ပန်းအလှ

ပန်းအလှ

Monday, May 30, 2011

တက္ကသိုလ်တက်ရင်းမီလျံနာဖြစ်သွားသူများ

အမေရိကန် တက္ကသိုလ်တွေက အချို့သော ကျောင်းသားများက သူတို့ တက္ကသိုလ် အဆောင်မှာ နေကြစဉ်မှာပဲ မီလျံနာတွေ ဖြစ်အောင် စလုပ်ခဲ့ကြတယ်။

မခ် ဇာခါဘဂ် ဆိုရင် ဟားဗတ်တက္ကသိုလ် တက်နေတုန်း facebook အတွက် အိုင်ဒီယာ ရပြီး နေ့မအား ညမအား အခန်းအောင်း ကြိုးကုတ်ခဲ့သူပါ။ အခု သူ့ရဲ့ လူမှုကွန်ယက် ၀ဘ်ဆိုဒ်ကို နေ့စဉ် လူသန်း ၄၀ ကျော် ကြည့်နေပြီး၊ ဒေါ်လာ ၅ ဘီလျံနီးပါး ချမ်းသာတဲ့ ဇောတိကလေး ဖြစ်နေပါပြီ။

ဘီလ် ဂိတ်စ် ကလည်း တက္ကသိုလ် ကျောင်းမပြီးဘဲ ဇောတိကကြီး ဖြစ်လာသူပါ။ ဘွဲ့မရခဲ့ပေမဲ့ ငွေဘယ်လို ရှာရမလဲ၊ ဘယ်လို သုံးရမလဲ သိထားသူပါ။ ဟားဗတ် ကျောင်းသားဘ၀ကတည်းက မိုက်ခရိုဆော့ဖ် ကို ထူထောင်ခဲ့ပြီး၊ ယခု ဒေါ်လာ ၅၃ ဘီလီယံ ပိုင်ဆိုင်မှုနဲ့ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး ဖြစ်နေလေရဲ့။

မိုက်ကယ်လ် ဒဲလ် ဆိုရင် ၁၉၈၄ ခုနှစ်မှာ တက္ကဆပ် တက္ကသိုလ် သူ့အဆောင်ခန်းတွင်းကနေ ကွန်ပျူတာတွေ စထုတ် ရောင်းချခဲ့သူပါ။ ကျောင်းတက်ရင်း လုပ်ငန်းကို ဒေါ်လာ ၁၀၀၀ နဲ့ စတင်ခဲ့ပါတယ်။ သူ့ကွန်ပျူတာတွေ အ၀ယ်လိုက်လာလွန်းလို့ ကျောင်းပြီးအောင် မတက်တော့ဘဲ တကမ္ဘာလုံးကို Dell ကွန်ပျူတာတွေ ပုံအော ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ ယခု သူ့ကြွယ်ဝမှုက ဒေါ်လာ ၁၇ ဘီလီယံကျော် ရှိပါတယ်။

Tripod က ကိုယ်ပိုင် ၀ဘ်ဆိုဒ် ဖွင့်ချင်သူများအတွက် ၀န်ဆောင်မှုပေးတဲ့ web hosting service လုပ်ငန်း ဖြစ်ပါတယ်။ ၀ီလျံစ် ကောလိပ် ကျောင်းသားနှစ်ဦးဖြစ်တဲ့ Bo Peabody နဲ့ Brett Hershey တို့က Tripod ကုမ္ပဏီကို ထူထောင်ခဲ့တာပါ။ နောက်ပိုင်း Lycos ကုမ္ပဏီက ဒေါ်လာ ၅၈ သန်းနဲ့ သူတို့ နှစ်ဦးဆီကနေ ၀ယ်ယူခဲ့ပါတယ်။

Fred Smith က ၁၉၆၂ ခုနှစ် ယေးလ်တက္ကသိုလ် ကျောင်းသားဘ၀မှာ စာတမ်းတစ်စောင် (term paper) ရေးခဲ့ပါတယ်။ ကမ္ဘာ့အနှံ့ ပစ္စည်းထုပ်ပိုး သယ်ပို့မှု ၀န်ဆောင်လုပ်ငန်းတွေဟာ ကွန်ပျူတာ စနစ်အပေါ် လုံးဝ အမှီပြုရတော့မယ်ဆိုတာ သူစာတမ်းမှာ တင်ပြဆွေးနွေးထားပါတယ်။ ဒီစာတမ်းကြောင့် ကမ္ဘာအနှံ့ ထုပ်ပိုး အမြန်ချောပို့တဲ့ FedEx ကုမ္ပဏီကို နေ့ချင်းညချင်း ကြီးထွားလာစေခဲ့ပါတယ်။ Fred Smith ကလည်း ကော်ပိုရေးရှင်းရဲ့ စီအီးအို ဖြစ်ပြီး၊ အခု FedEx ရဲ့ အသားတင် အမြတ်ငွေက ဒေါ်လာ ၆၆ ဘီလီယံ ရှိနေပါပြီ။

နောက် ကောလိပ်ကျောင်းသား ဘ၀ကနေ နာမည်ကျော် ကုဋေကြွယ် နှစ်ဦး ဖြစ်လာသူကတော့ Sergey Brain နဲ့ Larry Page တို့ပါ။ စတန်းဖိုဒ့် တက္ကသိုလ် စာသင်ခန်းတွင်းကနေ Google လုပ်ငန်းကို စတင်ခဲ့ကြတယ်။ သူတို့နှစ်ဦး တက္ကသိုလ်ကို တစ်နှစ်ထဲ ရောက်ခဲ့ပြီး၊ PhD ဘွဲ့အတွက် စာတမ်းရေးနေချိန်မှာပဲ ကမ္ဘာ့ ပေါ်ပြူလာ အဖြစ်ဆုံး အွန်လိုင်း search engine ကို ဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့ကြတယ်။ အခု သူတို့ တစ်ဦးချင်းရဲ့ ချမ်းသာမှုက ဒေါ်လာ ၁၇.၅ ဘီလီယံ ရှိပါတယ်။

ပင်ဆဲလ်ဗေးနီးယား ပြည်နယ်ရှိ Lehigh တက္ကသိုလ်မှ Pat Clasen (၀ဲဘက်) နှင့် Tim Marks (ယာဘက်) ကျောင်းသားနှစ်ဦးက ၂၀၀၃ ခုနှစ်မှာ ကောလိပ် စပွန်ဆာ ပရော့ဂျက်နဲ့ ငါးမွေးမြူရေး အထောက်အကူပြု ပစ္စည်း ကုမ္ပဏီအတွက် အိုင်ဒီယာတွေ ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြပါတယ်။ အခု သူတို့ရဲ့ Eco Tech Marine ကုမ္ပဏီက ရေပန့် နည်းပညာမှာ အောင်မြင်လာပြီး၊ အိုကလာဟိုးမား တက္ကသိုလ်မှ Justin Lawer (အလယ်) နှင့် အတူ ပူးတွဲ ဆောင်ရွက်ခဲ့ကြပါတယ်။ ယခုနှစ် အတိုးတက်ဆုံး ကုမ္ပဏီ ၅၀၀ စာရင်းမှာ Eco Tech Marine ပါဝင်နေပြီး၊ ၂၀၁၀ မှာ အမြတ် ဒေါ်လာ ၄ သန်း ရခဲ့ပါတယ်။

