ပန်းအလှ

ပန်းအလှ

Thursday, July 29, 2010

မိုးဟေကိုနှင့်အင်တာဗျူး

မော်ဒယ်လ်ခေတ်ဦးပိုင်းကတည်းက အနုပညာလောကသို့ ခြေချခဲ့ပြီး ကာလအတော်ကြာပြီးနောက်မှ တစ်ဖန်ပြန်လည်လှုပ်ရှားလာပြီး ယနေ့တွင် ထိပ်တန်းမင်းသမီး စာရင်းဝင်နေပြီဖြစ်သူမှာ မိုးဟေကိုပင် ဖြစ်သည်။ အနုပညာအလုပ်တစ်ဖက်နှင့် ဖက်ရှင်ဆိုင်ဖွင့်လှစ်ကာ စီးပွားရေး ခြေလှမ်းစိပ်လာသူ မိုးဟေကိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဒီနှစ်ထဲမှာ ရုပ်ရှင်ကားတွေ ဆက်တ်တိုက်ရိုက်ရတော့ တစ်ကားနဲ့ တစ်က်ကားမှာ ယုံကြည်မှုတွေ ဘယ်လောက်ထိတိတိုးတက်လာလဲ။

တစ်ကားနဲ့တစ်ကား ယုံကြည်မှုကတော့ မတူတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကတော့ အရင်တည်းကရှိတယ်။ကိုယ်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကို မလုပ်ဘူး။ ကိုယ်ကိုယ်တိုင်လုပ်နိုင်တယ်ထင်မှ၊ ယုံကြည်မှုရှိမှပဲ လက်ခံဖြစ်တာပါ။

ဇာတ်ကောင်ရွေးချယ်မှုနဲ့ ပတ်သက်ရင် ညီမ ရွေးချယ်တဲ့ဇာတ်ကောင်လေးတွေ ပိုပီပြင်အောင် သရုပ်ဆောင်တတ်တာ တွေ့ရတယ်။ ဘယ်လိုအားထုတ်မှုတွေနဲ့ လုပ်တတ်ပါသလဲ။

ကိုယ်ရွေးတဲ့ဇာတ်ကောင်နဲ့ အနီးစပ်ဆုံး၊ သဘာဝကျအောင်၊ ငါသာအပြင်မှာ တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်ကလေးနဲ့ မိုးဟေကိုဆိုတဲ့ ကောင်မလေးတစ်ယောက်ကို မေ့ထားပြီး နီနီဆိုလည်းနီနီ၊ ဖြူဖြူဆိုလည်း ဖြူဖြူရဲ့စိတ်ကို သွင်းလိုက်တာပေါ့နော်။

ဒရာမာကားတွေမှာ ညီမမျက်ရည်ကျတဲ့ အခန်းတွေဆို ပရိသတ်တွေကပါ လိုက်ပြီးမျောပါသွားကြတယ်လို့ အသံတြွေကားရတယ်။ အထူးသဖြင့် “အချစ်နှင့်ကံ”လို ဇာတ်ကားမျိုးမှာ ညီမရဲ့ အငိုခန်းတွေကို ဘယ်လိုကြိုးစားခဲ့ရလဲ။

အရမ်းပင်ပန်းပါတယ်။ တစ်နေ့လုံး ရှုတင်မှာ မိုးဟေ တကယ်ကိုလည်း ခေါင်းတွေတောင် ကိုက်ရပါတယ်။ မျက်ရည်အစစ်နဲ့ သူတို့ပြောတဲ့ ကာရိုက်တာရဲ့ ဒိုင်ယာလော့ဂ်ထဲမှာ ပါသွားပြီးတော့ စိတ်ကိုတကယ်ခံစားပြီး တကယ်မျက်ရည်ကျရတော့ တကယ်လည်း ပင်ပန်းတယ်။ အဲဒါကြောင့် ပရိသတ်ကလည်း ကိုယ်နဲ့ထပ်တူ အဲဒီဝမ်းနည်းမှုထဲမှာ ပါသွားတယ်လို့ ထင်ပါတယ်။

