ပန်းအလှ

ပန်းအလှ

Tuesday, December 14, 2010

လုပ်ငန်းခွင်မှာ တွေ့ကြုံရလေ့ရှိတဲ့ စိတ်ဖိစီးမှု တွေ လျော့ကျနိုင်အောင်လို့

အရွယ်ရောက်သူတိုင်းဟာ အကြောင်း အမျိုးမျိုးကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေကို ရှိနေ တတ်ကြပါတယ်။ ပညာစုံလို့ လုပ်ငန်းခွင်ထဲ ၀င်ပြီဆိုမှတော့ လုပ်ငန်းခွင် မှာ တွေ့ကြုံရတတ်တဲ့ ပြဿနာတွေ ၊ စိန်ခေါ်မှုသစ်တွေ၊ အတွေ့အကြုံသစ်တွေ ၊ ပတ်ဝန်းကျင်သစ်တွေ မိတ်ဆွေသစ်တွေ အစရှိတဲ့ အသစ်အသစ်သော အကြောင်းအရာတွေဟာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတတ်တာဟာ ဓမ္မတာပါ။ လူတိုင်းဟာ လုပ်ငန်းခွင် ကြောင့် စိတ်ဖိစီးမှုတွေ အနည်းနှင့်အများ ကြုံတတ်ကြပါတယ်။ အဲဒီလိ ဖြစ်လာတဲ့ အခါ မှန်ကန် တဲ့နည်းလမ်း တွေနဲ့ စိတ်ဖိစီ မှုတွေကို ဖြေဖျောက် ပေးမယ်ဆိုရင် ဒီအခက်အခဲတွေကို တစ်ဆင့်ပြီးတစ်ဆင့်ကျော်လွှားပြီး အောင်မြင်မှုပန်းတိုင်ကို တက်လှမ်း ရောက်ရှိုနိုင်ကြမှာပါ။ တကယ်တော့ စိတ်ဖိစီးမှုဆိုတာ လူ့အသတ်ကို တောင်ရန်ရှာတတ်တဲ့ ရောဂါတစ်ခုပါပဲ။ စိတ်ထောင်း ကိုကျေ ဆိုသလို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု တွေက ကိုယ့်ခန္ဓာ ကိုပါထိခိုက်ပါတော့တယ်။ နိုင်ငံခြား တိုင်း ပြည်တွေမှာတော့ လူလတ်ပိုင်း အရွယ်တွေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်လောက်ဟာ စိိတ်ဖိစီး မှုဒဏ်ကိုခံစား နေရတယ်လို့ သုတေသန စစ်တမ်း တစ်ခုဖော် ပြထားပါတယ်။