ဟားဗတ် တက္ကသိုလ် အဆောင်နေ ကျောင်းသားဘ၀ ကတည်းက Kenneth Griffin ဟာ ငွေကြေးဈေးကွက် လုပ်ငန်းနှစ်ခုကို စလုပ်နေပြီး၊ နောက်ပိုင်းမှာ ကမ္ဘာ့အအောင်မြင်ဆုံး Citadel ငွေဈေးကွက် လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။ ယခု သူ့ကြွယ်ဝမှုက ဒေါ်လာ ၃ ဘီလီယံ ရှိပါတယ်။


မေးလ်မှတဆင့် ပြန်လည်ဖော်ပြသသည်..

Tuesday, May 17, 2011

စိတ်ဖိစီးမှုကို ဖြေလျှော့နည်း


"စဉ်းစားဆင်ခြင်မှုကင်းရင် သောကများတယ်" လို့ ကျွန်တော်တို့ပြောလေ့ရှိတယ်။

အဓိပ္ပါယ်က ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှု၊ ဖိနှိပ်မှုတွေ အချိန်နေရာမရွေး ရှိနေကြတယ်။ လူတွေမှာ အသက်အရွယ်နဲ့လိုက်ပြီး ဖိစီးမှုတွေ ရှိတတ်ကြတယ်။ ဥပမာ- ငယ်ရွယ်ချိန်မှာ ကျောင်းသင်ခန်းစာရဲ့ ဖိစီးမှု၊ လူလတ်ပိုင်းမှာ အိမ်ထောင်ရေး၊ အလုပ် ဖိစီးမှု၊ အသက်အရွယ် အိုမင်းလို့ ပင်စင်ယူချိန်မှာ အထီးကျန်၊ ပြေးမလွတ်တဲ့သေဘေး စတဲ့ဖိစီးမှုတွေ ရှိကြတယ်။

မတူညီတဲ့ ဘဝသရုပ်ဆောင်ချက်တွေကြောင့် ခံစားရတဲ့ဖိစီးမှုတွေကလည်း ခြားနားကြတယ်။ ဆရာနဲ့ကျောင်းသားတို့ရဲ့ ဖိစီးမှုက မတူသလို၊ ခေါင်းဆောင်နဲ့အလုပ်သမားရဲ့ ဖိစီးမှု၊ မိဘနဲ့သားသမီးတို့ရဲ့ ဖိစီးမှုတွေကလည်း မတူကြပါဘူး။ ဒါပေမယ့် ဖိစီးမှုမျိုးစုံကို လူတိုင်းခံစားကြရတယ်။

ဘဝရဲ့ဖိစီးမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ? ဒီမေးခွန်းက အခုခေတ်လူတွေ အဓိကထား သင်ယူနေကြတဲ့ သင်ခန်းစာဖြစ်ပါတယ်။ စိတ်ဖိစီးမှုများနေသူတွေအတွက် အချက်တချို့ကို ကိုးကားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ကိစ္စအသေးအမွှားနဲ့ စိတ်ပျက်၊ ဒေါသမထွက်ပါနဲ့

ကျွန်တော်တို့က ဘာမှမဟုတ်တဲ့ကိစ္စနဲ့ စိတ်ပျက်၊ ဒေါသထွက်တတ်ကြတယ်။ တကယ်တွေးကြည့်ရင် အဲဒီအရာတွေက ဘာမှအရေးပါတဲ့အရာ မဟုတ်ခဲ့ဘူး။ ကျွန်တော်တို့က ပြဿနာသေးသေးမွှားမွှားပေါ် အာရုံစိုက်ပြီး ပြဿနာကို အကျယ်ချဲ့ကြည့်တတ်ကြတယ်။ အဲဒီအတွက် စိတ်အာရုံ၊ အင်အားတွေ အလဟဿဖြုန်းပစ်ပြီး စိတ်ဖိစီးမှုကို တိုးအောင်လုပ်ခဲ့ကြတယ်။

(၂) ကိုယ့်တွေးတောမှုက နှင်းဘောလုံးသက်ရောက်မှုမျိုးမဖြစ်ဖို့ ဂရုပြုရမယ်

ကိုယ်စိတ်ပျက်၊ စိတ်ညစ်တဲ့အရာပေါ် အာရုံစိုက်လေလေ ခံရခက်လေလေဖြစ်တယ်။ စိတ်ခံစားမှုတွေ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ်စေပြီး နောက်ဆုံးထိန်းမနိုင် သိမ်းမရတဲ့အထိ ပူပင်သောကရောက်တတ်တယ်။

ဒါကြောင့် ပြဿနာအစမှာ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းရမယ်။ စိတ်ခံစားမှုရဲ့ လှည့်ဖျားဆော့ကစားတာကို မခံရအောင် ထိန်းချုပ်တတ်ရမယ်။ နှင်းဘောလုံးလို သောကတွေ လှိမ့်လေကြီးလေ မဖြစ်အောင် သတိထားရမယ်။ ကိုယ့်ပတ်ဝန်းကျင်က အရာဝတ္ထု၊ လူတွေကို မကောင်းမြင်စိတ်နဲ့ ပြုမှုဆက်ဆံခဲ့ရင် သေးငယ်တဲ့ဖိစီးမှုလည်း တခဏချင်း ကြီးထွားသွားတတ်တာ ဧကန်မလွဲပါပဲ။

(၃) စိတ်ဖြေလျော့ပြီး (၁ဝ)အထိရေနိုင်ဖို့ ကြိုးစားပါ

ဒေါသထွက်တဲ့အခါ လေဝဝတစ်ချက်ရှုသွင်းပြီး (၁)ကနေ (၁ဝ)ထိ အသံကျယ်ကျယ် အော်ဟစ်ရေတွက်ပါ။ ပြီးရင် လေတွေကိုမှုတ်ထုတ်ပြီး တစ်ကိုယ်လုံးကို ဖြေလျော့လိုက်ပါ။ (၁)ကနေ(၁ဝ)ထိ ပြန်ရေတွက်ပါ။ (၁ဝ)ထိရေတွက်ပြီးရင် ဒေါသစိတ်တွေ လျော့သွားတာကို ခံစားမိပါလိမ့်မယ်။ ဒီလိုနည်းက ပြဿနာကြီးကနေ ပြဿနာသေးကို ပြောင်းလဲပေးသလို စိတ်ဖိစီးမှုကိုလည်း ပပျောက်စေပါတယ်။