အချစ်ရေးက နွေးနွေးထွေးထွေးရှိပါတယ်ဟု ပြေတီဦးပြောကြား

ယခုနှစ်အတွင်း အိမ်ထောင်ရေး၊ အချစ်ရေးသတင်းတချို့ ထွက်ပေါ်ခဲ့ဖူးသော နာမည်ရမင်းသား ပြေတီဦးသည် ယခုရက်ပိုင်းအတွင်း နာမည်ကြီးမင်းသမီးတစ်ဦးနှင့် အချစ်ရေးသတင်းများ ထွက်ပေါ်လာခဲ့ရာ ၎င်းနှင့် ဇူလိုင်လ၂၂ရက်နေ့က ရိုက်ကွင်းတစ်ခုပေါ်တွင် တွေ့ဆုံခဲ့ခြင်းကြောင့် မေးမြန်းရာတွင် "ကျန်တဲ့အကြောင်းတွေတော့ သိပ်မဖြေချင်သေးဘူး။ အချစ်ရေးကတော့ အေးအေးဆေးဆေး နွေးနွေးထွေးထွေးပါပဲ"ဟု ဖြေကြားခဲ့သည်။

Pyayti Oo & Eaindra Zin Kyaw


ပရိသတ်က သိချင်နေကြသည့် အနုပညာရှင်တစ်ဦးနှင့် ချစ်သူဖြစ်သွားပြီလားဟု မေးမြန်းမှုကို မင်းသားက "အဲဒါတွေကတော့ ကျွန်တော်တို့ နောက်မှပဲ အတိအကျပြောပါမယ်။ ဒီနှစ်ထဲမှာ အိမ်ထောင်ပြုဖို့တော့ မရှိသေးပါဘူး"ဟု ဖြေကြားခဲ့သည်။ ဘယ်တော့လောက်များ အသိပေးချင်ပါသလဲဆိုခြင်းကိုမူ "အချိန်တန်ပြီဆိုရင် အသိပေးမှာပါ"ဟု ပြန်လည်ဖြေကြားခဲ့သည်။ ပြေတီဦးသည် ယခုနှစ် အစောပိုင်းကာလတွင်လည်း အနုပညာရှင်တစ်ဦးနှင့် အချစ်ရေးသတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းအချိန်က 7Day News ဂျာနယ်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ယင်းမေးမြန်းချက်များအနက် အိမ်ထောင်ပြုဖို့ ဖိတ်စာရိုက်ပြီးပြီဆိုသည့် မေးမြန်းချက်အား မင်းသားက "အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိသေးပါဘူး။ လောလောဆယ် ကြိုက်မယ့်သူကို မရှိသေးတာပါ"နှင့် ယင်းအချိန်ကလည်း မင်းသမီးတစ်ဦးနှင့် သတင်းကို မေးမြန်းချက်အား "မဟုတ်ရပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေပါဗျာ"ဟု
ဖြေကြားခဲ့သည်။

ဂျေမီနှင့်အင်တာဗျူး

ဘ၀ရဲ့နိဗ္ဗာန်ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်စီးရီးကို ဒီနှစ်ပွင့်လင်းရာသီလောက်မှာ ဖြန့်ချိဖို့မှန်းထားတဲ့ ဟစ်ဟော့ပ် အဆိုတော်ဂျေမီနဲ့ ဒီတစ်ပတ်အင်တာဗျူးကဏ္ဍကို တင်ဆက်ဖြစ်ပါတယ်။ ဂျေမီဟာ အသက်အရွယ် ငယ်ရွယ်သော်လည်း သူ့ရဲ့ ဟစ်ဟော့ပ်ဂီတနယ်ပယ်မှာတော့ လူငယ်တွေအပေါ် အထိုက်အလျောက် လွှမ်းမိုးသြဇာရှိတဲ့သူတစ်ဦးဖြစ်ပြီး ဟစ်ဟော့ပ်သမားအချင်းချင်းရဲ့ လေးစားအားကျမှုကိုလည်း ရရှိထားသူတစ်ဦးပါ။ သူ့ရဲ့ ပွင့်လင်းလွတ်လပ်တဲ့ စကားများကို ခံစားကြည့်ကြပါဦး။

