ပန်းအလှ

ပန်းအလှ

Monday, October 4, 2010

Q မည့်သူများနှင့် အ Q ခံမည့်သူများ သတိ

အချိန်ကို ချက်ရွန်း ထဲမှာတော်တော် အသုံးပြုလာကြတယ် .... ကောင်းသော chat ခြင်း
ဟာပြသာနာ မရှိပေမယ့် Q တဲ့သူတွေကတော့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့
ဝင်လာကြပါတယ်။

တချို့က အချိန်အားနေလို့ တချို့ကရည်းစားရှာချင်လို့ တချို့ကလဲ
သူငယ်ချင်းလိုချင်လို့ စသဖြင့် ဦးတည်ချက် အမျိုးမျိုးနဲ့ပါပဲ။ ကောင်းသော
ရည်ရွယ်ချက်နဲ့ဆို ပြသာနာ မရှိပေမယ့် မကောင်းသော ရည်ရွယ်ချက်နဲ့ဆိုရင်
ပြသာနာ တစ်ခုမဟုတ်တစ်ခု ၀င်တတ်ပါတယ။်

အွန်လိုင်းပေါ်မှာ လိမ်တဲ့သူတွေ တော်တော်များပါတယ်။ မပါးမနပ်နဲ့ ဆိုရင်
သူတို့လက်ချက် မိသွားနိုင်ပါတယ်။ မိမိလိပ်စာနဲ့ ဖုန်းနံပါတ်တွေကို
အလွယ်တကူယုံပြီး မပေးသင့်ပါဘူး။ မိန်းကလေးတွေ အနေနဲ့လည်း မိမိဓာတ်ပုံကို
သူများကိုပြခြင်း ပြု ခြင်းကို သတိရှိသင့်ပါတယ်။

ချက်ရင်းနဲ့ တချို့လည်း သမီးရည်းစားဖြစ် ချစ်သူရ ဒါမျိုးတွေလည်းရှိပါတယ်။
ဒါပေမယ့် အဆင်မပြေတော့တဲ့ အခါကျရင် ယောင်္ကျားလေးတချို့ဟာ မစားရတဲ့
အမဲသဲနဲ့ ပတ်သလိုမျိုး မိမိနဲ့ရည်ငံ ခဲ့တဲ့ ကောင်မလေးတွေရဲ့ဓာတ်ပုံ
ကိုယူပြီး အွန်လိုင်းမှာ မတော်မတရားတာတွေ လုပ်တာ တွေ့လာရတယ်။ သူနဲ့ပဲ
တခုခုမှားယွင်းခဲ့သလိုလို လိုက်ဝါဒဖြန့်ပြီး တွေ့ရင်အကြောင်းကြားပေးပါ
ဆိုပြီးလုပ်တတ်လာကြတယ်။

မိန်းကလေးတွေ တချို့ကြတော့လဲ ရည်းစားရှိရဲ့သားနဲ့ သာယာမူရှာချင်ရုံ
သက်သက်အတွက် ယောင်္ကျားလေးတချို့ကို အသုံးချတာတွေ့ရပါတယ်။ အဲဒီပွဲမှာ
ခံရတဲ့သူတွေကတော့ ရိုးအလွန်းပြီး သူများပြောသမျှ အလွယ်တကူ
ယုံတတ်တဲ့သူတွေပါပဲ။ အတွေ့အကြုံ မရှိတဲ့သူတွေလည်း ခံရတတ်ပါတယ်။

အွန်လိုင်းဆိုတာ စိတ်ချင်းရင်းနှီးဖို့ ပိုလွယ်ပါတယ်။
လူချင်းကလဲမတွေ့ရတော့ လူကဲခတ်လို့လည်းမရပါဘူး။ စိတ်မှန်းနဲ့ပဲ
ရမ်းသန်းပြီးယုံရတာမျိုးပါ။ အင်မတန် အန္တရယ်များပါတယ်။
လူချင်းတွေ့ရင်တောင် ထိုလူရဲ့ စိတ်နဲ့ရုပ် ကိုအကဲခတ်ရတာ မလွယ်တာ
စိတ်ချင်းသက်သက်မှန်းဆပြီး ဆိုရင်တော့ ပြောဖွယ်ရာမရှိတော့ဘူး။

video chat နဲ့ရုပ်မြင်ရပေမယ့် တကယ်တမ်း အပြင်မှာ ချိန်းတဲ့ အခါကျတော့
အွန်လိုင်းထဲကရုပ်နဲ့ တဲခြားစီ ဖြစ်နေတတ်ပါတယ်။ သူကလဲ
ရုပ်ကိုလှည့်စားတတ်တဲ့ သဘာဝရှိတာကိုး။ အဲဒီအခါကျမှ ပြသာနာပေါ်တတ်ပါတယ်။
အပြင်မှာတွေ့မှ မျက်စိစွေနေတာနဲ့ ဖက်တီးကြီးဖြစ်နေတာနဲ့
ကိုယ်မျှော်မှန်းထားတာနဲ့တခြား
စီ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါကျမှ ကုန်ခဲ့တဲ့
အချိန်တွေ အတွက်နောင်တ ရသွားပါလိမ့်မယ်။