(၄) ကိုယ်အမြဲလုပ်တဲ့အပြုအမှုက ကိုယ့်အကျင့်ဖြစ်သွားတတ်တယ်

တကယ်လို့ ကျွန်တော်တို့က မကြာခဏဒေါသထွက်၊ ဆဲဆို၊ စိုးရိမ်ပူပန်နေမယ်ဆိုရင် ကျွန်တော်တို့ဘဝကို အဲဒီအရာတွေက ရောင်ပြန်ထင်ဟပ်နေပြီး အကျိုးမဖြစ်ထွန်းစေဘူး။

တကယ်လို့ ကျွန်တော်တို့က အမြဲစိတ်ရှည်၊ သည်းခံမယ်၊ စိတ်ဖြေလျော့မယ်၊ သင်ယူချင်စိတ်ရှိမယ်၊ ကောင်းမွန်တဲ့ စိတ်သဘောထားတွေရှိမယ်ဆိုရင် ဖိစီးမှုတွေနဲ့ ကြုံခဲ့ရလည်း အဲဒီအရာတွေကို ဘယ်လိုဖြေရှင်း၊ ရင်ဆိုင်မယ်ဆိုတာကို သိနိုင်ပါတယ်။

ဘဝမှာ အမျိုးမျိုးသော ဖိစီးမှုတွေရှိကြတယ်။ ဘယ်လိုဖိစီးမှုမျိုးကိုမှ ခံယူမယ်လို့ ရွေးချယ်ဖို့နည်းလမ်း ကျွန်တော်တို့မှာ မရှိခဲ့ပေမယ့် ဘယ်လိုနည်းနဲ့ ရင်ဆိုင်ဖြေရှင်းမယ်ဆိုတာကိုတော့ ထက်မြက်တဲ့ကျွန်တော်တို့ ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။

ဖော်ဝပ်မေးမှပြန်လည်ဝေငှပါသည်။

Tuesday, February 22, 2011

ဇနီး ၃၉၊ သားသမီး ၉၄ နဲ့ မြေး ၃၃ ယောက် ပိုင်ဆိုင်သူရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစု

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘခ်တောင် ကျေးရွာမှ ဇီရိုနာ ချန်နာ ဆိုသူမှာ ဇနီး ၃၉ ယောက်ရှိပြီး သားသမီး ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နှင့် မြေး ၃၃ ယောက် ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစု

အတွက် ဂုဏ်ယူမဆုံးလည်း ဖြစ်နေသည်။

ထိုမိသားစုများမှာ ဘခ်တောင်ကျေးရွာမှ အခန်း ၁၀၀ ပါ လေးထပ်တိုက်ကြီးတွင် နေထိုင်ကြသည်။ သူ့ဇနီးများက မစ္စတာ ချန်နာနဲ့ တစ်ညတစ်ယောက် အလှည့်ကျ အိပ်ကြရသည်။ ဇနီး ၃၉ ဦးကြားတွင် ပြဿနာ တစုံတရာ မရှိဘဲ အားလုံး ပျော်ရွှင် ကျေနပ်နေကြသည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။

မစ္စတာချန်နာက “ဘုရားသခင်က ကျနော်ကို အထူး စပယ်စောင့်ရှောက်တယ်လို့ အမြဲခံစားမိပါတယ်။ ဇနီးတွေ သားသမီး တွေ အများကြီးစောင့်ရှောက်ဖို့ ဘုရားသခင်က အခွင့်ပေးထားတာပါ၊ ကမ္ဘာ့အကြီးဆုံး မိသားစု တစ်စုကို ဦးဆောင် နေရသူပေါ့” ဟု သတင်းစာကို ဂုဏ်ယူ ပြောဆိုခဲ့သည်။

မစ္စတာချန်နာ က မိသားစုကို စစ်တပ် စည်းကမ်းဆန်ဆန်နဲ့ ဖွဲ့စည်းထားသည်။ အကြီးဆုံး မယား ဇာသီယန်ဂီ က အခြား မယားများကို သန့်ရှင်းရေးမှအစ ချက်ပြုတ် လျှော်ဖွတ် အိမ်မှုကိစ္စအားလုံးကို ဦးဆောင်စီမံ ကွပ်ကဲသည်။ ညနေစာ တစ်ပွဲစာ စီစဉ်လျှင် ကြက်အကောင် ၃၀၊ အာလူး ၁၃၂ ပေါင်နဲ့ ဆန် ၂၂၀ ပေါင် ချက်ရသည်။

မစ္စတာချန်နာက သူ့မိသားစု ထပ်ချဲ့ဖို့အတွက် မိန်းမငယ်ငယ်များ ထပ်ယူဖို့ စဉ်းစားနေကြောင်းလည်း ပြောခဲ့သည်။ စိတ်ဝင်စားသူများ ဒေးလီးမေးလ် သတင်းစာကတဆင့် ဆက်သွယ်နိုင်ကြောင်း မောင်းခတ် ကြေငြာထားသည်။ တစ်နှစ်ထဲ တွင် မိန်းမ ဆယ်ယောက် လက်ထပ်ခဲ့သည်။ အလှည့်ကျ ခွဲတမ်းစနစ် ထားသော်လည်း အငယ်ဆုံး ဇနီးမယားများကို မျက်နှာသာပေးပြီး သူ့အိပ်ယာကျယ်ထဲတွင် ပိုခေါ်သိပ်တတ်ကြောင်း ပြောသည်။

အသက် ၃၅ နှစ်ရှိ ရင်းခ်မီနီ ဆိုတဲ့ ဇနီးက “ချန်နာက ကျမတို့ ရွာမှာ အချောဆုံး လူပဲ။ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျမကို လက်ထပ်ဖို့ စာပေးခဲ့တယ်။ အခု ကျမတို့ အားလုံး သူ့ကို အရိပ်တကြည့်ကြည့်နေပြီး ဖြည့်ဆည်းပေးကြတယ်” ဟု ပြောဆိုသည်။

နောက် ဇနီးတစ်ယောက်ဖြစ်သူ ဟန်သာဂန်ကီ က “မိသားစုစနစ်ကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ချစ်ခင်မှု လေးစားမှု ထားကြတာပါပဲ။ ချန်နာက ရွာက အဆင်းရဲဆုံး မိန်းကလေးတွေကို စောင့်ရှောက်တဲ့ အနေနဲ့ လက်ထပ်ယူတာ၊ သူ့အဖေတုန်းကလည်း ဇနီးတွေအများကြီး ယူခဲ့တယ်” ဟု ပြုံးရွှင်စွာဖြင့် ပြောဆိုခဲ့သည်။