“ဘ၀ရဲ့နိဗ္ဗာန်”အခွေ ဘယ်လပိုင်းလောက် ထွက်မလဲ။

စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလောက် ဖြစ်မယ်ထင်တယ်။ အခွေထွက်မှာက သေချာတယ်။ ထွက်မယ့်ရက်ကို ကျွန်တော်အမြဲတမ်း နောက်ပြန်ဆုတ်တတ်တယ်။ တခြားထွက်မယ့်ခွေနဲ့ တိုက်တတ်တာမျိုးတွေရှိရင် တစ်ယောက်နဲ့တစ်ယောက် ရှောင်တာကောင်းတယ်။

သီချင်းဖန်တီးတဲ့နေရာမှာ အချစ်တို့၊ တစ်ကိုယ်ရည် ခံစားချက်တို့အပြင် ဒီ့ထက်ပိုကျယ်ပြန်တဲ့ အကြောင်းအရာလေးတွေကို ရေးဖို့ရှိလား။

လူမှုရေးတို့၊ စီးပွားရေးတို့ ကျွန်တော် အမြဲတမ်းရေးပါတယ်။ ဂီတကလည်း စီးပွားရေးပဲလေ။ ခိုးကူးကြောင့်သာ အခွေတွေ မထုတ်နိုင်ကြတော့ ရှိုးပွဲက စီးပွားရေးလို ဖြစ်သွားတာပေါ့။ လူတွေမေ့နေကြတာက ရေတွေ၊ တိမ်တွေ၊ မြစ်တွေ၊ ချိုင့်ဝှမ်းတွေ၊ တောင်တန်းတွေအကြောင်းတွေ မေ့နေကြတာ။ အဲဒီအကြောင်းတွေကို ဘယ်သူကမှ ထည့်ရေးဖို့ မစဉ်းစားကြဘူး။ ဘ၀ရဲ့နိဗ္ဗာန်မှာ အဲဒီအကြောင်းတွေ ပါပါတယ်။

၂၁၈၂ မှာ ကမ္ဘာကို ဂြိုလ်သိမ် တစ်ခုဝင်တိုက်နိုင်"

