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခြင်းနှင့်ပတ်သက်၍ လူကြီးမင်းဖုန်းဆိုင်မန်နေဂျာ ဦးကိုကိုအောင်က "အခု မိုဘိုင်းဖုန်းတွေမှာ အင်တာနက်သုံးနိုင်တယ်ဆိုတာက ဖုန်းလိုင်းပေါ်ကနေ မဟုတ်ပါဘူး။ ၀ိုင်ဖိုင်သုံးတဲ့နေရာမျိုးတွေမှာ ၀ိုင်ဖိုင်ဖမ်းယူနိုင်တဲ့ လက်ကိုင်ဖုန်းတွေကတဆင့် အသုံးပြုနေကြတဲ့သဘောပါ။ ဒါပေမယ့်လည်း ကွန်နက်ရှင်က အရမ်းနှေးပါတယ်" ဟုပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းပေါ်မှတဆင့် အင်တာနက်သုံးစွဲနိုင်ပါက e-Commerce စနစ် ပေါ်ပေါက်လာမှုအတွက် ကောင်းမွန်သော အဆင့်တစ်ခုဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြု၍ အွန်လိုင်းမှတဆင့် ကုန်သွယ်မှုများကို ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်

Sunday, August 29, 2010

ပေါင် ၃၀၀ ကျော်လေးသည် ထူးထူးဆန်းဆန်းကျားလိမ္မာကြီး


What's up pussycat? Goosey Fernandes feeds 19-month old Bengal tiger Panjo, who has become part of the family after being adopted at just three weeks
ချိုချိုစို့ မယ် အမောင်ကျား...
What's up pussycat? Goosey Fernandes feeds 19-month old Bengal tiger Panjo, who has become part of the family after being adopted at just three
weeks

ဆိုဖာခုံပေါ်မှာ ကွေးကွေးလေးနေပြီး သခင်ဖြစ်သူရဲ့ လက်ကိုနှာခေါင်းဖြင့် ဝှေ့ လို့ တစ်မျိုးတစ်အိမ်ထဲနေအ
ပေါင်းအသင်း ခွေးတွေကိုစလို့ တစ်ဖုံနဲ့ ပန်ဂျို ဟာတစ်ကယ့် အိမ်မွေးကြောင်တစ်ကောင်နဲ့ မခြားပါပဲ...
ဒါပေမယ့် သူကတော့ အလေးချိန် ၁၄၆ ကီလို ( ပေါင် ၃၀၀ ကျော် ) ရှိတဲ့ ဘင်္ဂလားကျားတစ်ကောင်ဖြစ်နေ
ပါတယ်...

ဘင်္ဂလားကျားတွေဟာ သဘာဝအတိုင်းတောထဲမှာဆိုယင်တော့ ဘယ်တိရိစ္ဆာန်ကိုမှ မကြောက်တဲ့ သားရိုင်း
တောမုဆိုးတွေဖြစ်ပေမယ့် ကျားကြီးပန်ဂျို ကတော့ သူ့ ကိုမွေးစားထားတဲ့ သခင်ဖြစ်သူ ဂူဆေးဖာနန်ဒက်စ်
နဲ့ မိသားစုဝင်တွေနှင့် အတူ တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့ ကနေအိမ်မှာ ကစားနေရတာကို ပိုပြီး
နှစ်သက်နေပါတယ်...
ပန်ဂျိုကို ၎င်းအသက် ၃ပါတ်သားအရွယ်မှာ သူ့ မိခင်ကျားမကြီးကစွန့် ပစ်သွားလို့ သေလုမြောပါးဖြစ်နေချိန်
မှာ ကောက်ယူကာ ပြုစုယုယမွေးမြူထားခဲ့ တာဖြစ်ပါတယ်...

ဖာနန်ဒက်စ် ဟာပိန်ချူံးချိနဲ့ နေတဲ့ ကျားကလေးပန်ဂျို ကိုချက်ချင်းပဲ အိမ်ကိုသယ်ဆောင်လာပြီး ကိုယ်တိုင်
ပဲပြုစုစောင့် ရှောက်ကျွေးမွေးခဲ့ လို့ အခု ၁၉ လသားအရွယ်မှာတော့ သန်မာထွားကျိုင်းလာပါပြီ...
ပန်ဂျိုကိုအိမ်ထဲမှာလှည့် ပါတ်သွားလာနေတာ၊ သူ့ သခင်တွေနဲ့ တိုးဝှေ့ ပွတ်သပ်ကျီစယ်နေတာ၊ မီးဖိုချောင်
ခုံတန်းလျားပေါ်ကိုခုန်တက်ပြီး ဖာနန်ဒက်စ်ရဲ့ ခွေးတွေဖြစ်တဲ့  မီလိုနဲ့ စကိုင်း တို့ နဲ့ ကစားနေတာကို ပုံမှန်
တွေ့ မြင်ရမှာဖြစ်ပါတယ်...
လူ၊ ကျား၊ ခွေး သုံးယောက်တို့ ရဲ့ လူနှင့် တိရိစ္ဆာန်ကြားကချစ်ခင်မှုသံယောဇဉ်ကတော့ အခိုင်မြဲဆုံးပါပဲ...
Right at home: Panjo leaps up onto the kitchen bench as he waits to be fed
ဆာရင်စား၊ မောယင်နား... တို့ အတွက်တော့ မင်းဟာ သား...
Right at home: Panjo leaps up onto the kitchen bench as he waits to be fed

Saturday, August 28, 2010

အိမ်ရှင်မစက်ရုပ်ကလေး



အသက်က (၂၀)၀န်းကျင်မျှသာ ရှိဦးမည်။ မျက်နှာလေးက ချောမောပြီး ခန္ဓာကိုယ် အချိုးအစားက (၃၂-၂၃-၃၃)။ နောက်ပြီးတော့ အိမ်မှုကိစ္စ အ၀၀ကိုလည်း တာဝန်ယူထားသေးသည်။ ခင်ပွန်းအပေါ်မှာလည်း အပြုစု၊ အယုယကောင်းသည်။ ထိုသို့သော မိန်းကလေးမျိုး ခေတ်သစ် တော်လေး၀၀င်အဖြစ် ဂုဏ်တင် ခိုင်းနှိုင်းပါက လွန်အံ့မထင်ပါ။ သို့သော်လည်း ထိုမိန်းမချောလေး အေကို(Aiko)သည် လူသားစင်စစ် မဟုတ်ခြင်းကတော့ နှမျောစရာ ကောင်းလှပါသည်။ သူမသည် စက်ရုပ်လေး တစ်ရုပ်ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ လီတရွန်က သူမအား နှစ်နှစ်ကြာမျှ အချိန်ယူပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။

Thursday, August 26, 2010

ဆေးလိပ်ဖြတ်လိုပါသလား ???