မောက္ခနိုင်ငံတကာသတင်း Source: Daily Mail/ UK

Tuesday, February 8, 2011

သင်္ကန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၀ ကျော် မီးလောင်ဆုံးရှုံး

fire1

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက် အပိုင်း ၄ ရှိ သီတာရေစင်လမ်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်မှုမှာ မီးဖိုအသုံးပြုရာမှတစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး မီးလောင်မှု အိမ်ခြေ ၁၀ လုံးကျော် မီးလောင်ခဲ့ရကြောင်း သိရှိရသည်။

fire2

"နေ့လည် ၂ နာရီလောက်မှာ ညှော်နံ့တွေထွက်လာလို့ အိမ်အပြင် ထွက်ကြည့်လိုက်တော့ မီးခိုးထွက် နေတာတွေ့လိုက်ရတယ်။ နောက် ၁၀ မိနစ်လောက်ကြာတော့ မီးညွန့်တွေ ထွက်လာတာတွေ့ရတယ်။ စဖြစ်တဲ့ အိမ်ကနေ တောက်လျှောက် လောင်လာတာ အိမ်ခြေ ၁၀ လုံးကျော် လောက်ပါသွားပြီး သက်ဆိုင်ရာက မီးငြှိမ်းနိုင်ခဲ့တယ်"ဟု မီးလောင်မှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦး က ပြောပြခဲ့သည်။

"ကျွန်မတို့က ဒီကိုပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခုမီးလောင်ခံခဲ့ရတဲ့ အိမ်မှာ ကျွန်မအမေတစ်ယောက်တည်း နေတာပါ။ ကျွန်မတို့က အခြားနေရာမှာနေပါတယ်။ မီးလောင်တယ်ဆိုလို့ ချက်ချင်းပြေးလာပြီး ကျွန်မအမေကိုတော့ စိတ်ချရတဲ့နေရာမှာ ထားပြီးပါပြီ။ ကျွန်မတို့အိမ်ထဲက ဘာပစ္စည်းမှပြန်မရလိုက်ဘူး။ ပိုက်ဆံတွေရော၊ ပစ္စည်းတွေပါ အကုန်ပါသွားတယ်"ဟု အိမ်မီးလောင်ခံခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

မီးလောင်ရာတွင် အိမ်ခြေဆုံးရှုံးခဲ့သည့်သူများအတွက် ကယ်ဆယ်ရေးစခန်းများကို သက်ဆိုင်ရာ ရပ်ကွက်ဓမ္မာရုံများတွင် ဖွင့်လှစ်ပေးထားခဲ့ကြောင်း သိရှိရသည်။

fire3

မေးလ်ထဲကရတာလေးပါ....

စပိန်နိုင်ငံမှထူးခြားသော ပြိုင်ပွဲ


babies7
babies3
babies2
babies6
babies8
babies5
babies4

Tuesday, January 4, 2011

အာရှတွင်အလှဆုံးသူလေး

ကမ္ဘာတစ်လွား အလှမယ်များကြားတွင် ချစ်စဖွယ် သွင်ပြင်နှင့် ပြေပြစ်ချောမောမှုတို့ ပေါင်းစပ်ထားသော ထိုင်း အလှမယ် Fonthip Watcharatrakul သည် ၂၀၁၀ မယ်စကြဝဠာ
ပြင်ပွဲတွင် ဓါတ်ပုံ အစားဆုံးဆုနှင့် အကောင်းဆုံး နိုင်ငံ့ရိုးရာ ဝတ်စုံဆု
နှစ်ခုစလုံးကို တစ်ဦးတည်း သိမ်းပိုက်နိုင်ခဲ့သည့် အလှဆုံး အာရှသူဖြစ်သည်။

ထိုင်း အလှမယ် Fonthip Watcharatrakul သည် ထိုင်းဆင်ပေါ်တွင် ဝတ်ဆင်ပေးသည့် အဆင်တန်ဆာများဖြင့် ဒီဇိုင်းထုတ်ထားသော “Siam Iyara” (Elephant of Thailand) ဟုအမည်ရသည့် ဆန်းဆန်းပြားပြား ရိုးရာဝတ်စုံဖြင့်မယ်စကြဝဠာ ပြင်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အရပ်အမြင့် ၅ ပေ ၇လက်မ ရှိပြီး အသက် ၂၀ ရှိပြီ ဖြစ်သူ FonthipWatcharatrakul သည်
Assumption တက္ကသိုလ်မှ ဥပဒေ ကျောင်းသူတစ်ဦးလည်ဖြစ်သည်။

Sunday, December 19, 2010

ရန်ကုန်မြို့တွင် အလှည့်ကျ မီးပေးစနစ်ကို စတင်မည် မဟုတ်ဘဲ ယခုအတိုင်း ဆက်လက် မီးပေးဝေမည်

w61202
ရန်ကုန်မြို့၏ ညရှုခင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အသစ် ဖွင့်လှစ်လိုက်သည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ ရေအားလျှပ်စစ်များ ရန်ကုန်သို့ ရရှိလာမှု အပြင် အခြား ရေအားလျှပ်စစ် လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အား ပုံမှန် ထုတ်ယူနိုင်မှုကြောင့် ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို စတင်မည် မဟုတ်ဘဲ ယခုအတိုင်း ဆက်လက် မီးပေးဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌ အလှည့်ကျ ဓာတ်အားပေးစနစ်ကို ယခင်နှစ်များက မိုးအကုန် ကာလဖြစ်သည့် နိုဝင်ဘာလ ၀န်းကျင်တွင် စတင်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ ရဲရွာ ရေအားလျှပ်စစ် လုပ်ငန်းမှ ရေအားလျှပ်စစ် ထုတ်လုပ်လာနိုင်မှု အပြင် မိုးကုန်ကာလ ဖြစ်သော်လည်း ရေအားလျှပ်စစ် လုပ်ငန်း အချို့မှ လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ဆက်လက် ထုတ်လုပ်နိုင်မှုကြောင့် ယခုနှစ်တွင်မူ ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ သာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု အပေါ် မူတည်၍ ပြန်လည် စတင်နိုင်ဖွယ် ရှိကြောင်း သိရှိရသည်။


တခြား ရေအားလျှပ်စစ် လုပ်ငန်းတွေအပြင် သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတွေကပါ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်ယူနေတဲ့ အတွက် ဒီနှစ်မှာ လျှပ်စစ်မီး ဆက်ပေးနေတာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကလည်း အခြေအနေ ကောင်းနေတဲ့ အတွက် လက်ရှိ ပုံစံအတိုင်း လျှပ်စစ်မီးကို ၂၄ နာရီ ဆက်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ရေအားလျှပ်စစ်အပေါ် မူတည်ပါတယ်