တချို့ကျတော့လဲ ချက်တင်ကို အလွန်အမင်း စွဲလမ်းပြီး ဘာပဲဖြစ်ဖြစ် ချက်မယ်
ဆိုတာမျိုးလည်း ရှိပါတယ်။ ဟိုဘက်ကလဲ လူလိမ် ဒီဘက်ကလဲ လူလိမ် ဆိုရင်တော့
ပြသာနာမရှိပါဘူး။ ဘဲစားဘဲချေပေါ့။ တဖက်ကလိမ်ပြီး တဖက်ကအမှန်ဆိုရင်တော့
မှန်တဲ့သူ ခံရတော့မှာပါ တစ်ဖက်ကလိမ်နေပြီကိုး။

တချို့အိမ်ထောင်သည် အမျိုးသားတွေကလည်း လူပျိုပါဆိုပြီး မိန်းကလေးတွေကို
လိမ်တာတွေလည်းရှိပါတယ်။ အပြောကောင်းအချွဲကောင်းရုံနဲ့ မကျလိုက်ပါနဲ့
စားနေကျကြောင်ဖားတွေဟာ ဘယ်လိုအပြောမျိုးနဲ့ဆို တစ်ဖက်လူကျမလဲဆိုတာ
ကောင်းကောင်းသိပါတယ်။ ကိုယ်လည်းသာယာမူရှာရုံ သက်သက်ပဲဆိုရင်တော့
ဆက်သာလုပ်ကြပါ။ ပြသာနာမရှိပါဘူး။

ချက်တင် တချိန်လုံး ထိုင်နေတဲ့ လူငယ်လူရွယ်များကတော့ မိမိဘ၀ တိုးတက်ရာကို
မရှာပဲနဲ့ အချိန်ဖြုန်းနေရင် ရွယ်တူ ကြိုးစားတဲ့သူများက
ကျော်တက်သွားပါလိမ့်မယ်။ နောင်တ နောင်မှ ရကြပါလိမ့်မယ်။ ချက်တင်ရဲ့သဘောက
စွဲလန်းစေတဲ့သဘောရှိပါတယ် စိတ်မနိုင်ရင် ဖြတ်ရခက်ပါတယ်။
စမိရင်မဆုံးတော့ပါဘူး။ အဲဒီအတွက် အချိန်လည်းကုန် ပိုက်ဆံတွေလည်း
ကုန်ပါလိမ့်မယ်။

ချက်တင်ကြီးပဲ တချိန်လုံး လုပ်နေကြမယ့်အစား ဗဟုသုတရစေမယ့် ဖိုရမ်တွေမှာ
ဝင်ဆွေးနွေးခြင်း ဘလော့တွေမှာ ၀င်ရောက်ရေးသားခြင်း နည်းပညာများလေ့လာခြင်း
ဝက်ဘ်ဆိုဒ် များကြည့်ရှုခြင်း အသုံးတည့်မည့်ဆော့ဖ်ဝဲများကို
ဒေါင်းလုတ်ဆွဲချခြင်း အီးဘွတ်ခ်များဖတ်ရှုလေ့လာခြင်း
စသဖြင့်အွန်လိုင်းကို အကျိုးရှိစွာအသုံးချလို့ရပါတယ်။

အခုအခါမှာ အွန်လိုင်းကနေ နည်းပညာနဲ့ ဘာသာစကားများကို အခမဲ့ လေ့လာလို့
ရနေပါပြီ။ စီးပွားရေး စိတ်ဝင်စားသူများကလည်း အွန်လိုင်းကနေ
ပိုက်ဆံရှာလို့ ရနေပါပြီ မသိသူကျော်သွား သိသူဖော်စား ခေတ်ကို
ရောက်နေပါပြီ။ နည်းပညာနဲ့ အဆက်အသွယ် မပြတ်စေဖို့ပဲ လိုပါတယ်။

အွန်လိုင်းကနေတဆင့် မိတ်ကောင်းဆွေကောင်း တွေနဲ့တွေ့ပြီး မိမိဘ၀ တခုလုံး
ပြောင်းလဲသွားတဲ့ သူတွေလည်းရှိနေပါပြီ။ သူတို့ဆီကနေ ရတဲ့အကြံဥဏ်တွေကို
အသုံးချပြီး မိမိဘ၀ တိုးတက်အောင် လုပ်လို့ရနေပါပြီ။ တကယ်တော့ ကမ္ဘာကြီးဟာ
နည်းပညာရဲ့ ပေါင်းကူးမူကြောင့် တစ်ယောက်နဲ့တစ်ယောက် မဝေးတော့တဲ့ နေရာမှာ
ရောက်နေပါပြီ။ တစ်ယောက်အသိဥဏ် တစ်ယောက်ဖလှယ်ရင်းနဲ့ ပိုမိုကောင်းမွန်တဲ့
အနာဂတ်တွေကို ပိုင်ဆိုင်ခွင့်ရနေပါပြီ။
မည်သူမည်ဝါကိုမှ မရည်ရွယ်ပါ.....
မှတ်ချက်..ချောကလက်မြို့ တော်မှကူးယူဖော်ပြသည်။

No comments:

Post a Comment