ဆေးလိပ်ဖြတ်လိုပါသလား
သင့်ထံတွင် ဤအရာများရှိနေလျှင် ဆေးလိပ်ဖြတ်ရ မခက်ပါ။
ဆေးလိပ်ဖြတ်ရန်အတွက် လိုအပ်သောအရာများ မှတ်သားဘူးတာကိုဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုက်ပါတယ်....


၁။ဖွင့်ထားသောစိတ်
Open Minded ဖြစ်ရန်အရေးကြီးပါသည်။ လူတိုင်း တွင်ငုတ်နေသော မာန အခံစိတ် ကလေးများ ရှိနေတတ်ပါသည်။ ကောင်းစေလို၍ ပြောဆိုသော စကား သည် မည်သူပြောပြော ကောင်းစေလို၍ သာ ဖြစ်သော်လည်း သူ က ဘာမို့လဲ ၊ ငါက ဘာလို့ သူပြောတိုင်းလိုက်လုပ် ရမှာလဲ ဟု အရွဲ့တိုက်လိုသော စိတ်များ ၀င် တတ်ပါသည်။ထို့အပြင် လူ အတော်များများ သည် သူများပြောမှ လိုက်လုပ်ရသည် ကို ရှက်ရွံ့ စိတ်ဝင်တတ်ကြပါသည်။
ပထမဦးဆုံး စ၍ စဉ်းစားသင့်သည်မှာ ဤဆေးလိပ်ကိုဖြတ်၍ ကိုယ့်ဘ၀ အတွက် ဘာပိုထူး လာမလဲ ဟု လေးလေးနက်နက် မလိမ်မညာစတမ်း မေး ဖြေ လုပ်ကြည့်ပါ။ ဆေးလိပ် ၏ ဆိုးကျိုးသည် တွေးတောကြည့်မှ မှန်းဆ ရနိုင်သော အရာ မဟုတ်ပါ။ကိုယ်တိုင် မြင်နေရပါမည်၊ကြားနေရပါမည်၊ခံစားနေရပါ မည်။ သိပ္ပံနည်းကျ စနစ်တကျ လေ့လာထားသော စမ်းသပ်ချက်ရလဒ် တွေလည်း ရှိနေပါပြီ ။
ဆေးလိပ်၏ဆိုးကျိုးများစွာအနက် မိမိမှလွဲ၍ အခြားသူများ ကို ထိခိုက် စေနိုင်သော အချက် များကို ရှောင်ရှား၍ ရချင်ရပါလိမ့်မည်။သို့ရာတွင် သောက်သုံး သော မိမိကိုယ်တိုင် ၏ ကျန်းမာရေးဆိုးကျိုးများကို တော့ မလွဲအသွေ ရင်ဆိုင် ရပါလိမ့် မည်။ကိုယ့် ဘာသာ ကိုယ် သောက် တာ ဘာဖြစ်လဲ၊ ပတ်ဝန်းကျင် နှင့် အခြားသူ တစ်ဦး တစ်ယောက် ကိုမျှ ဒုက္ခ မဖြစ်စေရင် ပြီးတာပဲ ဟု ဆိုသူများ စဉ်းစားသင့်ပါသည်။


၂။အမြင်
ဆေးလိပ်၏ဆိုးကျိုး တရားများကို ချရေးပါ။ တစိမ့်စိမ့်တွေး ပြီး အာရုံမှာ ထင်လာသည်အထိ မြင်အောင်တွေးကြည့်ပါ။ တစ်ခါတစ်ရံ တွင် စာလုံးကြီးကြီး ရေးကာ မြင်သာသော နေရာ ကပ်ထားသော နည်း ကလည်း အလုပ် ဖြစ်ပါသည်။

၃။နည်းလမ်း
လွဲမှားစွာ မာနထားနေမည့်အစား ကိုယ့်စိတ်ကို ဘယ်လောက် နိုင် သလဲ ဆိုတာ ကို လေ့လာ ကြည့်သင့်ပါသည်။ ကိုယ့်စိတ် ကို အမှန်တကယ် နိုင် သူ တွေသာ ဆေးလိပ် ကို ဖြတ်နိုင်ပါလိမ့် မည်။ သို့မဟုတ်ပါက နည်းမျိုးစုံအောင် ဆင်ခြေမျိုးစုံ ပေးကာ တ၀ဲဝဲလည်လည် ဆေးလိပ်တောမှာ မြောနေပါလိမ့်မည်။ အောက်ပါ နည်းလမ်းဖြင့် ကိုယ့်စိတ်ကို နိုင်သလား စမ်းသပ်ကြည့် နိုင်ပါသည်။ သုံး နည်းလမ်း ဟု ကိုယ့်ဘာသာ ပေးထားပါသည်။

(က) ဆေးလိပ်အရမ်းသောက်ချင်သည့် စိတ် ဖြစ်လာလျှင် ၃ စက္ကန့် အောင့်အီးသည်းခံ စောင့်ဆိုင်း ကြည့်ပါ။

(ခ) ၃ စက္ကန့်ပြည့်၍ မှ ဘယ်လိုမှ သည်းမခံနိုင်တော့လျှင် သဘောကျ လုပ်ပါလေ။ သည်းခံ၍ ရနေသေးလျှင် တော့ ၃ မိနစ် ပြည့်သည်အထိ ဆက်ပြီး သည်းခံ စောင့်ကြည့်ပေးပါ။

(ဂ) ၃ မိနစ်အထိ သည်းခံနိုင်ပြီ ဆိုသူများသည် ၃ နာရီ ဆက်တိုက် တစ်လျှောက် တည်း ဖြတ်နိုင်ပါလိမ့်မည်။

(ဃ) ထိုမှ ၃ ရက်၊ ၃ ပါတ် ၊ ၃ လ ၊ ၃ နှစ် စသဖြင့် သံဓ္ဓိဌာန် ချကာ ကိုယ့်စိတ် ကိုယ် အနိုင်ယူ ကြည့်ပါ။

(င) ကိုယ့်စိတ်ကိုယ် တစ်ခါ အောင်မြင်တိုင်း ၊အောင်မြင်တိုင်း ကိုယ့်ကိုကိုယ် ဂုဏ်ပြုပေးပါ။