''ဒီနှစ်မှာ ရဲရွာက လျှပ်စစ် စပြီး ထုတ်လာနိုင်ပါတယ်။ ပြီးတော့ တခြား ရေအားလျှပ်စစ် လုပ်ငန်းတွေအပြင် သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတွေကပါ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်ယူနေတဲ့ အတွက် ဒီနှစ်မှာ လျှပ်စစ်မီး ဆက်ပေးနေတာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကလည်း အခြေအနေ ကောင်းနေတဲ့ အတွက် လက်ရှိ ပုံစံအတိုင်း လျှပ်စစ်မီးကို ၂၄ နာရီ ဆက်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ရေအားလျှပ်စစ်အပေါ် မူတည်ပါတယ်'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်အချို့၌ ယခုလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု အချို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ အလှည့်ကျ မီးပေးမှု စနစ် ပြန်လည် စတင်ခြင်းကြောင့် မဟုတ်ဘဲ ဓာတ်အားလိုင်းအချို့ ပျက်စီးခြင်း၊ မြေအောက်ကြိုး အချို့ ပျက်စီးခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ မကြာမီ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်စဉ်များ နည်းပါးသွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ နေ့စဉ် လျှပ်စစ်ဓာတ်အား ပမာဏ ၅၀၀ မဂ္ဂါဝပ်ကို သုံးစွဲလျက် ရှိကြောင်း၊ ရန်ကုန်တွင် ဖြန့်ဝေနေသည့် လျှပ်စစ်ဓာတ်အားများမှာ မဟာဓာတ်အားလိုင်းသို့ စီးဝင်လာသည့် လောပိတ၊ ရွှေလီ၊ ရဲရွာ၊ ပေါင်းလောင်း၊ မုန်းနှင့် သဖန်းဆိပ် ရေအားလျှပ်စစ်များမှ ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတွက် နေ့စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာ မဂ္ဂါဝပ် ၁၁၀၀ မှ ၁၂၀၀ ကြား ရှိပြီး လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များမှ အဓိက ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၁၅ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၁၅ ရုံ စုစုပေါင်း ဓာတ်အားပေး စက်ရုံ ၃၁ ရုံမှ စုစုပေါင်း မဂ္ဂါဝပ် ၃၀၄၅ ကို ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ၂၀၀၉ ခုနှစ်တွင် အလှည့်ကျ မီးပေးမှု ပုံစံကို ဒီဇင်ဘာလမှ စတင်ကာ ၂၀၁၀ ပြည့်နှစ် ဇွန်လအထိ ပြုလုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အလှည့်ကျ မီးပေးမှု ပုံစံကို နိုဝင်ဘာလမှ စတင်ကာ ၂၀၀၉ ခုနှစ် ဇွန်လကုန်ပိုင်း အထိ ပြုလုပ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုဝင်ဘာလမှ စတင်ကာ ဇွန်လပိုင်းကုန် အထိ အလှည့်ကျ မီးပေးဝေခဲ့ကြောင်း သိရသည်။

မှတ်ချက်။ ။Eleven Media Group

http://www.news-eleven.com/index.php?option=com_content&view=ar... သတင်းမှပြန်လည်ဖော်ပြသည်။


Wednesday, December 15, 2010

ဒေါ်လာသန်းချီတန်တဲ့  ၀တ်စုံလေးပါ။

ဒေါ်လာသန်းချီတန်တဲ့  ၀တ်စုံလေးပါ။


သူငယ်ချင်းများအားလုံးပျော်၇ွှင်ပါစေ။

Tuesday, December 14, 2010

လုပ်ငန်းခွင်မှာ တွေ့ကြုံရလေ့ရှိတဲ့ စိတ်ဖိစီးမှု တွေ လျော့ကျနိုင်အောင်လို့

အရွယ်ရောက်သူတိုင်းဟာ အကြောင်း အမျိုးမျိုးကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေကို ရှိနေ တတ်ကြပါတယ်။ ပညာစုံလို့ လုပ်ငန်းခွင်ထဲ ၀င်ပြီဆိုမှတော့ လုပ်ငန်းခွင် မှာ တွေ့ကြုံရတတ်တဲ့ ပြဿနာတွေ ၊ စိန်ခေါ်မှုသစ်တွေ၊ အတွေ့အကြုံသစ်တွေ ၊ ပတ်ဝန်းကျင်သစ်တွေ မိတ်ဆွေသစ်တွေ အစရှိတဲ့ အသစ်အသစ်သော အကြောင်းအရာတွေဟာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတတ်တာဟာ ဓမ္မတာပါ။ လူတိုင်းဟာ လုပ်ငန်းခွင် ကြောင့် စိတ်ဖိစီးမှုတွေ အနည်းနှင့်အများ ကြုံတတ်ကြပါတယ်။ အဲဒီလိ ဖြစ်လာတဲ့ အခါ မှန်ကန် တဲ့နည်းလမ်း တွေနဲ့ စိတ်ဖိစီ မှုတွေကို ဖြေဖျောက် ပေးမယ်ဆိုရင် ဒီအခက်အခဲတွေကို တစ်ဆင့်ပြီးတစ်ဆင့်ကျော်လွှားပြီး အောင်မြင်မှုပန်းတိုင်ကို တက်လှမ်း ရောက်ရှိုနိုင်ကြမှာပါ။ တကယ်တော့ စိတ်ဖိစီးမှုဆိုတာ လူ့အသတ်ကို တောင်ရန်ရှာတတ်တဲ့ ရောဂါတစ်ခုပါပဲ။ စိတ်ထောင်း ကိုကျေ ဆိုသလို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု တွေက ကိုယ့်ခန္ဓာ ကိုပါထိခိုက်ပါတော့တယ်။ နိုင်ငံခြား တိုင်း ပြည်တွေမှာတော့ လူလတ်ပိုင်း အရွယ်တွေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်လောက်ဟာ စိိတ်ဖိစီး မှုဒဏ်ကိုခံစား နေရတယ်လို့ သုတေသန စစ်တမ်း တစ်ခုဖော် ပြထားပါတယ်။

