ပန်းအလှ

ပန်းအလှ

Thursday, July 22, 2010

2018 World Cup အိမ်ရှင် မြန်မာ နိုင်ငံ

2018 Word Cup ကျင်းပ ခွင့်အား အိမ်ရှင် နိုင်ငံ အဖြစ် မြန်မာ နိုင်ငံကို
ရွေးချယ် လိုက်ကြောင်း FIFA မှ ဇူလိုင်လ ၁၁ , ၂၀၁၀ ရက်နေ့က တရားဝင်
ထုတ်ပြန် ကြေငြာ လိုက်သည်။ ၂၀၁၄ ပြိုင်ပွဲကို တောင်အမေရိက တိုက်မှ ဘရာဇီး
နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် တွင် အာရှတိုက်မှ လက်ခံ
ကျင်းပရမည် ဖြစ်သောကြောင့် အိမ်ရှင် အဖြစ် လျှောက်ထားသော အာဖဂန် နစ္စတန် ၊
အီရတ် ၊ အရှေ့ တီမော ၊ မြန်မာ ၊ မော်ဒိုက် ၊ ဘူတန် ၊ မြောက်ကိုရီးယား
စသည့် နိုင်ငံများထဲမှ အသင့်တော်ဆုံး မြန်မာ နိုင်ငံကို မဲအများဆုံးနှင့်
ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ ဘောလုံး အဆင့်အတန်း မြင့်မားမှု ၊ ပြည်တွင်း ကလပ်
အသင်းများ ကြွေးမြီ ဝန်ထုတ် ဝန်ပိုး ကင်းရှင်းမှု ၊ ပြိုင်ပွဲဝင်
အသင်းများနှင့် ပရိတ်သတ်များ အတွက် လုံခြုံရေး စိတ်ချရမှု ၊ သယ်ယူ
ပို့ဆောင်ရေးနှင့် ဘောလုံး အခြေခံ အဆောက်အအုံများ ကောင်းမွန် ပြည့်စုံမှု
တို့ကြောင့် ရွေးချယ် ရခြင်း ဖြစ်ကြောင်း FIFA ပြန်ကြားရေး အရာရှိ Mr.
Doberman က ထုတ်ဖော် ပြောဆို ခဲ့သည်။
ဇူလိုင်လ ၁၂ ရက်နေ့၊ ရန်ကုန်မြို့ ၊ Goal Hotel တွင် မြန်မာ နိုင်ငံ
ဘောလုံး အဖွဲ့ ချုပ် မှ President ဦးဂေါ်ဂေါ်၊ First Secretary ဦးဘန်နီ
ဖင်ပြောင် ၊ Media Officer ဦးဆိုးမိုး ( ABC) ( IBC မဟုတ်ပါ ABC beer )
တို့က ပြိုင်ပွဲ အစီအစဉ်များနှင့် ပက်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ် ခဲ့သည် ။

President ဦးဂေါ်ဂေါ်က “မြန်မာ နိုင်ငံရဲ့ လက်ရှိ ဘောလုံး အဆင့်အတန်းမှာ
အလွန် မြင့်မား နေပြီ ဖြစ်ကြောင်း ၊ ဘရှုနိုင်း ၊ ဖိလစ်ပိုင် ၊
အရှေ့တီမော ၊ ဖီဂျီ ၊ မော်ဒိုက် ၊ နီပေါ ဘူတန် ၊ ဆိုမာလီယာ ၊ ဂ်ီနီ ၊
ဆူဒန် စသည့်နိုင်ငံ အသင်းများထက် သာလွန်နေပြီဖြစ်ကြောင်း ၊ ထိုသို
့မြင့်မားစေရန် ပေါ်တူဂီ လူမျိုး မောင်ရင်တို အား နည်းပြချုပ် အဖြစ်
ခန့်အပ်ပြီး ၊ Assistant Coach များ အဖြစ် ဦးဖင်မြင့်တောင် နှင့်
ဦးမျိုးလှိုင်ဂွင်း တို့အား တာဝန် ပေးအပ် ထားကြောင်း ၊ ထို့ပြင် Myanmar
National League ပြိုင်ပွဲဝင် Yadanabon FC မှ အိုင်ဗရီကို့ ကစားသမား
ဂနွန် ဆီယန် နှင့် ကမ်ဘူး ၊ Yangon United FC မှ ဂါနာ ကစားသမား ဟန်ဆန် ၊
ဘမ်ဘာ နှင့် ဘတ်ဖိုးဂျီယန် ၊ Delta United FC မှ နိုင်ဂျီးရီးယား လူမျိုး
စတန်လေ တို့ကို အမည် မဖေါ်လိုသူ မြန်မာ မင်းသမီး ၊ အဆိုတော် များဖြစ်
ကြသော နံတာလှိုင် ၊ စုတ်ပြတ် နံတာ ၊ စန်နီ မျောက်လွင် ၊ တင်ဆာ ဝင့်ကျော်,
ဖြဲဖြဲ ကျော်သိန်း ၊ ဂွင်းနီ တို့နှင့် လက်ထပ်စေပြီး နိုင်ငံသား ခံယူစေ
ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း”