၎။ပါတ်ဝန်းကျင်
မိမိကိုနားလည်ပေးနိုင်သောပါတ်ဝန်းကျင်ရှိနေရန်လည်းဆေးလိပ်ဖြတ်ရန်အတွက် အရေးကြီးပါသည်။ (ဘာပဲဖြစ်ဖြစ် အဓိက ကတော့ မိမိစိတ် ပဲဟုမြင်မိပါသည်)

Wednesday, August 25, 2010

မှားသွားလို့... ဟီးဟီး

> ဖုံးသံမြည်လာတယ်
> > "ဟယ်လို...မိန်းမလား"
> > "ရှင်.........."
> > "မိန်းမလား.........လို့....."
> > "မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ"
> > "သြော်...အေးအေး...မင်းမမလေးကော....ရှိလား"
> > "ဟုတ်..."
> > "ခေါ်ပေးကွာအရေးကြီးလို့"
> > "..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"
> > "ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
> > "အင်းလေ..ဟုတ်ဘူးလား"
> > "ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.
> > ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...
> > ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........
> > တောက်...သေမယ့်သာမှတ်...
> > ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
> > အကောင်ကိုကော..သတ်ပစ်စမ်းကွာ.."
> > အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....
> > "ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
> > "တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..
> > ၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း
> > အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..
> > ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
> > "ဟို... ဟိုလေ......."
> > "ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"
> > "မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."
> > ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
> > "ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
> > "အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့
> > ပြီးရင်ပြော.."
> > အနည်းငယ်ကြာပြီးနောက်.....
> > "ပြီးပြီ...ဆက်ပြော..."
> > "ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"
> > "ရှင်...ဘာကြီး.........."
> > "ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"
> > "ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
> > "ဘာ...ဟုတ်လို့လား"
> > "ဟုတ်....ဟုတ်..."
> > "ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."
> > "524895 လေ...."
> > "ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ.....sorry ပေါ့နော်..အဟင်း
> > ဟို..ဟိုလေ...
> > phone မှားသွားလို့..သိလား...ဒါပဲနော်" ဟီးဟီး



Online ပေါ်မှာကောင်လေးတွေသတိထားပါ

တောက်.. ဒီကွန်နက်ရှင်နဲ့တော့ သောက်ရေးကိုမပါဘူး ..

ကောင်မလေး ဖုန်းနံပါတ်ပေးတော့မယ် ဆိုကျပြီ ..

ရည်းစားစကားပြောခါနီးရင် ကျပြီ..

အီလို့ ကောင်းနေတုန်းဆို ကျပြီ …. ကျကိုကျနိုင်လွန်းတဲ့ ကောင်..
ဖြစ်နိုင်ရင် အ၀ီစိချိုးကပ်နေအောင် ကျချင်နေတဲ့ကောင် …. ။

အခုလည်း ကြည့်.. သူ ကောင်မလေးနဲ့အဆင်ပြေနေတုန်း ကျပြန်ပြီ ။ ဒီကောင်တော့
ဘယ်ဘ၀ကများ ငါ့ကိုအမြင်ကပ်ခဲ့လဲမသိဘူး ။

ဟော.. အိပဲ့အိပဲ့နဲ့တော့ ပြန်တက်လာပြီ ။
တော်ပါသေးရဲ့… ကောင်မလေး ရှိပေသေးလို့ ။ မဟုတ်ရင်
အိပ်မပျော်ဘူးလို့မထင်နဲ့ နောက်တစ်နစ်ခ်ပြောင်းကျူရမှာစို
းလို့ဗျ.. အစကနေ
ပြန်ပြောရမှာ.. ဘယ်လောက်ပင်ပန်းလဲ ။

အခုတော့ တော်ပါသေးတယ်.. ကောင်မလေးက သူ့ကိုစောင့်နေလားမသိဘူး
(ကိုယ့်ဘက်ကိုယ်တွေးတယ်ဗျာ.. ဘာပြောချင်လဲ )

Me : ချစ်လေး.. ကိုယ် Connection ကျသွားလို့နော် စိတ်ဆိုးနေလားဟင်..

Kgmalay : ဒီလူကြီးနော်.. ဘာကြီးမှန်းတိဝူး.. ဘီတူက ရှင့်ချစ်လေးလဲလို့

Me : အာာ.. ဒီကချစ်လေး ကိုပြောတာပေါ့ဗျ..ကိုယ်က
ချစ်လေးတစ်ယောက်တည်းနဲ့ပဲပြောနေတဲ့ဟာ

ဘာလဲ ချစ်လေးက ချစ်လေးလို့ ခေါ်ခံချင်ဘူးလား ဒါဆို သည်းလေးလို့ခေါ်မယ် လေနော် …

Kgmalay : လူလည်ကြီး ..ဟွန့် မုန်းချင်ချာဂျီး ..

Monday, August 23, 2010

နေပြည်တော်ပျဉ်းမနားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုက္ကိုပင်လဲကျ၍ အိပ်ပျော်နေသည့် မိသားစုသုံးဦးစလုံး သေဆုံး




နေပြည်တော်ပျဉ်းမနားမြို့တွင် သြဂုတ်လ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေချီရပ်ကွက်၊ ဗိုလ်သန်းတင်လမ်း(ပဲလှော်လမ်း)ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင်သည် အနီးရှိ အိမ်တစ်အိမ်ပေါ်သို့ ပြိုလဲခဲ့သောကြောင့် ယင်းအိမ်မှ အိပ်ပျော်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁း၃၀ နာရီခန့်အချိန်တွင် စတင်ရွာသွန်းခဲ့သော မိုးနှင့်အတူ အဆိုပါ သက်တမ်းရင့် ကုက္ကိုပင်ကြီး အမြစ်မှပြိုလဲကျပြီး သေဆုံးသူ ဦးတင်လှ၏ နေအိမ်သို့ပိကာ (၎င်းအပါအ၀င် ဇနီးဖြစ်သူ ဒေါ်ခင်တုတ်နှင့် သား ဖြစ်သူ မောင်ဇော်)မိသားစုဝင် သုံးဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