စိတ်ဖိစီးမှု ဖြစ်တာကို ဘယ်လို သိနိုင်မလဲ။
စိတ်ဖိစီးမှု ဒဏ်ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ခံစားရပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ နှစ်ခုလုံး ကိုသိထားကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြည့်မယ်ဆိုရင် နှလုံးခုန် မြန် တာ။ သွေးတိုးတာ ၊ နှုတ်ခမ်းတွေ ခြောက်ကွဲတာ ကြွက်သားတွေ တင်းကြပ်တာ၊ ခေါင်းကိုက် တာနဲ့ ချွေး ထွက်များလာတာ အစရှိတဲ့ လက္ခဏာတွေ ခံစားလာရပါလိမ့်မယ်။ ဒါကိုကြည့်ပြီး သိနိုင်သလို။ စိတ်ပိုင်း ဆိုင်ရာကတော့ တစ်ယောက်တည်း စကားတွေ ပြောနေတတ်တာ ၊ စိတ်အာရုံ စုစည်းလို့မတာ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ အပြင် စိတ်ဖိစီးမှုဒဏ် ခံနေရတယ်လို့ ဖော်ပြနေတာပါ။ စိတ်ဖိစီးမှု ခံနေရ တယ်လို့ ကိုယ်ကိုယ်ထင်ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသ သင့်ပါတယ်။ ခန္ဓာ မှာ ရထက် ဒဏရာတွေ ထက်ပိုပြီး အရေးပါတဲ့ ဝေဒနာဖြစ် တာကြောင့် ဂရုပြုပြီး ရှောင်ရှားဖို့ ကျော်လွှားဖိုလုပ်သင့်ပါတယ်
စိတ်ဖိစီးမှုကိုလျော့ချနိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ ၄င်းတို့ထဲမှ အနည်းငယ် သောအချက်တွေဖြစ်ပါတယ်။
- အနားယူပါ။
- လေကိုများများ ရှူသွင်းပါ။
- အလုပ်ထဲမှာ မကြာခဏ အနားယူပါ။
- လေ့လာသင်ကြား ဖို့အတွက် များများနားထောင်ပါ။
- ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေမှုရှိအောင်ကိုယ့်ကို ပြုလုပ်ပေးပါ။
- မလိုအပ်ဘဲ အများကြီးစဉ်းစားတာနဲ့ ကြိုတင်ပူပန် နေတာ မလုပ်ပါနဲ့။
- ခင်မင်သူတွေနဲ့ ရောက်တတ်ရာရာ စကား ပြောဖို့ အချိန်ပေးပါ။
- သင့်ရဲ့အချိန်ကို စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးတို့ကို ကျွမ်းကျင် မှုရှိအောင် အမြဲလုပ်ပါ။
- အချိန်စီမံခန့်ခွဲမှုဟာ လုပ်ငန်းခွင်အတွက်သာမက ဘ၀ အတွက်ပါ အင်မတန်အရေးပါပါတယ်။

Thursday, October 7, 2010

*အမြင်*

ဆရာက ကျောင်းသား နှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန် အဆင့်မြင့်ပြီး အတော် စဉ်းစားယူရတဲ့ သင်္ချာ ဥာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်" .... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင် တော့ပါဘူး...
နောက်တစ်ယောက် ကတော့ ဒီလိုမြင်ပါတယ်
"ဆရာ့ မေးခွန်းတွေက အတော် အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစား ဖြေကြည်.ဦးမှပဲ" ... သူကတော့ မေးခွန်း အတော် များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိုင်ခဲ့ပါတယ်....
ဒီအဖြစ် အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက် တစ်ခုဟာ အစစအရာရာ အဆင်ပြေ ချောမွေ.စေဖို.အတွက် ဘယ်အတိုင်း အတာထိ အရေးပါ အရာရောက်တယ် ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူ တစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲ ရှိရှိ၊ ဘာ ရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား" လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်...။

(၂)
ဆရာက ကျောင်းသား တစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က" တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။ ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...
နောက်ကျောင်းသား တစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး" စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို သဘောကျ လက်ခံခဲ့ပါတယ်....
ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့ ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ် ဆိုတာပါပဲ"... ကျောင်းသား နှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ... ဒါပေမဲ့ ပထမ ကျောင်းသားဟာ သူ.ဘက် အမြင်အတိုင်း ဆရာ့ကို ပြတာကိုး... ဒီနေရာမှာ သတိထားရမှာက ဒုတိယ ကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ"လို. အမှားကြီးေ ရးလိုက်တာ မဟုတ်ပါဘူး... သူလည်း အမှန်ပဲ ရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အခြေအနေ တစ်ခုကို ဖန်တီးလိုက်တာပါ...

Wednesday, October 6, 2010

သရုပ်ဆောင် ဒေါ်တင်တင်လှ ကွယ်လွန်

အမေ ဇာတ်ရုပ်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ၊ အသက် (၆၈) နှစ်သည် အောက် တိုဘာလ ၂ ရက်နေ့ (စနေနေ့) နံနက် (၆း၄၅) က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့ နံနက် (၁၁း၀၀) နာရီက ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ

tin-tin-hla
















နေမကောင်း ဖြစ်တာနဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆေးရုံ စတက်ပြီး ကုခဲ့တယ်။ ဆရာဝန်တွေက ကင်ဆာဖြစ်တယ် လို့လည်း ပြောတယ်။ ဒါနဲ့ လိုအပ်တာတွေ စစ်တော့ ကင်ဆာ မဟုတ်ဘူးလို့ ပြောတယ်။ ဆုံးသွားတဲ့ အချိန်အထိ ဘာရောဂါမှန်း ဆရာဝန် တွေတောင် မသိလိုက်ဘူး” ဟု ဒေါ်တင်တင်လှ၏ သမီး မသီရိအေးက ဧရာဝတီသို့ ပြောသည်။

ဆေးရုံ တင်ထားသည့် ၃၊ ၄ ရက်အတွင်း ဆရာဝန်များ ရှာဝယ်ခိုင်းသည့် ဆေးကို ဆေးခန်းများတွင် ၀ယ်မရ၍ အခက်အခဲနှင့် တွေ့ခဲ့ရပြီး နောက်ဆုံး ၀ယ်ယူရခဲ့သည့် ဆေး ၈ လုံးထဲမှ သောကြာနေ့ ညက ၁ လုံးသာ ထိုးလိုက်ရကြောင်း သူက ဆက် ပြောပြသည်။

နာရေးကူညီမှုအသင်းကို ထူထောင်ထားသူ အကယ်ဒမီမင်းသား ကိုကျော်သူက “ဒေါ်တင်တင်လှရဲ့ အသုဘက လူမရှိလို့ ကျနော့် facebook မှာတောင် တင်ထားသေးတယ်။ ၀ါရင့်သရုပ်ဆောင်ကြီး တယောက် ဆုံးတာ လာသင့်တယ်လေ။ ရုပ်ရှင် အစည်းအရုံးက တယောက်မှ မလာကြဘူး။ ရုပ်ရှင်အစည်းအရုံးဝင်ဖြစ်တော့ အမိန့်ပြန်တမ်း ထုတ်ရတယ်။ ဒီစာတောင် လက်ဆင့်ကမ်းပြီး လူကြုံနဲ့ ထည့်ပေးလိုက်တယ်” ဟု ဆိုသည်။

ဒေါ်တင်တင်လှသည် မင်းသားကြီး ဦးရွှေဘ လက်ထက် ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တဦးဖြစ်ပြီး နာမကျန်း မဖြစ်မီကာလအထိ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများစွာတွင် မင်းသား၊ မင်းသမီး များစွာ၏ အမေဇာတ်ဝင်ခန်း၊ အဒေါ်ဇာတ်ဝင်ခန်းများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ကိုကျော်သူ သရုပ်ဆောင်လောကသို့ စတင် ဝင်ရောက်ခဲ့သော စာရေးဆရာမ မအေးလေး၏ ၀တ္ထုကို ရိုက်ကူးထားသည့် “ဥက္ကာ” အမည်ရှိ ဗီဒီယို ဇာတ်လမ်းတွင်လည်း ဒေါ်တင်တင်လှက ကိုကျော်သူ၏ မိခင်အဖြစ် သရုပ်ဆောင်ခဲ့သည်ဟု ကိုကျော်သူက ပြောပြသည်။