စိတ်ဖိစီးမှု ဖြစ်တာကို ဘယ်လို သိနိုင်မလဲ။
စိတ်ဖိစီးမှု ဒဏ်ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ခံစားရပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ နှစ်ခုလုံး ကိုသိထားကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြည့်မယ်ဆိုရင် နှလုံးခုန် မြန် တာ။ သွေးတိုးတာ ၊ နှုတ်ခမ်းတွေ ခြောက်ကွဲတာ ကြွက်သားတွေ တင်းကြပ်တာ၊ ခေါင်းကိုက် တာနဲ့ ချွေး ထွက်များလာတာ အစရှိတဲ့ လက္ခဏာတွေ ခံစားလာရပါလိမ့်မယ်။ ဒါကိုကြည့်ပြီး သိနိုင်သလို။ စိတ်ပိုင်း ဆိုင်ရာကတော့ တစ်ယောက်တည်း စကားတွေ ပြောနေတတ်တာ ၊ စိတ်အာရုံ စုစည်းလို့မတာ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ အပြင် စိတ်ဖိစီးမှုဒဏ် ခံနေရတယ်လို့ ဖော်ပြနေတာပါ။ စိတ်ဖိစီးမှု ခံနေရ တယ်လို့ ကိုယ်ကိုယ်ထင်ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသ သင့်ပါတယ်။ ခန္ဓာ မှာ ရထက် ဒဏရာတွေ ထက်ပိုပြီး အရေးပါတဲ့ ဝေဒနာဖြစ် တာကြောင့် ဂရုပြုပြီး ရှောင်ရှားဖို့ ကျော်လွှားဖိုလုပ်သင့်ပါတယ်
စိတ်ဖိစီးမှုကိုလျော့ချနိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ ၄င်းတို့ထဲမှ အနည်းငယ် သောအချက်တွေဖြစ်ပါတယ်။
- အနားယူပါ။
- လေကိုများများ ရှူသွင်းပါ။
- အလုပ်ထဲမှာ မကြာခဏ အနားယူပါ။
- လေ့လာသင်ကြား ဖို့အတွက် များများနားထောင်ပါ။
- ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေမှုရှိအောင်ကိုယ့်ကို ပြုလုပ်ပေးပါ။
- မလိုအပ်ဘဲ အများကြီးစဉ်းစားတာနဲ့ ကြိုတင်ပူပန် နေတာ မလုပ်ပါနဲ့။
- ခင်မင်သူတွေနဲ့ ရောက်တတ်ရာရာ စကား ပြောဖို့ အချိန်ပေးပါ။
- သင့်ရဲ့အချိန်ကို စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးတို့ကို ကျွမ်းကျင် မှုရှိအောင် အမြဲလုပ်ပါ။
- အချိန်စီမံခန့်ခွဲမှုဟာ လုပ်ငန်းခွင်အတွက်သာမက ဘ၀ အတွက်ပါ အင်မတန်အရေးပါပါတယ်။


ဘာကြောင့် လဲဆိုတော့ အချိန်ဆိုတာ ဘ၀ဖြစ်နေလို့ပါပဲ။ ကိုယ်လုပ်ရမယ့်အလုပ်တွေကို အချိန် ဇယား သတ်သတ်မှတ်မှတ် ထားပြီး ပြုလုပ် ပေးတာဟာ အချိန်စီမံ ခန့်ခဲမှု အတွက် အရေးပါတဲ့ အချက် တစ်ခက်ပါ။ နောက်တစ်ခုက တော့ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ရှိတဲ့ လုပ်ငန်းခွင်ဆိုင်ရာ အဖွဲ့အစည်းဆိုင် ရာ အရည်အသွေးတွေကို ပိုမိုပြီး နားလည်အောင် လေ့လာထားပါ။ ဒါမှ အလုပ်လုပ်တဲ့အခါမှာ ပိုမိုအဆင် ပြေ လာမှာဖြစ်ပါတယ် ။ ဒါ့အပြင် ကိုယ့်လုပ်ငန်းခွင် နဲ့ သက်ဆိုင်တဲ့ သင်တန်း လေးတွေကို ရှာကြံပြီး တက်ပေးပါ။ ဒါမှ ကိုယ့်ရဲ့ အရည်အသွေးဟာ အချိန်နဲ့ အမျှ တိုးတက် လာမှာ ဖြစ်ပါတယ်။


- အနားယူပါ
လုပ်ငန်းခွင်ထဲမှာ လူတွေနဲ့ ပြောဆို ဆက်ဆံ လုပ်ကိုင်နေရတာတွေဟာ လုပ်ချင် သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်နေ ရတဲ့ အတွက် စိတ်ပင်ပန်း မှုရှိမှာပါ။ ဒါတွေကို မေ့ပျောက် ဖို့အတွက် အလုပ်နား တဲ့အချိန် မှာ တစ်ယောက် တည်း အေးအေးဆေးဆေး နေပြီး သီချင်းနား ထောင်တာ၊ စာဖတ် တာ သစ်ပင်လေးတွေ စိုက်တာ ၊ စာဖတ်တာ၊ သစ်ပင် လေးတွေစိုက် တာ၊ အလည်အပတ် သွားလာတာ၊ ငါးမျှား ထွက်တာ အစရှိတဲ့ တစ်ယောက်တည်း အေးအေး ဆေးဆေး လုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ကို ပြုလုပ် ပေးပါ။ အလုပ်နားတဲ့ အချိန်တွေမှာ အိပ်ရေးဝအောင် အိပ်စက် အနားယူဖိုလည်း လိုအပ် ပါတယ်။


