ပန်းအလှ

ပန်းအလှ

Wednesday, August 18, 2010

ဟဟဟရယ်လိုက်ရ

မှတ်ဥာဏ်နည်းတဲ့ ယောက်ျား

လင်မယား ကွာရှင်းလိုမှုကို တရားရုံးတွင် စစ်ဆေးနေသည်။
တရားသူကြီးက မိန်းမက မေးသည်။
"ခင်ဗျားက ခင်ဗျားယောက်ျားကို ပါးရိုက်တယ်လို့ ဆိုထားတယ်၊ ဟုတ်သလား"
"မဟုတ်ပါဘူး"
"ဗြောင်လိမ်တာပါ"ဟု ယောက်ျားက ဝင်ပြောသည်။
"ရှင့် ပါးစပ်ကို ပိတ်ထားစမ်း၊ နောက်တစ်ချက် ထပ်လိုချင်လို့လား"
ဟု အမျိုးသမီးက စိတ်မရှည်စွာဖြင့် အော်ပြောလိုက်သည်။



သည်းမခံနိုင်ဘူး

ခွေးနှစ်ကောင် စကားပြောနေကြသည်။
"ဟေ့၊ မင်းရဲ့သခင်ကို မင်းကိုက်လိုက်တယ်လို့ သတင်းကြားတယ်၊ ဟုတ်သလား"
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲ"
"ငါရတဲ့ ဆုတံဆိပ်ကို သူ ယူတပ်လို့"



ကူးချထားတယ်

"ဟေ့၊ မောင်ပီတာ၊ မင်းရေးတဲ့ ခွေးအကြောင်းစာစီစာကုံးဟာ မင်းအစ်ကို
မောင်ဂျော်နီရေးတာနဲ့ တစ်ထပ်တည်းပါလား"
"အော် ဒါလား၊ ကျွန်တော်တို့အိမ်မှာ ဒီခွေးတစ်ကောင်တည်း ရှိတာကိုး ဆရာရဲ့"



သတိမေ့ရောဂါ

လူနာ၏ ဇနီးကို လမ်းမှာ တွေ့သည်နှင့် ဆရာဝန်က မေးသည်။
"ခင်ဗျားရဲ့ ခင်ပွန်းသည် နေကောင်းရဲ့မဟုတ်လား၊ သူ့ရဲ့ သတိမေ့တဲ့ ရောဂါ
ပျောက်သွားပြီးလား"
"ကောင်းကောင်းတော့ မပျောက်သေးဘူး ဒေါက်တာ၊ မနက် မီးဖိုချောင်ကို
အဝင်မှာ ပထမဦးဆုံး ကျွန်မခေါင်းကို ဇွန်းနဲ့ ခေါက်၊ ကြက်ဥပြုတ်ကို နှာခေါင်းနဲ့
နမ်းနေတုန်းပဲ"



ဖြစ်ပါ့မလား

လူနာက ဘေးအခန်းမှ အိမ်နီးချင်းကို မေးသည်။
"ကျွန်တော့ အခန်းက ခုလေးတင် ထွက်သွားတဲ့ ဆရာဝန် ခင်ဗျားကို ဘာမှ
မပြောသွားဘူးလား"
"ဘာမှ မပြောပါဘူး။ အဲ တစ်ခုတော့ မေးတယ်။ အခေါင်းကို
အိမ်တံခါးပေါက်ကနေ ထုတ်လို့ရနိုင်ပါ့မလားလို့ မေးသွားတယ်"
ကျေးဇူးရှင်