ဒေါ်တင်တင်လှသည် ရုပ်ရှင်အစည်းအရုံးဝင် အမေများအဖွဲ့တွင်လည်း ပါဝင်၍ နယ်လှည့် ကပြဖျော်ဖြေခဲ့သူဖြစ်သည်။

ဒေါ်တင်တင်လှ၏ နောက်ဆုံးခရီးကို အမေများအဖွဲ့မှ မိတ်ဆွေရောင်းရင်းများ၊ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

မှတ်ချက်..http://www.irrawaddy.org/bur/ မှကူးယူဖော်ပြသည်။

Monday, October 4, 2010

Q မည့်သူများနှင့် အ Q ခံမည့်သူများ သတိ

အချိန်ကို ချက်ရွန်း ထဲမှာတော်တော် အသုံးပြုလာကြတယ် .... ကောင်းသော chat ခြင်း
ဟာပြသာနာ မရှိပေမယ့် Q တဲ့သူတွေကတော့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့
ဝင်လာကြပါတယ်။

တချို့က အချိန်အားနေလို့ တချို့ကရည်းစားရှာချင်လို့ တချို့ကလဲ
သူငယ်ချင်းလိုချင်လို့ စသဖြင့် ဦးတည်ချက် အမျိုးမျိုးနဲ့ပါပဲ။ ကောင်းသော
ရည်ရွယ်ချက်နဲ့ဆို ပြသာနာ မရှိပေမယ့် မကောင်းသော ရည်ရွယ်ချက်နဲ့ဆိုရင်
ပြသာနာ တစ်ခုမဟုတ်တစ်ခု ၀င်တတ်ပါတယ။်

အွန်လိုင်းပေါ်မှာ လိမ်တဲ့သူတွေ တော်တော်များပါတယ်။ မပါးမနပ်နဲ့ ဆိုရင်
သူတို့လက်ချက် မိသွားနိုင်ပါတယ်။ မိမိလိပ်စာနဲ့ ဖုန်းနံပါတ်တွေကို
အလွယ်တကူယုံပြီး မပေးသင့်ပါဘူး။ မိန်းကလေးတွေ အနေနဲ့လည်း မိမိဓာတ်ပုံကို
သူများကိုပြခြင်း ပြု ခြင်းကို သတိရှိသင့်ပါတယ်။

ချက်ရင်းနဲ့ တချို့လည်း သမီးရည်းစားဖြစ် ချစ်သူရ ဒါမျိုးတွေလည်းရှိပါတယ်။
ဒါပေမယ့် အဆင်မပြေတော့တဲ့ အခါကျရင် ယောင်္ကျားလေးတချို့ဟာ မစားရတဲ့
အမဲသဲနဲ့ ပတ်သလိုမျိုး မိမိနဲ့ရည်ငံ ခဲ့တဲ့ ကောင်မလေးတွေရဲ့ဓာတ်ပုံ
ကိုယူပြီး အွန်လိုင်းမှာ မတော်မတရားတာတွေ လုပ်တာ တွေ့လာရတယ်။ သူနဲ့ပဲ
တခုခုမှားယွင်းခဲ့သလိုလို လိုက်ဝါဒဖြန့်ပြီး တွေ့ရင်အကြောင်းကြားပေးပါ
ဆိုပြီးလုပ်တတ်လာကြတယ်။

Sunday, October 3, 2010

ပျော်ရွင်ချင်းတွေစုတဲ့ မင်္ဂလာစုစာအုပ်လေး

အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ်
လက်ဆောင်ပေး လိုက်ပါတယ်။ အဲဒီ စာအုပ်က ငွေကြေးစုဖို့ မဟုတ်ပါဘူး။
ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။
ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

ကျွန်မ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာလက်ဖွဲ့အဖြင့် ငွေစုစာအုပ် တစ်အုပ်ကို
အမေက လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကို
ဖွင့်ကြည့်တော့ စုထားတဲ့ငွေက ကျပ် ၁ဝဝဝ ပဲ ရှိတယ်။ မျှော်လင့်ချက်မဲ့တဲ့
မျက်လုံးနဲ့ အမေကို ကျွန်မကြည့်မိတော့ အမေက ပြုံးရင်း "သမီး... ဒါ
သမီးအတွက် အမေအထူးလုပ်ထားတဲ့ "မင်္ဂလာစု" စာအုပ်လေးပါ။ နောင်နောက်
အမှတ်တရဖြစ်စေတဲ့ နေ့မျိုးမှာ ဒီစာအုပ်ထဲ ငွေအနည်းအများမဆို စုနိုင်တယ်။
ဒါမှ နောက်အိုမင်းလာတဲ့အခါ ဒီစာအုပ်ထဲမှာ ငွေတွေအပြင်
ပျော်ရွှင်ခြင်းတွေပါ ရှိနေလိမ့်မယ်"

အမေပြောတဲ့ စကားကို ကျွန်မ အမှတ်တမဲ့ပဲ ထားလိုက်မိတယ်။ ကျွန်မ အမျိုးသားက
အဲဒီစကားကို ခေါင်းတညိတ်ညိတ်နဲ့ မှတ်သားနေခဲ့တယ်။

အသက် (၂၇) နှစ်အရွယ် ရောက်ရင် သရုပ်ဆောင် မလုပ်တော့ဘူး ဆိုတဲ့ ဖွေးဖွေး


မျိုးဆက်သစ်သရုပ်ဆောင်လောကမှာ ကိုယ့်ရဲ့ မျက်နှာပြင်အလှအပအတွက် ကိုယ့်ဘာသာ မိတ်ကပ် ဖန်တီး လိမ်းခြယ်လေ့ ရှိတဲ့ သရုပ်ဆောင် ဖွေးဖွေးဟာ (၂၀၀၉) ခုနှစ်ကစပြီး MTV များ၊ မျက်နှာဖုံးဓာတ်ပုံများ၊ TV ကြေငြာများ ရိုက်ကူးရင်း ကြော်ငြာမော်ဒယ် တစ်ဦးအဖြစ် လှုပ်ရှားခဲ့ပြီး အခုဆိုရင် ဗီဒီယို(၉) ကားနဲ့ ကားကြီး (၂) ကား ရိုက်ကူးပြီးခဲ့ပြီ ဖြစ်ပါတယ်။

အခု လက်ရှိအချိန်မှာ ဒါရိုက်တာ ဝိုင်းရိုက်ကူးပြီး ပြေတီဦး၊ သူရလင်းတို့နဲ့အတူ Heart Beat ဗီဒီယိုဇာတ်ကားကို ပုံဖော်နေပြီး၊ ဂီတပိုင်းမှာလည်း တစ်ကိုယ်တော် Rock တေးစီးရီးလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ အခုလို သရုပ်ဆောင်ပိုင်းကို ဇောက်ချလုပ်ကိုင်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ပြီ ထင်ပေမယ့် ကားထွက်လာမှ အားမရတာတွေ ရှိနေတဲ့ အတွက် ထပ်ပြီး ကြိုးစားနေသေးတယ်လို့ ဆိုလာတဲ့ ဖွေးဖွေးဟာ (Directing) ရိုက်ကူးရေး အပိုင်းမှာလည်း ဝါသနာပါတယ်လို့ ဆိုပါတယ်။