Saturday, August 21, 2010

ထူးဆန်းသော နိုင်ငံတကာဥပဒေများ

ထူးဆန်းသော နိုင်ငံတကာဥပဒေများ
သင် နိုင်ငံတကာသို့ ခရီးဘယ်နှစ်ကြိမ်လောက်သွားခဲ့ဖူ
းပါသလဲ?
သင်သွားခဲ့ဖူးသော နိုင်ငံများမှ လိုက်နာရမည့် စည်းကမ်းတွေကို ဂရုပြုခဲ့မိပါသလား?
သို့မဟုတ် ထူးထူးဆန်းဆန်း ထုတ်ထားတဲ့ စည်းကမ်းတွေကို လေ့လာမှတ်သားခဲ့ဖူးပါသလား?
ရှိကောင်းရှိမှာပေါ့နော်။ သင်ဟာ ခရီးသွားနေတဲ့လူတစ်ယောက်ဆိုရင်တော့ ဘယ်နိုင်ငံရောက်ရင် ဘယ်လိုနေထိုင်ရမည်ဆိုတဲ့ စည်းကမ်းတွေကို အကြမ်းမျဉ်းလောက်တော့ သိထားဖို့လိုပါလိမ့်မယ်။ “ရောမရောက်ရင် ရောမလိုကျင်”့ လို့ အဆိုရှိသမို့လား။

နှလုံးသားထဲက မေမေ

အမေ
အသက်နဲ ခန္ဓာ မငဲ့ပါပဲ
အူဝဲအစ ဖြူစဉ်တဲ့ ဘဝ
လောက အလင်း အမေပေးခဲ့တယ်
အမေ
လောက ခရီးကြမ်းတန်းပါ လဲ
ချစ်ချင်း မေတ္တာ မကွယ်ပြောက်ပါပဲ
နို့ရေ တိုက်ကျွေး အမေမွေးခဲ့တယ်

အမေ
လက်ဦး ဆရာ ချစ်မေတ္တာဖြင့်
အကောင်း အဆိုး ဒီနှစ်ထွေကို
ဘ၀အသိ ပေးခဲ့တဲ့ မေမေ
အမေ
မုန်တိုင်းထန်ထန် လောဂရမ်ကို
ခန္ဓာ နာမ်ရုပ် မတုံလှုပ်ပါပဲ
တွေ့သမျှ ဘေး အန္တရယ်များကို
တတိုင်းသဖွယ် မားမားမက်လို့
ကျွေးမွေးစောင့်လျှောက် မညိုညင်ခဲ့တဲ့ အမေ

အမေ
နာမည် ဂုဏ်ထူး မြင့်မိုရ်ဦးလဲ
အမေ့ မေတ္တာ နှိုင်းရှင်ပါက
ပမာန သေး ဂုဏ်တွေ ပြောက်ပြီ
အမေ
ကျေးဇူးမြင့် မား အမေ့ မေတ္တာအား
အဝေကနေတွေး မှန်းကာငေးလို့
အမေ့ မေတ္တာ မမေ့ နိုင်ပါ
အဝေးက မေမေ သိနိုင်ပါစေ

Friday, August 20, 2010

လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဧည့်သည် အမျိုးသမီးထံမှ ငွေကို ရယူလို၍ မိဘဖြစ်သူက ကိုယ့်သမီး ကိုယ်မှားယွင်း သတ်မှု လွန်ခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ တောင်ဘက် ၄ မိုင်အကွာရှိ တိမ်ညို ကျေးရွာတွင် ဖြစ်ပွားပြီး ဦးမောင်သိန်း (၄၅) နှစ်နှင့် ဒေါ်မြင့်အေး (၄၁) နှစ်က သမီး မဝေဝေလွင် (၂၃) နှစ်ကို သတ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုလင်မယားမှာ ဧည့်သည် အမျိုးသမီးကို သတ်ပြီး ငွေ (၁၅) သိန်း ရယူရန် စီစဉ်ခဲ့သော်လည်း ညအချိန်တွင် သမီးဖြစ်သူနှင့် ဧည့်သည် အမျိုးသမီး ခြင်ထောင်ပြောင်းခြင်းကို မသိလိုက်ဘဲ သတ်မှတ်ထားသည့် ခြင်ထောင် အထဲ အိပ်နေသော အမျိုးသမီးမျက်နှာကို ခေါင်းအုံးဖြင့် ဖိသတ်လိုက်ကြောင်း ရဲစခန်းတွင် ဝန်ခံပြောခဲ့သည်ဟု စခန်းသို့ လိုက်ပါပို့ဆောင်ခဲ့သည့် ရွာခံတဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

ထမင်းစားပြီးရှောင်ကြဉ်သင့်သောအချက်(၇)ချက်

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီးနေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမ်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီးစီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန်အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါကထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ
တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည်ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကိုမာကျောစေသည့်အတွတ်အစာချေရန်အခက်ခဲဖြစ်စေသည်။

Thursday, August 19, 2010

တရုတ်နိုင်ငံတွင် ခရီးသည်တင် ရထားတွဲ ရေတိုက်စားသော တံတားပေါ်မှ ပြုတ်ကျ



တရုတ်နိုင်ငံတွင် ခရီးသည်တင် ရထားတွဲ ရေတိုက်စားသော တံတားပေါ်မှ ပြုတ်ကျ



တရုတ်နိုင်ငံတောင်ပိုင်းတွင် ခရီးသည်တင် ရထားတွဲ ၂ တွဲ သည် တံတားပေါ်မှ ဖြတ်သန်းစဉ် ရေတိုက်စားသော အရှိန်ကြောင့် တံတား ပြိုကျကာ မြစ်အတွင်းသို့ အင်္ဂါနေ့က ပြုတ်ကျသွားကြောင်း ဒေသ မီဒီယာမှ ပြောကြားခဲ့ပါတယ်..။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခရီးသည်များ အသက်ဘေးမှ လွတ်ကင်းခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်..။




ယင်း အဖြစ်အပျက်မှာ စီချွမ်ပြည်နယ်၏ မြောက်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) အကွာ တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါတယ်..။




" ရထားဟာ ဖြေးဖြေး မှန်မှန်ပဲ မောင်းလာတာပါ.. တံတား ပေါ် မှာလည်း ဖြေးဖြေးပဲ ဖြတ်သန်း မောင်းနှင်နေတာပါ..။ အဲ ဒါပေမဲ့ မကြာခင် တံတားဟာ စတင်ပြီး လှုပ်ရှားလာပါတယ်..။ နောက်ပြီးတော့ လှုပ်ရှားတာ ရပ်သွားပါတယ်..။ နောက်ပြီးတော့ ရထားတွဲ ၂ တွဲတာ တွဲလောင်းဖြစ်နေ V ပုံစံ တွဲလောင်းဖြစ်သွားပါတယ်..။ ရွံ့တွေ ရေတွေနဲ့ပေါ့ဗျာ.. " ဟု မျက်မြင်ဖြစ်သူ Wang Baoning က ပြောကြားခဲ့ပါတယ်..။