၂ဝ၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတာ ကတော့ မဟုတ်ခဲ့ပါဘူး။ ဒီတစ်ခါ တော့ သိပ္ပံပညာရှင်တွေက တရားဝင်ကျေငြာခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါ တော့ ၂၁၈၂ ခုနှစ်မှာ ကမ္ဘာကို အလွန်ကြီးမားတဲ့ ဂြိုလ်ကြီးတစ်ခု က ဝင်တိုက်မှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးပြောကြားခဲ့ပါတယ်။ (မကြောက်ပါနဲ့ အခုဒီစာကို ဖတ်နေတဲ့သူတွေ ၂၁၈၂ ခုဆိုရင် တစ်ယောက်မှမရှိတော့ပါဘူး)။ ယင်းဂြိုလ်ကြီးကိုတော့ 1999 RQ36 လို့နာမည်ပေးထားပြီး ကမ္ဘာကို ဝင်တိုက်နိုင်ခြေ တစ်ထောင်ပုံ တစ်ပုံ ရှိတယ်လို့ဆိုပါတယ်။ အကြမ်းအားဖြင့်တော့ ၂၂ဝဝ မတိုင်ခင် ဝင်တိုက်မှာဖြစ်ပြီး အသေးစိတ်ခန့်မှန်းချက်အရကတော့ စက်တင်ဘာလ ၂၄ရက်နေ့ ၂၁၈၂ မှာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြခြင်းဖြစ်ပါတယ်။ ထိုဂြိုလ်ကြီးကိုတော့ ပထမဆုံး အနေအဖြင့် ၁၉၉၉ ခုနှစ်ကတည်းက တွေ့ရှိထားခဲ့တာဖြစ်ပါတယ်။ ဝင်တိုက်ခဲ့ရင်တော့ ကမ္ဘာဟာ ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များကတော့ ထိုဂြိုလ်ကြီး ကမ္ဘာကို ဝင်တိုက်မှု့ မရှိအောင် အချိန် နှစ်ပေါင်း (၁ဝဝ) ကျော်အတွင်းမှာ လမ်းကြောင်းပြောင်းသွားရန် ကြိုးစားကြမှာဖြစ်ပါတယ်။ ၂ဝ၈ဝ ခုနှစ်နောက်ပိုင်းမှာဆိုရင်တော့ ထိုဂြိုလ်ကြီးကို ယခုကဲ့သို့ အစက်ပျောက် ပုံစံမျိုး မကမြင်တွေ့ကြရတော့မှာ မဟုတ်သလို ကမ္ဘာကို ဝင်တိုက်ဖို့လာတဲ့ လမ်းကြောင်းပြောင်းအောင် လုပ်ဖို့ ဆိုတာလဲ မဖြစ်နိုင်တော့ဘူးလို့ နောက်ဆုံး လေ့လာချက်များမှာတွေ့ရှိခဲ့ရပါတယ်။ အချိန်ကြာမြင့်စွာ တွေ့နေခဲ့ရတာကတော့ကြာပြီး ဖြစ်သလို ဝေးသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ထိုဂြိုလ်ကြီးဟာ Apophisြိဂိုလ်ထက်နှိုင်းယှဉ်ရင်တော့ သေးပါတယ်။ Apophis ဆိုတဲ့ ဂြိုလ်ကြီးကတော့ ၂ဝ၃၆ မှာ ကမ္ဘာကို ဝင်တိုက်နိုင်ခြေ နှစ်သိန်းခွဲပုံ တစ်ပုံ ရှိတဲ့ ဂြိုလ်သိမ် ကြီးဖြစ်ပါတယ်။ Maria Eugenia Sansaturio နှင့် စပိန် နိုင်ငံ က Universidad de Valladolid မှ သိပ္ပံပညာရှင်များ တွက်ချက်မှု့အရတော့ ၂၂ဝဝ မတိုင်ခင်မှာ ထိုဂြိုလ်ဟာ ကမ္ဘာကြီးကို ဝင်တိုက်မယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ နေ အနောက်မှာကွယ်နေပြီး ၂ဝ၁၁ မှာ နွေဦးကာလမှာ နောက်တစ်ကြိမ်ပြန်လည် မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၈ဝ မတိုင်ခင်မှာ လမ်းကြောင်းလွဲဖို့ ကြိုးပမ်းကြရမှာဖြစ်ပြီးအခုအချိန်မှစပြီး ၂ဝ၆ဝ အတွင်းမှာ လမ်းကြောင်းလွဲခြင်းဟာ ပိုလွယ်ကူပြီး အကျိုးသက်ရောက်မှု့ရှိမှာ ဖြစ်ပါတယ်။ ဒီ အန္တရာယ် ဂြိုလ်ကြီးကိစ္စနဲ့ ပါတ်သက်ပြီး ကမ္ဘာတဝှမ်းမှ သိပ္ပံပညာရှင်တွေ ခေါင်းချင်းရိုက်ဆွေးနွေးနေကြပါပြီ။ လက်ရှိ ပေါ်ပြူလာဖြစ်တဲ့ နည်းလမ်းကတော့ အနုမြူ ဒုံး နဲ့ ပစ်ပြစ်ပြီး လမ်းကြောင်းလွဲပြစ်တာဖြစ်ပါတယ်။

♥ မြန်

အိမ်ထောင်ရေး အစီအစဉ်နှင့် ပတ်သက်၍ အချိန်အတိအကျ အသိပေးမည်ဟု အိန္ဒြာကျော်ဇင် ပြောကြား။



နာမည်ရ သရုပ်ဆောင် မင်းသားတစ်ဦးနှင့် လက်ထပ်တော့မည် ဟူသောသတင်းစကားများ ထွက်ပေါ်နေသော သရုပ်ဆောင် အိန္ဒြာကျော်ဇင်က သူမ၏အိမ်ထောင်ရေး အစီအစဉ်နှင့်ပတ်သက်၍ အချိန် အတိအကျ အသိပေးမည်ဟု Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။