သူငယ်ချင်းနှစ်ယောက် မီးဖိုချောင်တွင် အရက်သောက်နေကြသည်၊
ပုလင်းကုန်သွားရာ ဆက်သောက်ချင်ကြသဖြင့် အိမ်ရှင်က ပြောသည်။
'ဟေ့ကောင်၊ ငါ့အိပ်ခန်းထဲသွားပြီး ကန့်လန့်ကာနောက် ပြတင်းပေါက်ဘောင်မှာ တင်ထားတဲ့ပုလင်းကို ဆွဲလာခဲ့'
ခဏအကြာတွင် သူငယ်ချင်း ပုလင်းဆွဲပြီး ပြန်လာသည်၊ အိမ်ရှင်ကိုပြောသည်။
'သူငယ်ချင်း ကုန်းတိုက်တဲ့စကား ငါ မပြောတတ်ဘူး ဆိုတာ မင်းသိပါတယ်၊
ဒါပေမယ့် မင်းရဲ့ အိပ်ခန်းထဲမှာ မင်းမိန်းမဟာ တခြားယောကျာ်းနဲ့ အိပ်နေတယ်လို့
ငါထင်တယ်'
'ရှူး...တိုးတိုးပြောပါကွာ၊ မင်းယူလာတဲ့ပုလင်းဟာ သူ့ပုလင်းကွ'



ပထမအကြိမ်ဆိုတော့

ခွဲစိတ်ဆရာဝန် နှစ်ယောက် စကားပြောနေကြသည်။
'သိလား၊ ကျွန်တော့်ဘဝမှာ ပထမဆုံး အကြိမ်အဖြစ်
လူနာရဲ့ ခြေထောက်ကို ဖြတ်တုန်းက စိတ်လှုပ်ရှားမှုကြောင့်
အမှားတစ်ခုကို လုပ်လိုက်မိတယ်'
'ကြီးကျယ်တဲ့ အမှားတော့ မဟုတ်ဘူး မဟုတ်လား'
'ဟင့်အင်း၊ မကြီးကျယ်ပါဘူး၊ ခြေထောက်ကို မှားပြီး ဖြတ်လိုက်မိရုံပါပဲ'



တူ

'ဟဲ့သား၊ တူကို ထုမကစားနဲ့လေ၊ လက်ကို ထိသွားရင် နာနေဦးမယ်'
'စိတ်မပူပါနဲ့ မေမေ၊ သံကို ညီမလေးကိုင်ထားပါတယ်'



မြင်းပြိုင်ပွဲမှာ

မြင်းပြိုင်ပွဲ ကျင်းပနေစဉ် မြင်းတစ်ကောင်က အခြားတစ်ကောင်ကို မေးသည်။
'မင်းဆီမှာ မြင်းကောင်ရေအား ဘယ်လောက်ရှိသလဲကွ'



အပြန်အလှန်ယဉ်ကျေးမှု

ဧည့်ခံပွဲတစ်ခုတွင် ၁၅ - နှစ်သား လူပျိုပေါက်က မိမိနှင့် တွဲကပါရန်
အမျိုးသမီး တစ်ဦးအား သွားဖိတ်သည်။
'ကျွန်မ ကလေးနဲ့ မကဘူး'
'တောင်းပန်ပါတယ်၊ ခင်ဗျား ကိုယ်ဝန်နဲ့ဆိုတာ ကျွန်တော် မသိလို့ပါ'



ရုပ်ရှင်ကြည့်ချင်တယ်

ရုင်ရှင်ကြည့်ရန် ကိုချူချာ ရုပ်ရှင်ရုံသို့ ရောက်လာသည်။ လက်မှတ်ရောင်း
အမျိုးသမီးက ၄င်းကိုပြောသည်။
'လွန်ခဲ့တဲ့ နာရီဝက် အတွင်းမှာ ဒီရုပ်ရှင်ကားကို ကြည့်ဖို့ ရှင် လက်မှတ်လာဝယ်တာ
အခုအခါပါနဲ့ ဆိုရင် ရှစ်ကြိမ်ရှိပြီရှင့်၊ ဘာဖြစ်လို့လဲ့'
'အဝင်ပေါက်မှာ ငနဲတစ်ကောင် ကျွန်တော့်လက်မှတ်ကို အကြိမ်တိုင်း ဆွဲဖြဲပစ်လို့'