တရုတ်နိုင်ငံလည်း ယခုလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားများ ပြိုကျခြင်း၊ မြေပြိုခြင်း တို့ကြောင့် လူပေါင်း ထောင်ပေါင်းများစွာ ပျောက်ဆုံးလျှက်ရှိပြီး ၁၀ ဘီလျှီယံခန့် ဆုံးရှုံးခဲ့သည် ဟု သိရပါတယ်..။



Wednesday, August 18, 2010

အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်းများ

သမ်းခြင်း
သင့်ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။
ဒါကိုသမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့
နည်းလမ်းတစ်ခုပါ။ ကံမကောင်းစွာပဲ လူကြားထဲမှာ သမ်းချင်တဲ့အခါ
ထိန်းချုပ်အောင့်အည်းလို့ မရပါဘူး။




ယားယံခြင်း
အရေပြားဟာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့မှုကြောင့် မကြာခဏယားယံနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အကျွံ
ဆေးကြောခြင်းကလည်း အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်တဲ့အတွက်
အစိုဓာတ်ခန်းခြောက်လာကာ ယားယံစေပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်
ယားယံခြင်းကို ထိန်းချုပ်ဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ
လိုးရှင်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာတွေနဲ့ ကိုယ်တိုက်
ဆပ်ပြာရည်ဝယ်တဲ့အခါ အစိုဓာတ် ထိန်းပေးတယ် (Moisturizing) စာတန်းပါတာကို
ရွေးဝယ်ပါ။ ဒါပေမယ့် သင့်မှာ ယားယံနေတဲ့အကွက်တွေ ရှိနေသေးရင်တော့
ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှမဟုတ် ဆေးဝါးတွေကို
ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာက မပျောက်နိုင်ရင်တော့
ဆရာဝန်နဲ့ ပြပါ။

မျက်စိဆန့်ငင်ဆန့်ငင်လှုပ်ခြင်း
မျက်စိကို ထိန်းချုပ်လို့မရဘဲ ဆန့်ငင်ဆန့်ငင် လှုပ်နေတာ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုခုရဲ့ လက္ခဏဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ မထူးဆန်းတဲ့
အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်စိဆန့်ငင်ဆန့်ငင်
လှုပ်ခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းတွေထဲမှာ စိတ်ဖိစီးမှု၊
အိပ်ရေးပျက်ခြင်း၊ အကြာကြီး ငေးစိုက်ကြည့်ခြင်း ဒါမှမဟုတ်
မျက်စိညောင်းညာခြင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အရင်ဆုံး
စိတ်ဖိစီးမှုလျှော့တာ၊ ကဖင်းလျှော့သောက်တာနဲ့ အိပ်ရေးဝအောင် အိပ်တာတွေ
အရင်လုပ်ကြည့်ပါ။ မပျောက်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

ဟဟဟရယ်လိုက်ရ

မှတ်ဥာဏ်နည်းတဲ့ ယောက်ျား

လင်မယား ကွာရှင်းလိုမှုကို တရားရုံးတွင် စစ်ဆေးနေသည်။
တရားသူကြီးက မိန်းမက မေးသည်။
"ခင်ဗျားက ခင်ဗျားယောက်ျားကို ပါးရိုက်တယ်လို့ ဆိုထားတယ်၊ ဟုတ်သလား"
"မဟုတ်ပါဘူး"
"ဗြောင်လိမ်တာပါ"ဟု ယောက်ျားက ဝင်ပြောသည်။
"ရှင့် ပါးစပ်ကို ပိတ်ထားစမ်း၊ နောက်တစ်ချက် ထပ်လိုချင်လို့လား"
ဟု အမျိုးသမီးက စိတ်မရှည်စွာဖြင့် အော်ပြောလိုက်သည်။



သည်းမခံနိုင်ဘူး

ခွေးနှစ်ကောင် စကားပြောနေကြသည်။
"ဟေ့၊ မင်းရဲ့သခင်ကို မင်းကိုက်လိုက်တယ်လို့ သတင်းကြားတယ်၊ ဟုတ်သလား"
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲ"
"ငါရတဲ့ ဆုတံဆိပ်ကို သူ ယူတပ်လို့"



ကူးချထားတယ်

"ဟေ့၊ မောင်ပီတာ၊ မင်းရေးတဲ့ ခွေးအကြောင်းစာစီစာကုံးဟာ မင်းအစ်ကို
မောင်ဂျော်နီရေးတာနဲ့ တစ်ထပ်တည်းပါလား"
"အော် ဒါလား၊ ကျွန်တော်တို့အိမ်မှာ ဒီခွေးတစ်ကောင်တည်း ရှိတာကိုး ဆရာရဲ့"

Monday, August 16, 2010

ရုရှားနိုင်ငံမှ ထူးဆန်းအံ့သြဖွယ်ရာ နေထွက်ပုံများ

ရုရှားနိုင်ငံမှ အလွန်ကို အံ့သြစရာကောင်းတဲ့ နေထွက်ပုံများကို တင်ပြပေးလိုက်ပါတယ် ။ အဲဒီနေထွက်ပုံများဟာ အခြားမြင်ကွင်းများနှင့်မတူပဲ ကွဲပြားခြားနားလို့နေပါတယ် ။ ကျွန်တော်တို့ သိဖူး မြင်ဖူးတဲ့ နေထွက်ပုံဆိုတာဟာ နေက တစ်စင်းတည်း တစ်နေရာတည်းမှာ ထွက်ပြီး ကမ္ဘာမြေကြီးက လှည့်ပတ်နေခြင်းပဲ ဖြစ်ပါတယ် ။ ယခု ရုရှားနိုင်ငံတွင် ထူးခြား ဖြစ်စဉ်အနေဖြင့် မြင်ကွင်းအစုံမှ နေထွက်ခြင်း နေရာသုံးနေရာမှ နေထွက်ခြင်းများကို တွေ့ကြုံခဲ့ရပါတယ် ။ ဒါဟာ ဘာကြောင့် ဖြစ်လဲဆိုတာ အတိအကျ မပြောဆိုနိုင်ပေမယ့် ကင်မရာမှာ တပ်ဆင်ထားတဲ့ မှန်ဘီလူးကြောင့် အလင်းရောင်ထင်ဟပ်ခြင်းတော့ မဟုတ်ပါဘူးလို့ အတိအကျ ပြောဆိုထားပါတယ် ။







ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ

ပြည်သူလူထုအတွင်းအလွယ်တကူနှင့်ဖျောက်ဖျက်၍မရနိုင်သေးသော ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော အယူအဆအမှားများမှ အချို့ ကိုဖော်ပြသွားပါမည်။

အင်္ဂလိပ်ဆေးနှင့်သံပုရာရည်

အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀၀ တွင် လူ ၉၀ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့  ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။ မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။

ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။


ယောင်္ကျားလေးနဲ့မိန်းကလေးကွာခြားချက်များ

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။


(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။


(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေတတ်တယ်။



(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့လောင်းကစားလုပ်တာပဲ။


(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။


(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို လွမ်းလည်းမိန်းကလေးတစ်ယောက်မို့ သိလိုက်ပြီ။ အဲဒါကတော့ အသက်လိမ်ခြင်းပဲ။


(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။


(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့ ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျားလေး ကျပြန်တော့ စိတ်မပါဘူး။


(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။


(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။


(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။



(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလိုယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။


(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။


(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်းဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေးအတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ယုံကြည်တယ်။


(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်ထားတဲ့ နေရာလည်းဖြစ်တယ်။


(၂၀) လူ….လူ…လူ…လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။

နားနှင့်ပက်သက်ပြီးရှောင်သင့်သောအချက်များ

( ၁ ) နားဖာချေးကို မကလော်ပါနဲ့

နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ
ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင်
နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့
လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့

ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း

အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။

ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန် နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင်

သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။

ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရတတ်ပါတယ်။

ကွန်ပျုတာ သမား၏ ဟာသ

တစ်ခါကလင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။အဲ ယောက်ျား ဖြစ်သူကcomputer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက်အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး
ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။


မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default

ယောက္ခမ နှင့် သမက် လွဲချော်မှုများ

လူနဲ့မတူလို့

အရက်ဆိုင်တစ်ဆိုင်တွင် လူငယ်တစ်ဦးနှင့် လူကြီးတစ်ဦးတို့ အရက်အတူတူသောက်ရင်းနှင့် မိတ်ဆွေတွေဖြစ်သွားကြလေ၏… ထိုအခါ
ကျွန်တော်မိန်းမလိုချင်လို့ လိုက်ရှာနေတာဗျ..
ဟားဟားဟား…
လူကြီးအရက်သမားက အားရပါးရရယ်မောလိုက်သည်.. သူတို့နှစ်ဦးက ပုလင်းတူဗူးဆို့များဖြစ်နေကြပြီလေ… ထိုနောက်
ကိုယ်ချင်း ကိုယ်ချင်းတွေဘဲ မင်းငါနဲ့တွေ့တာ ကံကောင်းတယ်မှတ်.. ငါ့မှာ သမီးပျိုလေးတစ်ယောက်ရှိတယ် သမင်မျက်လုံးလေးနဲ့ နှုတ်ခမ်းလွှာလေးတွေက နှင်းဆီပွင့်ဖတ်..
နားရွက်လွှာလေးတွေကလဲ သန္တာကျောက်ခက်.. လည်တိုင်သွယ်သွယ်က ငန်းပျိုလည်တိုင်… အသံကတော့ နိုက်တေးငှက် အသံလေးလိုဘဲ.. ဘယ့်နှယ့်လဲ မင်းသူ့ကို ယူမလား…
လူငယ်မှာအတန်ကြာ စဉ်းစားပြီး..
မဖြစ်ဘူးထင်တယ် ဦးသမီးက လူနဲ့မှမတူတော့တာ…



သမီးဘဲ

(ဦးရယ်.. ဦးသမီးကို ကျွန်တော်လက်ထပ် ပါရစေ..) မောင်လှက သူ့ချစ်သ၏ ဖခင်အားအရဲစွန့်ပြောလိုက်သည်…
(နေပါဦးကွ.. မင်းငါ့မိန်းမနဲ့ အရင်တွေပြီးပြီလား..) ဖခင်ဖြစ်သူက မေးလေသည်..
မောင်လှ ပြန်ပြောလိုက်သည်.. (ဟုတ်ကဲ့ တွေပြီးပါပြီ… ကျေးဇူးတင်ပါတယ် ဦးရယ်… ဒါပေမယ့် ဦးသမီးကိုဘဲ ကြိုက်လို့ပါ… )


ဂုဏ်ယူရပါစေ့မယ်...

" မောင်နေ၀န်းမင်းက အန်တီသမီးကို မေတ္တာရှိလို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာတကယ်ပါဗျာ "
" အန်တီရဲ့သဘောထားကိုပြောပြမယ်၊ အန်တီက သမက်အတွက်ဂုဏ်မငယ်ချင်ဘူးကွယ် "
" အဲဒီအတွက်တော့စိတ်ချပါခင်ဗျာ၊ အန်တီရဲ့ချမ်းသာကြွယ်ဝမှုကို ခုကတည်းကကျွန်တော် ပြောနေတာပါ "

Sunday, August 15, 2010

ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ

တချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက ဆင်းသက်လာတာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။

ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့ ကျွန်တော်ဆိုချင်ပါတယ်။

ဥပမာ-- (၁) တစ်ဘက်လူရဲ့ ဘဝအခြေအနေကို လေးစားပါ

ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင် အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ မရှိဘူးဖြစ်နေတယ်။ နောက်တော့ သူ့ကို ကျွန်တော်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အဲဒီမှာသူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့အတွဲလို့ လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး.. သူတို့ လမ်းခွဲလိုက်ကြတယ်။

နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက ကောင်လေးကို ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ စာကျက်ဝိုင်းတွေ တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။ ဒါပေမယ့် ကောင်လေးက စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။ "ဘာသာတစ်ခုထဲကို နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့ ကောင်မလေးကဆိုတယ်။