ထို့ အပြင် “ ဥရောပ တိုက်ရှိ ကလပ် အသင်းကြီးများ ဖြစ်သော Manchester
United , Liverpool FC , West ham United, Post mouth FC , AC Milan, FC
Juventus, AS Roma, SS Lazio, FC Parma , FC Valencia , FC Depotivo La
Caruna , FC Barcelona , FC Real Betis Olympics , FC Altaico de Bilbao
, FC de Olympic Lyonnis , FC de Bordourex စသည့် ကလပ် အသင်းကြီးများ
ကြွေးမြီ ဝန်ထုတ် ဝန်ပိုး ပြသာနာများ ရှတ်ထွေး နေချိန် Yadanabon FC ,
Yangon United FC , Delta United FC , Nay Pyi Taw FC , Southern Myanmar
FC , Zay Yar Shwe Myay FC , Kan Baw Za FC, Magway FC, Zwel Ka Pin
United FC စသည့် ပြည်တွင်း ကလပ် အသင်းများ ကြွေးမြီ ဝန်ထုတ် ဝန်ပိုး
ကင်းရှင်းမှုကို များစွာ ဂုဏ်ယူ မိကြောင်း” ရှင်းလင်း ပြောဆို သွားခဲ့သည်။

ထို့နောက် First Secretary ဦးဘန်နီ ဖင်ပြောင်က “ ပြိုင်ပွဲဝင်
အသင်းများနှင့် ပရိတ်သတ်များ အတွက် လုံခြုံရေး စိတ်ချရ စေရန် 100% အာမခံ
ပါကြောင်း ၊ 2007 ခုနှစ် စက်တင်ဘာလ အတွင်း ရဟန်းရှင်လူ အင်အား
လေးသိန်းခန့် ပါဝင်သော လူထု လှုပ်ရှားမှု များကို နှစ်ရက်ခန့် အတွင်း
ဖြိုခွင်း နိုင်သော အဖွဲ့ အစည်းများ ရှိကြောင်း ၊ ထို့ကြောင့်
နိုင်ငံတကာမှ ဘောလုံး လူရမ်းကားများကို အေးအေး သက်သာ ထိန်းသိမ်း
နိုင်ကြောင်း ပြောဆို ခဲ့သည် ။

ထို့ အပြင် “ ကွင်းအတွင်း ပရိတ်သတ် ရမ်းကားမှုများလည်း မရှိကြောင်း ၊ MNL
ပြိုင်ပွဲများတွင် ကွင်း လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များပါ အရက်သောက်၊
ကွမ်းစား ၊ ဘောလုံးပွဲ လောင်းပြီး ဘောလုံးပွဲ များကို အေးအေး ဆေးဆေး
ကြည့်ရှု နိုင်ကြောင်း ၊ ရုပ်သံကြည့် ပရိတ်သတ်များ အငြင်းအခုံများ
မဖြစ်ပွားစေရန် အတွက်လည်း တိုက်ရိုက် ထုတ်လွှင့် နေချိန် ကွင်းအတွင်း
ကစားသမားများ ခိုက်ရန် ဖြစ်ပွားခြင်း ၊ ထိခိုက် ဒဏ်ရာ ရရှိခြင်းများ
ဖြစ်ပွားပါက မပြသပဲ Score Board ကြီးကိုသာ ရိုက်ပြသည့်
စနစ်များလည်းထားရှိကြောင်း” ပြောဆိုသွားသည်။