- လေကို များများရှူသွင်းပါ
စိတ်ဖိစီးမှု ခံရတဲ့ အချိန်တွေမှာ အသက် ရှုမ၀ ဖြစ်တာ၊ အသက်ရှူ ရတာဆို့ကျပ်သလို ဖြစ်နေ တာ စတဲ့လက္ခဏာတွေဟာ ကြုံလာရတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေကြောင့် ခန္ဓာကိုယ်ကို လန်းဆန်း ပြီး ကြည်လင် စေမယ့် အသက်ရှုလေ့ကျင့်ခန်းတွေကို လေကောင်းလေသန့် ရတဲ့နေရာ တွေ မှာ နေ့စဉ် သို့မဟုတ် တစ်ပတ်သုံး လေးကြိမ် လောက်ပြုလုပ် ပေးသင့်ပါတယ်။ ရေပြင် ကို ဖြတ် သန်းပြီး တိုက်ခိုက် လာတဲ့လေဟာ အဆုတ်ကို အားကောင်းစေတယ်လို့ဆိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း ခန္ဓာကိုယ်ကို သွေးလည်ပတ် မှုမြန်စေပြီး အသက်ရှူနှုန်း ကိုပုံမှနထက် ပိုမိုမြင့် မားစေတာကြောင့် ပုံမှန် လေ့ကျင့်ခန်း တွေ နေ့တိုင်း အချိန်မှန်မှန် ပြုလုပ် ပေးသင့်ပါတယ်။


-အလုပ်ထဲမှာ မကြာခဏ အနားယူပါ။
လုပ်ငန်းခွင်ထဲမှာ အလုပ်များတဲ့ အချိန် ရှိသလို အလုပ်ပါးတဲ့ အချိန်လည်းရှိပါတယ်။ အလုပ်လုပ် နေရင်း အနည်းငယ် အားလပ် တဲ့အခါ ကိုယ့်ရဲ့ စားပွဲ ကနေ ၅ မိနစ် လောက် ခွာပြီး ရုံးထဲမှာ လမ်း လျှောက် တာအပြင်ဖက် ရှုမျှော်ခင်း တွေကိုလှမ်း မျှော်ကြည့် တာအစရှိတဲ့ အနည်းငယ် အနားယူ မှုတွေ ကို ပြုလုပ် ပေးတာဟာ စိတ်ဖိစီးမှုကို လျော့ကျ စေနိုင် ပါတယ်။


-လေ့လာသင်ကြားနိုင်ဖို့ အတွက် များများ နားထောင်ပါ ။
မလိုအပ်ဘဲစကး များများ ပြောတာထက် သူများပြောတာကို များများနားထောင် တာဟာ အရေးပါ တဲ့ အလေ့အထ တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ စကားများများပြောရင် အမှားပါ တတ်ပြီး သူများပြောတာကို များများ နားထောင်တာဟာ တစ်ပါးသူ တွေရဲ့ အတွေ့အကြုံတွေ ၊ အတွေး အခေါ် တွေကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် စကားမှားသွားလို့ ကြုံတွေ့လာ ရနိုင်တဲ့ ပြဿနာတွေ ကနေ ရှောင်ပြီး သား ဖြစ်သွားတာကြောင့် ဒီအတွက် ဖြစ်လာမယ့် စိတ်ဖိစီးမှုကိုပါ ရှောင်ပြီး သားဖြစ်သွား ပါတယ်။


-ပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေ မှုရှိအောင် ကိုယ့်ကိုယ် ကိုယ်ပြုလုပ် ပေးပါ။
လုပ်ငန်းခွင် ဆိုတာဟာ စ၀င်ကာစ လူတွေအတွက် ပတ်ဝန်းကျင် အသစ်ကို ရောက် သွားသလိုပါပဲ။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ အရာဝတ္ထုတွေ လုပ်ထုံး လုပ်နည်း ဥပဒေ သတွေ အစရှိတဲ့ ပတ် ၀န်းကျင် အသစ်မှာ သိသင့် သိထိုက်တဲ့ ၊ လုပ်သင့်လုပ်ထိုက် တဲ့အရာတွေကို လေ့လာပြီး အဲ့ဒီ အရာ တွေနဲ့ လိုက်လျောညီ ထွေမှုဖြစ်အောင် ကိုယ့် ကိုယ်ကိုယ် ပြုပြင်နေတတ်တာဟာ စိတ်ဖိစီးမှု ကိုလျော့ ကျစေနိုင်ပါတယ်။


-မလိုအပ်ဘဲအများကြီးစဉ်းစားတာနဲ့ ကြိုတင်ပူပင်နေတာ မလုပ်ပါနဲ့ ။
အလုပ်ကို မလုပ်ခင်ကြိုတင်ပြီး ဘာတွေလုပ်မယ်လို့ စီမံထားတာဟာ ကောင်းတဲ့ အချက်ပါပဲ။ ဒါပေမယ့် ကြိုတင် စီမံ ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ ကြိုတင် တွေးပြီး စိုးရိမ်သောကတွေနဲ့ ပူပန်နေတာ ဟာ အနုတ်လက္ခဏာ သဘောကိုဆောင်ပါတယ်။ အဲဒီလို ပူပန် နေမယ့်အစား အကောင်းဆုံး ဘာလုပ် နိုင်မလဲ လို့ နည်းလမ်းတွေ ရှာကြံစဉ်းစား ထားပြီ ကြိုတင် လုပ်ဆောငထား တာတွေ ဟာ စိတ်ဖိစီးမှုကို လျော့ ကျအောင် ကြိုတင် တားဆီးပေး နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ ။


-ခင်မင်သူတွေနဲ့ ရောက်တတ်ရာရာ စကားပြောဖို့အချိန်ပေးပါ။
လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေကြုံတဲ့ အခါ ကိုယ့်ခင်မင်ရာ မိတ်ဆွေ တွေနဲ့ ဒီလို အကြောင်း အရာ တွေကို တိုင်ပင် ပြောဆို ဆွေးနွေးတာဟာ စိတ်ဖိစီးမှု ကိုလျော့ကျ နိုင်တဲ့ အချက် တစ်ခုပါပဲ။ နောက်ပြီးတော့ မိတ်ဆွေ တွေနဲ့ ရောက်တတ်ရာ ရာပြောဆိုပြီး ရယ်မော နေတာဟာ စိတ်ကို ပေါ့ပေါ့ ပါးပါးလွတ်လပ်စေပါတယ်။
စိတ်ဖိစီးမှု ဒဏ်ခံနေရတဲ့သူဟာ လွတ်လပ်ပေါ့ပါးစွာ ပြုံတာရယ်တာတွေ ကိုမလုပ် နိုင်ပါဘူး။ ရယ်စရာ ကာတွန်းလေးတွေဟာလည်း စိတ်ဖိစီးမှု ကိုလျော့ကျ စေတဲ့ အချက်လေးထဲ က တစ်ခုပါပဲ။ ကျန်းမာ ရေးဟာ လာဒ်ကြီး တစ်ပါး ဖြစ်တာကြောင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အမြဲဂရုစိုက်သင့်ပါ တယ်။

ဟင်းလေးအိုး website မှကူးယူတင်ပြခြင်းဖြစ်ပါသည်...

No comments:

Post a Comment