Wednesday, August 11, 2010

ထူးဆန်းအံ့သြဖွယ်ရာရေပြင်ပေါ်မှအပေါက်ကြီးများ




အမှတ်တမံ ကြည့်မိမယ်ဆိုရင်တော့ ခေါင်းလောင်တစ်ခုရဲ့ နှုတ်ခမ်းဝနဲ့ ဆင်တူလှပါတယ် ။ အသေအ ချာလေ့ လာကြည့်မယ်ဆိုရင်တော့ ရေထဲက ကြီးမားတဲ့အပေါက်ကြီးတွေဟာ ဆည် (သို့မဟုတ်) ကန်ထဲက ရေစီး ဆင်းမှုကို ထိန်းချုပ်ဖို့နဲ့ အောက်ဖက်ဧရိယာမှာ ရှိတဲ့ ရေစီးကြောင်းတစ်ခုနဲ့ ဆက်သွယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။ ဒီရေလွှဲတဲ့အပေါက်ကြီးတွေ (သို့မဟုတ် ) တွင်းနက်ကြီးတွေဟာ ရေကန်ကို ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ပြီး ရေကန် သို့မဟုတ် ဆည်တွေ ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ် ။


သရုပ်ဆောင် ၀တ်မှုန်ရွှေရည်နှင့် တွေ့ဆုံခြင်း၊

ယခုတစ်ပတ် အင်တာဗျူး ကဏ္ဍအတွက် ဖော်ပြပေးမယ့်သူက ၀တ်မှုန်ဆိုတဲ့ ပန်းလေးတစ်ပွင့်ပါ။ ကြော်ငြာဘုရင်မလေးရယ်လို့ ပြောစမှတ်ပြုလို့ရအောင်ကို ကြော်ငြာတွေ အများအပြားမှာ ချစ်စဖွယ် သရုပ်ဆောင်ဟန်ကလေးနဲ့ တွေ့မြင်နေရပါတယ်။ သရုပ်ဆောင်အဖြစ်လည်း 'ဘာဘီရုပ်ကလေး'ကနေ အခုနောက်ဆုံးထွက်ထားတဲ့ 'ဖေချစ်'၊ 'ပေါင် ၂၀၀ ကိုယ့်ချစ်သူ' ဇာတ်ကားတွေအထိ တစ်ကားချင်းကို အနုပညာအစွမ်းတွေ ပြသနိုင်ခဲ့သူပါ။ ဒီလို ပရိသတ်ချစ်တဲ့ပန်းကလေး (ဒါမှမဟုတ်) သရုပ်ဆောင်မော်ဒယ်လ် ၀တ်မှုန်ရွှေရည်ရဲ့ လတ်တလော အနုပညာအရေးတွေကတော့ . . .


မေး- အခုရိုက်နေတဲ့ ကားအကြောင်းလေးက စပြီးပြောပြပေးပါလား။


ဖြေ- အခုရိုက်နေတာက "၀တ်မှုန်ဝိုင်၏အပြင်းစားရသ" ဗီဒီယိုဇာတ်ကားလေးပါ။ အဲဒီကားလေးမှာ ကစ်က အရမ်းဆိုးတဲ့ ကောင်မလေးတစ်ယောက် အဖြစ် သရုပ်ဆောင်ရပါတယ်။ ဒီကားအတွက် ကစ်ကစ် အ၀တ်အစားပိုင်းရော ဆံပင်၊ မိတ်ကပ်တို့ကအစပါ ပုံစံပြောင်းထားပါတယ်။ ဒါရိုက်တာ ကိုမိုးဦး (ကျော်ဇောလင်း) ပါ။ ကစ်ကစ်ရယ်၊ ကိုပြေတီဦးရယ်ပါ။

မင်းသမီး မျိုးစန္ဒီကျော်က မိဘကို အမှုဖွင့်

သရုပ်ဆောင် မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့်

သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။

“ဒီလ ၃ ရက်နေ့က သင်္ဃန်းကျွန်းရဲစခန်းမှာ အန်တီက သူ့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး တိုင်ထားတယ်။ ရဲစခန်းက ပုဒ်မ ၃၈၀ နဲ့ အမှု လက်ခံထားတယ်လို့ အန်တီတို့ သိရတယ်” ဟု ဒေါ်သူဇာက ဧရာဝတီသို့ ပြောသည်။

ထိုအမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အသေးစိတ် မပြောနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိ တဦးက ပြန်ကြားသည်။

မျိုးစန္ဒီကျော်ကမူ “သင်္ဃန်းကျွန်း ရဲစခန်းကို တင်ပြထားတာတော့ ဟုတ်ပါတယ်။ အမှုဖွင့်တာတော့ မဟုတ်ပါဘူး။ ပစ္စည်း ပျောက်တာက အိမ်မှာပဲ၊ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ပျောက်တာ။ အားလုံးလည်း သိကြပါတယ်။ မိဘတွေက ကျမကို အမွေပြတ်ဆိုပြီး စွန့်လွှတ်ထားပါတယ်။ ကျမဘက်က မိဘတွေ စွန့်လွှတ်ရ လောက်အောင် ဘာတခုမှ မလုပ်ခဲ့ဖူးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မျိုးစန္ဒီကျော် ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ လက်ဝတ်လက်စားများ ဖြစ်ပြီး အဆိုပါ ပစ္စည်းများ ပြန်လည်ရရှိနိုင်ရန် ရဲစခန်းမှ တဆင့် ညှိနှိုင်းစေခြင်းသာဖြစ်ကြောင်း သူက ဆိုသည်။

မိဘများက သြဂုတ် ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မျိုးစန္ဒီကျော်အား သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။

ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း (၇)ခုမှာ ပြတိုက် ၁၅ ခုဖွင့်လစ်ခဲ့ပြီး မာမီ ရုပ်လောင်း

ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း (၇)ခုမှာ ပြတိုက် ၁၅ ခုဖွင့်လစ်ခဲ့ပြီး မာမီ
ရုပ်လောင်း ၄၅ ခုနှင့် သူတို့ရဲ့အနုပညာ လက်ယာတွေဖြစ်ကြသော ပစ္စည်းများ ၉၅
ခုကို ပြသခဲ့ပါတယ်။ ဒီနေ့တော့ ကယ်လ်ဖိုးနီးယား ပြည်နယ်က သိပ္ပံစင်တာမှာမာမီ
ပြတိုက်ကိုဖွင့်လစ်ခဲ့ပါတယ်။ ထိုမှဓါတ်ပုံအချို့ကို ဖော်ခြင်းဖြစ်ပါတယ်။



ဒါကတော့ ပီရူးနိုင်ငံက The Detmold Child လို့နာမည်ပေးထားတဲ့ ခလေးမာမီ
ရုပ်လောင်းဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၁ဝ လ သား အရွယ်ထက်မပိုဘူးလို့
ဆိုပါတယ်။ ၄၅ဝ၄-၄၄၅၇ ဘီစီခန့်ကဖြစ်ပါတယ်။

ရယ်ရယ်ပြုံးပြုံး ဟာသများ

ပိုင်ပါပေ့…..