ထို့အပြင် ဆက်လက်ပြီး “ ပွဲစဉ်များကို ရန်ကုန်မြို့ အောင်ဆန်ကွင်း ၊ Y T
C ကွင်း နှင့်  မန္တလေးမြို့ ဗထူးကွင်း များတွင် ကျင်းပမည် ဖြစ်ကြောင်း ၊
သယ်ယူ ပို့ဆောင်ရေး အတွက် ပြိုင်ပွဲ ကျင်းပချိန်တွင် ယာဉ်ကြော ပိတ်ဆို့မှု
ကင်းဝေးစေရန် Bus Cars များ ထားရှိမည် မဟုတ်ပဲ ခြေလျှင်သာ သွားကြရမည်
ဖြစ်ကြောင်း ၊ လာရောက်ကြည့်ရှမည့် နိုင်ငံတကာ ခေါင်းဆောင်များနှင့်
Celebrities များအတွက်မူ ဆိုက်ကား နှင့် ဂါလီများ အလုံအလောက် ထားရှိ
ပေးသွားမည်” ဟု အကျယ်တဝင့် ပြောဆို သွားသည်။

ထိုနောက် Media Officer ဦးဆိုးမိုး (ABC) က “ ပြိုင်ပွဲ Logo အဖြစ် “ “
ဆင်ဖြူတော် လေးကောင် ဘောလုံးကန်သည့်ပုံ ” ” အား ရွေးချယ် အတည်ပြုပြီး
ဖြစ်ကြောင်း လာဘ်ကောင် အရုပ် အဖြစ် ခြင်္သေ့ စောင့်ကြောင့်ထိုင် နေသည့်
အရုပ်ကို သတ်မှတ် ထားကြောင်း ၊ ဝေဖန်မှုများ မရှိစေရန် ပေါ့ပါးသော Addidas
Co. ထုတ် Jabulani , Teamgrist , Roteiro စသည့် ဘောလုံးများ ၊ Nike Co.
ထုတ် Arrow 90 + , Arrow Final 50+ , Arrow Orange 90+ စသည့် ဘောလုံးများ
အသုံးပြုမည် မဟုတ်ပဲ မှော်ဘီ စက်ရုံထွက် ဘောလုံးများကို အသုံးပြုမည်
ဖြစ်ကြောင်း ၊ ပြိုင်ပွဲ အဖွင့်သီချင်း အဖြစ် နာမည်ကျော် တေးရေး ဆရာ X
ခိုင် ရေးသား သီကုံး ကော်ပီ ကူးချ ထားသော ““ ဟေးလား ဝါးလား မြန်မာကွ ””
(waka waka africa မဟုတ်ပါ ) သီချင်းကို နာမည်ကျော် လူငယ် Hip Hop နှင့်
Pop အဆိုတော် ဂွင်းနီ က Sexy Dance , Nature of Wild Sexual Life n
Environmental Friendly Performance တို့ဖြင့် သီဆို ဖျော်ဖြေ ကပြ
သွားမည် ဖြစ်ကြောင်း

““လက်မှတ် မရရှိသော နိုင်ငံတကာ ပရိတ်သတ်များ အတွက် ပွဲစဉ်များ အားလုံးကို
ကြည့်ရှု နိင်ရန် Fan Fests များ အဖြစ် ရန်ကုန် နှင့် မန္တလေး မြို့များရှိ
K T V lounge များ ၊ Massage Centers များ ၊ Beer Stations များနှင့်
လက်ဖက်ရည် ဆိုင်များ တွင် ဈေနှုန်း ချိုသာစွာဖြင့် ပြသ ပေးသွားမည်
ဖြစ်ကြောင်း””

ထို့ အပြင် “ ပရိတ်သတ်များ တီးမှုတ် အားပေးနိုင်ရန် မြန်မာ့ ရိုးရာ
ဝါးပုလွေ များ၊ ဝါး လက်ခုပ်များ၊ လင်းကွင်းများ နှင့် နှဲများ ၊ မိမိ
နိုင်ငံ အသင်းများကို ထိရောက်စွာ အားပေး နိုင်ရန် မြန်မာ့ ရိုးရာ
လောက်လေးဂွ ၊ လောက်စာလုံး နှင့် ဂျင်ကလိ များကို ဈေးနှုန်း
ချိုသာစွာဖြင့် အများအပြား ထုတ်လုပ် ရောင်းချသွားမည် ဖြစ်ကြောင်း ””
ရှင်းလင်း တင်ပြသွားသည်။

No comments:

Post a Comment