" မအူဝဲ အခုချိန်မှာ အချစ်ရေးက အရမ်းနွေးနွေးထွေးထွေး ရှိနေပါတယ်။
အိမ်ထောင်ရေးဆိုတာက အိမ်ထောင်ရေးကံ ဆိုတာမျိုး ရှိသေးတယ်လေ။ ဒီချိန်မှာ
အိမ်ထောင်ကျတဲ့ကံ မပါသေးဘူးဆိုရင် ဘယ်လိုပဲ လုပ်ယူလုပ်ယူ မဖြစ်သေးဘူး။
ဘယ်လိုပဲ မလိုချင်သေးပါဘူး ပြောပြော အိမ်ထောင်ကျရမယ့် ကံပါလာပြီဆိုရင်
အလိုလိုနေရင်း အခြေအနေတွေ အားလုံးက လှုံ့ဆော်ပြီး အလိုလိုကို ဖြစ်သွားတာ။
လောလောဆယ်ကြီး အစီအစဉ်မျိုး တော့ မဟုတ်သေးပါဘူး"ဟု အိန္ဒြာကျော်ဇင်က
ပြောပြခဲ့သည်။



အိမ်ထောင်ပြုပြီးနောက်တွင် အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း အိန္ဒြာကျော်ဇင်က "ဒီနေ့ဒီအချိန်အထိ အနုပညာအလုပ်တွေ လုပ်လာခဲ့တဲ့ သက်တမ်းလည်း နည်းတော့တာမဟုတ်ဘူး။ လုပ်ခဲ့တဲ့
အနု ပညာအလုပ်တွေ ဆိုတာလည်း မနားမနေ မမောမပန်းဘဲနဲ့ကို နေ့စဉ်ရက်ဆက်
လှုပ်ရှားလာခဲ့တာ။ အဲဒီအခါ မအူဝဲအနေနဲ့ နောက်ထပ်ဘ၀တစ်ခုကို
ဖန်တီးတော့မယ်ဆိုတဲ့အချိန်မှာ နည်းနည်းလေးတော့ အပြောင်းအလဲ
လေးရှိသွားနိုင်ပါတယ်။ အိမ်ထောင်အတွက်ကို အချိန်ပေးရတာမျိုးတွေ
ရှိလာမှာပါ"ဟု ဆက်လက်ပြောပြခဲ့သည်။



အိန္ဒြာကျော်ဇင်သည် သူ၏ မင်္ဂလာအစီအစဉ်အတွက် ပရိသတ်များ အား ကြိုတင်၍ အချိန်အတိအကျ အား ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင်မူ ထုတ်ပြန်နိုင်ခြင်း မရှိသေးဟု
သိရသည်။ အိန္ဒြာကျော်ဇင် လက်တွဲမည့်သူသည် သတင်းစကား အချို့ထွက်ပေါ်နေသော
သူ၏အနုပညာ လုပ်ဖော်ကိုင်ဘက် နာမည်ရမင်းသားတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

Sunday, July 25, 2010

သံသာဝင်းက အနဂ္ဂ နှင့် လက်ထပ်ဦးမည် မဟုတ်

အဆိုတော် သံသာဝင်းက ဂီတလုပ်ငန်းများ ဦးစားပေးနေသဖြင့် သူ့ချစ်သူ အနဂ္ဂ နှင့် လက်ထပ်မည့် အချိန်ကို မကြေညာနိုင်သေးကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာနတခုကို ပြောလိုက်သည်။
အနဂ္ဂကြောင့် သူ “စိတ်ချမ်းသာရပါတယ်” သံသာဝင်းက ပြောဆိုကြောင်း ရက်စွဲ တပ်မထားသော ရန်ကုန်မီဒီယာ ဂရု ၏ အင်တာနက် စာမျက်နှာ ရှိ အင်တာဗျူးတွင် ဖော်ပြထားသည်။
“သူနဲ့က အစစ အရာရာ အဆင်ပြေပါတယ်။ သွားလာတာက အစပေါ့နော်။ ကိုယ့်ဘေးနားမှာ အမြဲတမ်း ရှိနေတယ်” ဟု သံသာဝင်းက ဆိုသည်။
သူတို့ ၂ ဦး၏ မိဘများမှာလည်း ဂီတလောကမှပင် ဖြစ်ကြသည်။
သံသာဝင်းသည် အဆိုတော် နွဲ့ယဉ်ဝင်း၏ သမီး ဖြစ်သည်။
အနဂ္ဂသည် တေးသံရှင် မင်းမင်းလတ်၊ နေနေလှိုင်းဇင် တို့၏သားဖြစ်သည်။ အသက် ၃၁ နှစ် ရှိပြီဟု သိရသည်။ မင်းသမီး ထက်ထက်မိုးဦးနှင့် ၂၀၀၈ ခုနှစ်တွင် ကွာရှင်းခဲ့သည်။

