ပန်းအလှ

ပန်းအလှ

Wednesday, August 11, 2010

ထက်ထက်မိုးဦး ကားတိုက်ခံရပြီး သူမ၏ ခင်ပွန်းဖြစ်သူ ဆေးရုံတင်ထားရ

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ရုပ်ရှင်သရုပ်ဆောင်
ထက်ထက်မိုးဦးသည် ခင်ပွန်းဖြစ်သူနှင့်
အတူမော်တော်ကား မောင်းနှင်လာစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ထက်ထက်မိုးဦး စီးနင်းလိုက်ပါလာသည့် မော်တော်ကားမှာ ရစရာမရှိ
အောင်ပျက်စီးသွားသည်။

“ကမ္ဘာအေးလမ်းမကြီးပေါ် အမှတ်(၂) နယ်မြေယာဉ်ထိန်းရဲစခန်းနားလေးမှ
ာ အတိုက်ခံရတာပါ ၊
နို့ဆီသယ်တဲ့ကားက ဟိုဘက်ယာဉ်ကြောကနေ ဒီဘက်ယာဉ်ကြောအထိ လာတိုက်တာ ၊ ဗင်ကားကို
အရင်တိုက်ပြီး အဲဒီကား ၂ စီးလုံးက ထက်ထက် တို့ ကားကိုလာတိုက်တာ အဲဒီနေ့
ညနေ ၇ နာရီလောက်
တိုက်မိတာ”ဟု ထက်ထက်မိုးဦးက ပြောသည်။

ကားကို ထက်ထက်မိုးဦး၏ ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်က
မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင်
၎င်းတို့ ၂ ဦးသာ ပါခဲ့ကြောင်း သိရ သည်။ခင်ပွန်းဖြစ်သူ မှာ ဆေးရုံတက်
ကုသခံနေရပြီး ထက်ထက်
မိုးဦး ကမူ ဒဏ်ရာ အပြင်းအထန် ရရှိခြင်း မရှိဟု ဆိုသည်။

No comments:

Post a Comment