ပီရှိကန်က ရေကန်တစ်ကန်မှာ ငါးမျှားပြီးတဲ့နောက် ဂျွန်ဟာ ငါးပြေမ နှစ်ကောင်ကိုင်ပြီး ၊ လေတခွန်ချွန်နဲ့ လမ်းလျှောက်လာတယ်။ လှမ်းမြင်လိုက်တဲ့ ကန်ထိန်းသိမ်းရေးအရာရှိက ငါးဖမ်းလိုင်စင်ပြခိုင်းတဲ့အခါ….
``ကျုပ်က ငါးလာမျှာယးတာ မဟုတ်ဘူး။ ဒါအလှမွေးငါးတွေ ။ သူတို့ကို ရေထဲလွှတ်၊ ဆော့ခိုင်းတယ်။ ပြီးရင် လမ်းခေါ်လျှောက်ပြီး အိမ်ပြန်တာ`` လို့ ဂျွန်က ပြောလိုက်တယ်။ `` ခင်ဗျားမဖြစ်နိုင်တာတွေ လာမပြောနဲ့၊ လိုင်စင်မရှိဘဲ ငါးဖမ်းတာ ရာဇဝင်မှု မြောက်တယ်နော်`` လို့ အရာရှိက ပြောလိုက်တယ်။ `` ကဲ မယုံရင် ဒီမှာကြည့်ဗျာ`` ပြောပြောဆိုဆိုပဲ ဂျွန်က ငါးနှစ်ကောင်ကို ရေထဲ လွှတ်ပေးလိုက်တယ်။
``ခင်ဗျားငါးတွေ ပြန်လာတက်တယ်ဆို ခေါ်ပြလေ`` လို့ အရာရှိက ခပ်ထေ့ထေ့ လှမ်းပြောလိုက်တယ်။
မင်သေသေနဲ့ ဂျွန်ပြန်ပြောလိုက်တာက……..
``ဘယ်တစ်ကောင်ကို အရင် ခေါ်ပေးရမလဲ…``

မှတ်ပလားဟဲ့ … အီတလီခေါက်ဆွဲ

ထက်ထက်မိုးဦး ကားတိုက်ခံရပြီး သူမ၏ ခင်ပွန်းဖြစ်သူ ဆေးရုံတင်ထားရ

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ရုပ်ရှင်သရုပ်ဆောင်
ထက်ထက်မိုးဦးသည် ခင်ပွန်းဖြစ်သူနှင့်
အတူမော်တော်ကား မောင်းနှင်လာစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ထက်ထက်မိုးဦး စီးနင်းလိုက်ပါလာသည့် မော်တော်ကားမှာ ရစရာမရှိ
အောင်ပျက်စီးသွားသည်။

“ကမ္ဘာအေးလမ်းမကြီးပေါ် အမှတ်(၂) နယ်မြေယာဉ်ထိန်းရဲစခန်းနားလေးမှ
ာ အတိုက်ခံရတာပါ ၊
နို့ဆီသယ်တဲ့ကားက ဟိုဘက်ယာဉ်ကြောကနေ ဒီဘက်ယာဉ်ကြောအထိ လာတိုက်တာ ၊ ဗင်ကားကို
အရင်တိုက်ပြီး အဲဒီကား ၂ စီးလုံးက ထက်ထက် တို့ ကားကိုလာတိုက်တာ အဲဒီနေ့
ညနေ ၇ နာရီလောက်
တိုက်မိတာ”ဟု ထက်ထက်မိုးဦးက ပြောသည်။

ကားကို ထက်ထက်မိုးဦး၏ ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်က
မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင်
၎င်းတို့ ၂ ဦးသာ ပါခဲ့ကြောင်း သိရ သည်။ခင်ပွန်းဖြစ်သူ မှာ ဆေးရုံတက်
ကုသခံနေရပြီး ထက်ထက်
မိုးဦး ကမူ ဒဏ်ရာ အပြင်းအထန် ရရှိခြင်း မရှိဟု ဆိုသည်။

Wednesday, August 4, 2010

ထူးထူးဆန်းဆန်းသတ္တ၀ါများ

(ခြေထောက်(၆)ခြောင်းနဲံပြောင်သတ္တ၀ါပါ)

(ဥိးခေါင်း(၂)ခုနဲံပြွေအမဲ)

(ခေါင်း(၂)လုံးနဲံလိပ်)

(ခြေထောက်(၆)ခြောင်းနဲ့ဒရယ်

(ခြေထောက်(၄)ခြောင်းနဲ့ကြက်)

(ဥိးခေါင်း(၂)လုံးနဲံဝက်)

(နားရွက်(၄)ခုနဲ့ကြောင်)

(ဥိးခေါင်း(၂)လုံးနဲံမြွေ)

(ခြေထောက်(၈)ခြောင်းနဲ့သိုး)

(ဥိးခေါင်း(၂)လုံးနဲ့ကြောင်)

(မျက်လုံး(၁)နဲ့ဝက်)

(မျက်လုံး(၁)လုံးတည်းနဲ့ပဲဘာကောင်မှန်းတော့မသိဘူး)..ဟဲဟဲ

(အမွှေးမရှိကိုယ်လုံးတိးကြောင်)
..သြ...တွေးမိစဉ်းစားမိတယ်သူတို့တွေသွားရလာရစားရသောက်ရကြားရမြင်ရတာတော်တော်လေးကတ်သိးကတ်သက်နိုင်ပြိးဒုက္ခများကြမှာပဲနော်...
သူတို့လိုပဲလသရဲတို့ကိုသာဘုရာသခင်အဲ့လိုဖန်းဆင်းပေးလိုက်ရင်ဘယ်လိုနေမလဲဆိုပြိးကြတ်သိးတောင်ထတယ်။
အခုလိုအရာရာအကောင်းပကတိဖန်းဆင်းပေလိုက်တဲ့ဘုရာသခင်ကိုကျေးဇူးတင်မဆုံးနိုင်အောင်ပါပဲ။
ကဲကိုယ့်လူတို့သန်တုန်းမာတုန်းဗိုလ်ချုပ်နှစ်သက်တဲ့တိုင်းသူပြည်သားကောင်းတွေအဖြစ်ထာဝရတည်မြဲနိုင်အောင်ကြိးစားကြတာပေါ့။
မသေခင်အကျိုးရှိတာတခုခုလုပ်သင့်တယ်လို့မြင်မိတယ်ဗျာ