ပန်းအလှ

ပန်းအလှ

Thursday, August 19, 2010

တရုတ်နိုင်ငံတွင် ခရီးသည်တင် ရထားတွဲ ရေတိုက်စားသော တံတားပေါ်မှ ပြုတ်ကျ



တရုတ်နိုင်ငံတွင် ခရီးသည်တင် ရထားတွဲ ရေတိုက်စားသော တံတားပေါ်မှ ပြုတ်ကျ



တရုတ်နိုင်ငံတောင်ပိုင်းတွင် ခရီးသည်တင် ရထားတွဲ ၂ တွဲ သည် တံတားပေါ်မှ ဖြတ်သန်းစဉ် ရေတိုက်စားသော အရှိန်ကြောင့် တံတား ပြိုကျကာ မြစ်အတွင်းသို့ အင်္ဂါနေ့က ပြုတ်ကျသွားကြောင်း ဒေသ မီဒီယာမှ ပြောကြားခဲ့ပါတယ်..။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခရီးသည်များ အသက်ဘေးမှ လွတ်ကင်းခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်..။




ယင်း အဖြစ်အပျက်မှာ စီချွမ်ပြည်နယ်၏ မြောက်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) အကွာ တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါတယ်..။




" ရထားဟာ ဖြေးဖြေး မှန်မှန်ပဲ မောင်းလာတာပါ.. တံတား ပေါ် မှာလည်း ဖြေးဖြေးပဲ ဖြတ်သန်း မောင်းနှင်နေတာပါ..။ အဲ ဒါပေမဲ့ မကြာခင် တံတားဟာ စတင်ပြီး လှုပ်ရှားလာပါတယ်..။ နောက်ပြီးတော့ လှုပ်ရှားတာ ရပ်သွားပါတယ်..။ နောက်ပြီးတော့ ရထားတွဲ ၂ တွဲတာ တွဲလောင်းဖြစ်နေ V ပုံစံ တွဲလောင်းဖြစ်သွားပါတယ်..။ ရွံ့တွေ ရေတွေနဲ့ပေါ့ဗျာ.. " ဟု မျက်မြင်ဖြစ်သူ Wang Baoning က ပြောကြားခဲ့ပါတယ်..။




တရုတ်နိုင်ငံလည်း ယခုလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားများ ပြိုကျခြင်း၊ မြေပြိုခြင်း တို့ကြောင့် လူပေါင်း ထောင်ပေါင်းများစွာ ပျောက်ဆုံးလျှက်ရှိပြီး ၁၀ ဘီလျှီယံခန့် ဆုံးရှုံးခဲ့သည် ဟု သိရပါတယ်..။



No comments:

Post a Comment