ပန်းအလှ

ပန်းအလှ

Sunday, September 5, 2010

ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသားများ စာရင်းကို သွေးစုပ် ဖုတ်ကောင်များ စိုးမိုးနေ




ယူကေတွင် အချမ်းသာဆုံးလူ စာရင်းဝင်ဖြစ်သလို Forbes ၏ ကမ္ဘာ့ အထင်ရှားဆုံး ကျော်ကြားသူ စာရင်းလည်း ဝင်ခဲ့သော “Twilight” သွေးစုပ်ဖုတ်ကောင် ဇတ်ကားမှ သရုပ်ဆောင် ရောဘတ် ပတ်တင်ဆန်သည် ယခုအခါ ဗြိတိသျှ ဖက်ရှင် မဂ္ဂဇင်း “Glamour” က မဲပေး ရွေးချယ်သော “World’s Sexiest Man” စာရင်းတွင်လည်း ၂ နှစ် ဆက်တိုက် ထိပ်ဆုံး ရောက်လျက်ရှိသည်။

ရောဘတ် ပတ်တင်ဆန် ၏ နောက်တွင် “Twilight” ဇတ်ကားမှပင် သမန်းဝံပုလွေ “Jacob Black” အဖြစ် သရုပ်ဆောင်သည့် တေလာ လော့ဒ်နာသည် ဒုတိယနေရာ လိုက်လျက်ရှိသည်။

ယခုနှစ်ပိုင်းတွင် “Twilight” ဇတ်ကားများ၏ အောင်မြင်မှု နှင့် အတူ အခြား သွေးစုပ်ဖုတ်ကောင် ဇတ်ကားများသည်လည်း လူကြိုက်များလာရာ ထိပ်ဆုံး ၅ ဦးတွင် ကျန် ၃ နေရာသည်လည်း “Twilight” ရုပ်ရှင်ဇတ်လမ်းတွဲ နှင့် အခြား သွေးစုပ်ဖုတ်ကောင် ဇတ်ကား “The Vampire Dairies” မှ မင်းသား ၃ ဦးက နေရာယူလျက်ရှိသည်။

ပင်လယ်ဓါးပြ ကပ္ပတိန် ဂျက်စပဲရိုးအဖြစ် သရုပ်ဆောင်သော မင်းသား ဂျွန်နီဒိပ့်သည် ပြီးခဲ့သောနှစ်က ဒုတိယနေရာမှ ယခုနှစ်တွင် နံပါတ် ၆ နေရာ သို့ ရောက်ရှိသွားသည်။ ထို့ပြင် ဟောလိဝုဒ် အကျော်အမော် ဘရက်ပစ် သည် ၃၃ နေရာသို့လည်းကောင်း ဒေးဗစ်ဘက်ခမ်းသည် ၂၁ နေရာသို့လည်းကောင်း လျှောကျသွားခဲ့သည်။

သရုပ်ဆောင် မင်းသားကြီး ဂျောဒ့်ကလူနီး သည်လည်း နံပါတ် ၇ မှ နံပါတ် ၃၅ သို့ ကျသွားသလို နာမည်ကျော်များ ဖြစ်သော မင်းသား ဂျူဒ့်လော နှင့် လီယိုနာဒို ဒီကက်ပရီယို တို့သည်လည်း ထိပ်ဆုံး ၅၀ ဦးစာရင်းမှ ထွက်သွားပြီဖြစ်သည်။

၂၀၁၀ အတွက် Glamour.com မှ ရွေးချယ်သည့် ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား ၅၀ စာရင်းမှ ထိပ်ဆုံး ၁၀ ဦးကိုဘော်ဘော်တွေအတွက် ကော်နှုတ် ဖော်ပြလိုက်ပါသည်။

နံပါတ် 10 Channing Tatum

အသက်- 30

http://patheincity.com/news//HLIC/f4a8e67fc498ac48e0be135cf9ae2aa2.jpg

နံပါတ် 9 Hayden Christensen

အသက်- 29

http://patheincity.com/news//HLIC/f74af6904405b83c20cc633e9bd1901f.jpg


နံပါတ် 8 Gerard Butler

အသက်- 40

http://patheincity.com/news//HLIC/ea19f00a13e890aaa357767def550cfc.jpg

နံပါတ် 7 Justin Bieber

အသက်- 16

http://patheincity.com/news//HLIC/7ec01e6ac9150425f7c6b75dcc705982.jpg

နံပါတ် 6 Johnny Depp

အသက်- 47

http://patheincity.com/news//HLIC/6183f0de185e90bab94fd8c59d27801b.jpg

နံပါတ် 5 Kellan Lutz

အသက်- 25

http://patheincity.com/news//HLIC/45e19c0ea2646d60fc3df9f2345d7317.jpg

နံပါတ် 4 Xavier Samuel

အသက်- 26

http://patheincity.com/news//HLIC/de131de5b95269ac0eb8302f2543d034.jpg

နံပါတ် 3 Ian Somerhalder

အသက်- 31

http://patheincity.com/news//HLIC/1c64bd21481ea736ddd905f052401f44.jpg

နံပါတ် 2 Taylor Lautner

အသက်- 18

http://patheincity.com/news//HLIC/a0d5c5cfe20731bd210b4db76c3add6c.jpg

နံပါတ် 1 Robert Pattinson

အသက်- 24

http://patheincity.com/news//HLIC/f67a48cb8b1245c3bf3fd0e0c9fa12b0.jpg

1 comment:

  1. ကျေးဇူး မြင်ဖူးသွားပြီး ဗဟုသုတ ရစရာလေးမို့ တကယ်ကျေးဇူးပါ ခုမှရောက်ဖူးတာပါ ကိုလတ် ရေ ။

    ReplyDelete