အထင်မှား

” ကျုပ်သမီးကို ဘမောင်ဆိုတဲ့ကောင် ခိုးပြေးသွားတယ်ဗျာ”
” ဘယ်သူမပြု မိမိမှုတဲ့၊ ခင်ဗျား သူ့ကိုအိမ် ခဏ ခဏ လာခွင့်ပြုတာကိုး”
” ကျွန်တော့်မိန်းမကို ဒီကောင် လာပိုးတယ် ထင်မိတာကိုးဗျ”



ခွင့်မလွှတ်ချင်ဘူး

ယောကျာ်းနှင့် စိတ်ဆိုးပြီး မိန်းမဖြစ်သူ အိမ်မှထွက်သွားသည်။ သို့သော်
ရက်မကြာမီ ပြန်ရောက်လာသည်၊ မှားကြောင်း ဝန်ခံပြီး မိမိကိုခွင့်လွှတ်ပါရန်
ယောက်ျားအား တောင်းပန်သည်၊ ယောက်ျားက ပြောသည်။
” မင်းအိမ်က ထွက်သွားတာ ငါခွင့်လွှတ်တယ်၊ ဒါပေမယ့်
ပြန်လာတာကိုတော့ လုံးဝ ခွင့်မလွှတ်ဘူးဟေ့။”



မျှော်လင့်ချက်

”မောင်၊ မြစ်ထဲကို အချစ်ခုန်ဆင်းရင် မောင် ဆင်းကယ်မှာလားဟင်” ဟု
ကောင်မလေးက ကနွဲ့ကရမေးရာ ကောင်လေးက မျှော်လင့်သံဖြင့် ပြန်ဖြေသည်။
” ကယ်မှာပေါ့လို့ မောင်ဖြေရင် အချစ် တကယ် ခုန်ဆင်းမှာလားဟင်”



ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။
” မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွ့ယ်၊ မနေ့က လေ့ကျင့်ခန်း စာအုပ်မပါဘဲ
ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာအုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့
စစ်သားကို ဘယ်လို ခေါ်လဲ သိလား”
“သိပါတယ်၊ ဗိုလ်ချုပ်ကြီး”



ချူချာစစ်သား (၁)

ဗိုလ်ကြီးချူချာက အနုမြူအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ တပ်သားများကို
ညွှန်ကြားနေသည်။
” ပေါက်ကွဲမှုဟာ ကိုယ့်ရဲ့အနီး အနားမှာဖြစ်ရင် ပေါက်ကွဲတဲ့ဘက် မျက်နှာမှုပြီး
ဝပ်ချလိုက်၊ သံခမောက်ကို နဖူးအထိဆွဲချ၊ သေနတ်ကိုတော့ ဗိုက်အောက်မှာထား”
” သေနတ်ကို ဘာအတွက် ဗိုက်အောက်မှာ ထားရမလဲ့ ခင်ဗျာ”
”သေနတ် အရည်မပျော်သွားအောင်လို့”



မသိဘူး

မော်စကိုမြို့လယ် ဂေါ်ကီလမ်းအတိုင်း ညမှောင်ရီပျိုးစ အချိန်တွင် ကိုချူချာ
လမ်းလျှောက်လာသည်၊ အရက်မူးနေသော လူတစ်ယောက်
အနားကပ်လာပြီးမေးသည်။
” ဟေ့ ချူချာ ကောင်းကင်မှာ လင်းနေတဲ့ ဥစ္စာ နေလား၊ လလားဟင်”
ကိုချူချာ ကောင်းကင်ပေါ် မော်ကြည့်လိုက်သည်၊ ထို့နောက်ပြောသည်။
”မသိဘူးဗျ၊ ကျွန်တော် ဒီအရပ်က မဟုတ်ဘူး”