Thursday, July 22, 2010

စိတ်ပျော်ရွှင်အောင် ဘယ်လိုနေရမလဲ?????

1. အရေးမပါတာတွေကိုဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။


2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး

ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း

ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။


3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊

ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ်

သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။

စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's

workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's!

ပဲပေါ့

2018 World Cup အိမ်ရှင် မြန်မာ နိုင်ငံ

2018 Word Cup ကျင်းပ ခွင့်အား အိမ်ရှင် နိုင်ငံ အဖြစ် မြန်မာ နိုင်ငံကို
ရွေးချယ် လိုက်ကြောင်း FIFA မှ ဇူလိုင်လ ၁၁ , ၂၀၁၀ ရက်နေ့က တရားဝင်
ထုတ်ပြန် ကြေငြာ လိုက်သည်။ ၂၀၁၄ ပြိုင်ပွဲကို တောင်အမေရိက တိုက်မှ ဘရာဇီး
နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် တွင် အာရှတိုက်မှ လက်ခံ
ကျင်းပရမည် ဖြစ်သောကြောင့် အိမ်ရှင် အဖြစ် လျှောက်ထားသော အာဖဂန် နစ္စတန် ၊
အီရတ် ၊ အရှေ့ တီမော ၊ မြန်မာ ၊ မော်ဒိုက် ၊ ဘူတန် ၊ မြောက်ကိုရီးယား
စသည့် နိုင်ငံများထဲမှ အသင့်တော်ဆုံး မြန်မာ နိုင်ငံကို မဲအများဆုံးနှင့်
ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ ဘောလုံး အဆင့်အတန်း မြင့်မားမှု ၊ ပြည်တွင်း ကလပ်
အသင်းများ ကြွေးမြီ ဝန်ထုတ် ဝန်ပိုး ကင်းရှင်းမှု ၊ ပြိုင်ပွဲဝင်
အသင်းများနှင့် ပရိတ်သတ်များ အတွက် လုံခြုံရေး စိတ်ချရမှု ၊ သယ်ယူ
ပို့ဆောင်ရေးနှင့် ဘောလုံး အခြေခံ အဆောက်အအုံများ ကောင်းမွန် ပြည့်စုံမှု
တို့ကြောင့် ရွေးချယ် ရခြင်း ဖြစ်ကြောင်း FIFA ပြန်ကြားရေး အရာရှိ Mr.
Doberman က ထုတ်ဖော် ပြောဆို ခဲ့သည်။
ဇူလိုင်လ ၁၂ ရက်နေ့၊ ရန်ကုန်မြို့ ၊ Goal Hotel တွင် မြန်မာ နိုင်ငံ
ဘောလုံး အဖွဲ့ ချုပ် မှ President ဦးဂေါ်ဂေါ်၊ First Secretary ဦးဘန်နီ
ဖင်ပြောင် ၊ Media Officer ဦးဆိုးမိုး ( ABC) ( IBC မဟုတ်ပါ ABC beer )
တို့က ပြိုင်ပွဲ အစီအစဉ်များနှင့် ပက်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ် ခဲ့သည် ။

Tuesday, July 20, 2010

အမျိုးသားတို့ စတိုင်ကျနဖို့ ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက်…

အမျိုးသားတို့ စတိုင်ကျနဖို့










ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ် ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်..



၁။ အ၀တ်အစား ၀တ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ စသည်တို့အတွက် အ၀တ်အစားများကို သွားမဲ့ရက် မတိုင်မီ ကတည်းက ကြိုတင် ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့ အခါ အင်္ကျီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့ အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်..