အကြွေးရှင်လာပြီ

တောရွာတစ်ရွာရှိ အရက်ဆိုင်တွင် ဖြစ်သည် ၊
အီဗန်သည် အရက်သောက်နေသူများကို ငေးကြည်.နေသည်၊
မိမိကိုယ်တိုင်မူ မသောက်ချေ၊ ဆိုင်ရှင်က ၄င်းအနားကပ်လာပြီး မေးသည်။
'' ဟေ. အီဗန်ဘာလို. မသောက်တာလဲကွ ''
'' ပိုက်ဆံမရှိလို.ပါ ၊ အဲ- အိမ်ကနွားသားလေးကို ရောင်းပြီးရင်တော့လား
စိတ်ကြိုက် သောက်လိုက်စမ်းမယ် ''
အရက်ဆိုင်ရှင်၏ မျက်လုံးများ ကျယ်လာသည်။
'' ဒီလိုလုပ်၊ မင်းကိုငါ အရက်အကြွေး ရောင်းမယ်လေ၊ နွားလေးရောင်းပြီးမှ
ပြန်ဆပ်ပေါ့။”
ဆိုင်ရှင်က အရက်ငှဲ့ပေးလိုက်သည်၊ အီဗန် မနားတမ်း မော့ချလိုက်သည်၊
နောက်နေ့များတွင်လည်း အီဗန် ပုံမှန်လာသောက်သည်။ ၇
ရက်တိတိ ကြာသွားသည်၊ ဆိုင်ရှင်က ပြောသည်။
'' အီဗန်၊ မင်းကိုငါ တိုက်တဲ့ အရက်ဖိုးဟာ
နွားသားလေးရဲ. တန်ဖိုးနဲ့ ညီတူညီမျှ ဖြစ်နေပြီကွ၊ အဲဒါကြောင်.
ငါ့ကို မင်းရဲ့ နွားသားလေးပေးပါတော. ''
အီဗန်နှင့်အတူ အီဗန်၏ အိမ်သို့ ဆိုင်ရှင် လိုက်လာသည်၊ အိမ်ရှေ.ရောက်သောအခါ
အီဗန်က လှမ်းအော်ပြောသည်။
'' မိန်းမရေ၊ နွားမကို နွားထီးဆီ ခေါ်ထုတ်လာခဲ့ဟေ့၊
ဒီမှာ နွားသားလေးယူမယ့်လူ ရောက်နေတယ် ''



မထိုးဘူး

မရန်းပင်ပေါ် ရောက်နေသော မောင်နီက တစ်ဘက်ခြံမှ သူငယ်ချင်းဖြစ်သူ မောင်ကြွက်ကို လှမ်းအော်ပြောသည်။
'' ဟေ.ငကြွက်၊ မင်းကိုဆေးထိုးဖို့ ဆရာဝန်လာနေပြီဟေ. ။
'' ကျေးဇူးပဲ ငနီ ၊ အိမ်ကခွေးကို အခုပဲ ကြိုးဖြေပေးလိုက်မယ် ''



ခက်အောင်မလုပ်ပါနဲ့

စိတ်ရောဂါအထူးကု ဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိတ်ထားသော စာတန်း။
''ဆရာဝန်နှင့် တွေ.ရန် စောင့်နေကြသော လူနာများခင်ဗျား ၊
မိမိတို့ ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင်. ၊
ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနှိင်ပါသည်။ ''



လက်ဆောင်ပေးရင်သုံးရတယ်

အဘိုးကြီးနှင့် အဖွားကြီး လင်မယားနှစ်ယောက် စကားပြောနြေ ကသည်။
'' မစိန် ၊ မနက်ဖြန် မင်းမွေးနေ့မှာ ငါဘာလက်ဆောင် ပေးရမလဲပြော ''
'' သင်္ချိုင်းမှာ ကျွန်မအတွက် မြေတစ်နေရာ ဝယ်ပေးထားပါတော်''
နောက်တစ်နှစ်ကြာသော် အဘွားကြီးက အဘိုးကြီးကို ပြောသည်။
'' ကိုမြ ၊ မနက်ဖြန် ကျွန်မမွေးနေ. ၊ အဲဒါ ဘာလက်ဆောင် ပေးမလဲပြော ''
'' ဘာမှမပေးဘူး ၊ မနှစ်က ငါပေးတဲ့ လက်ဆောင်ကိုတောင်
မင်းအခုထိ အသုံးမပြုရသေးဘူး ''

No comments:

Post a Comment