လူငယ်တစ်ဦးရဲ့ စွမ်းဆောင်ရည်တွေကို ဝါရင့်အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး အမီ လုပ်ပြနိုင်တဲ့ အနာဂတ်မှာ တောက်ပလာမယ့် သရုပ်ဆောင်ဖွေးဖွေးကို အနုပညာ လောကထဲမှာ ရှေ့ဆက်ဖြတ်သန်းသွားမယ့် ပုံစံကို မေးတဲ့အခါ “ဖွေးဖွေးက ဂီတရော သရုပ်ဆောင်ရော နှစ်ခုလုံးကို ငယ်ငယ်ကတည်းက ဝါသနာပါတဲ့အတွက် နှစ်ခုလုံးကို ရွေးချယ်မယ်။

ငယ်ငယ်ကတည်းက လုပ်ခွင့်မရခဲ့ဘူးလေ။ အခုအချိန်အခါအရ လုပ်ခွင့်ရပေမယ့် ဖွေးဖွေး ဆုံးဖြတ်ထားတာက အသက်ကြီးတဲ့အချိန်ထိ မလုပ်ချင်ဘူး။ ဝါသနာကတော့ ရှိနေမှာပေါ့။ ဒါပေမယ့် မလုပ်ဖြစ်နိုင်ဘူး။ ဖွေးဖွေး အသက် (၂၇) လောက်ဆို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ သရုပ်ဆောင်မလုပ်ဖြစ်ပေမယ့် ဒီလောကနဲ့တော့ ကင်းမှာ မဟုတ်ဘူးလေ။

ဥပမာ Producer တစ်ယောက်တည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ သရုပ်ဆောင်တော့ မလုပ်တော့ဘူး။ အသက်ကြီးပြီလို့ ထင်လို့ပါ” လို့ဆိုပါတယ်။ အနုပညာလောကထဲမှာ ဖူးပွင့်စ သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ အားလုံးက လက်ခံထားတဲ့ ဖွေးဖွေးဟာ Celebrity တစ်ယောက်အနေနဲ့ စိတ်အညစ်ရဆုံးအချိန်က “အထင်လွဲခံရခြင်း ပေါ့။ ကိုယ်က အနုပညာရှင်ဖြစ်ပေမယ့် ကျောင်းပြီးတာနဲ့ ဒီလောကထဲ တန်းဝင်ခဲ့တာဆိုတော့ လူမှုဆက်ဆံရေးပိုင်း သိပ်မကျွမ်းကျင်တာ ရှိပေမယ်။

တကယ်တမ်းတော့ လူကြီးလိုနေရတာပေါ့။ လိုက်လျောညီထွေနေရတာပေါ့နော်။ ဥပမာ ကိုယ်က စိတ်ထဲမှာ ဘာမှ မရှိဘဲ ခပ်တည်တည်နေမိတဲ့အချိန် တခြားသူတွေက ဒီကောင်မလေးက ဘဝင်မြင့်တယ်။ Respect (ရိုသေမှု) မရှိဘူးပေါ့။ အဲဒီလို အထင်လွဲ ခံရဖူးတယ်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံ အရမ်းသတိထားရတယ်။ ငါဘယ်လို ဖြစ်သွားမလဲ ဆိုတဲ့စိတ်နဲ့ စိတ်ပူနေရတယ်” လို့ ဖြေကြားခဲ့ပါတယ်။

Saturday, September 25, 2010

လူ့ဘ၀၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

၁ ။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော လေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက်
ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်
ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

fwd: mail တခုမှဖော်ပြသည်။

Thursday, September 9, 2010

သားဦးလေးနဲ့အတူအဆိုတော်ဟဲလေး


အဆိုတော် ဟဲလေးအတွက် ဇနီး မမြတ်သီရိလင်းက သားဦးလေး "We We" ကို ဇွန်လ (၁၅) ရက်နေ့က ရန်ကုန်၊ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားပေးခဲ့ပါတယ်။ သားဦးလေး မွေးတဲ့နေ့မှာဘဲ မလေးရှား ပြည်ပဖျော်ဖြေပွဲ အတွက် လာငှားကြတာကြောင့် လာဘ်ကောင်းတဲ့ သားလေးလို့ ဟဲလေးက ဆိုပါတယ်။

Sunday, September 5, 2010

ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသားများ စာရင်းကို သွေးစုပ် ဖုတ်ကောင်များ စိုးမိုးနေ




ယူကေတွင် အချမ်းသာဆုံးလူ စာရင်းဝင်ဖြစ်သလို Forbes ၏ ကမ္ဘာ့ အထင်ရှားဆုံး ကျော်ကြားသူ စာရင်းလည်း ဝင်ခဲ့သော “Twilight” သွေးစုပ်ဖုတ်ကောင် ဇတ်ကားမှ သရုပ်ဆောင် ရောဘတ် ပတ်တင်ဆန်သည် ယခုအခါ ဗြိတိသျှ ဖက်ရှင် မဂ္ဂဇင်း “Glamour” က မဲပေး ရွေးချယ်သော “World’s Sexiest Man” စာရင်းတွင်လည်း ၂ နှစ် ဆက်တိုက် ထိပ်ဆုံး ရောက်လျက်ရှိသည်။

ရောဘတ် ပတ်တင်ဆန် ၏ နောက်တွင် “Twilight” ဇတ်ကားမှပင် သမန်းဝံပုလွေ “Jacob Black” အဖြစ် သရုပ်ဆောင်သည့် တေလာ လော့ဒ်နာသည် ဒုတိယနေရာ လိုက်လျက်ရှိသည်။

ယခုနှစ်ပိုင်းတွင် “Twilight” ဇတ်ကားများ၏ အောင်မြင်မှု နှင့် အတူ အခြား သွေးစုပ်ဖုတ်ကောင် ဇတ်ကားများသည်လည်း လူကြိုက်များလာရာ ထိပ်ဆုံး ၅ ဦးတွင် ကျန် ၃ နေရာသည်လည်း “Twilight” ရုပ်ရှင်ဇတ်လမ်းတွဲ နှင့် အခြား သွေးစုပ်ဖုတ်ကောင် ဇတ်ကား “The Vampire Dairies” မှ မင်းသား ၃ ဦးက နေရာယူလျက်ရှိသည်။

ပင်လယ်ဓါးပြ ကပ္ပတိန် ဂျက်စပဲရိုးအဖြစ် သရုပ်ဆောင်သော မင်းသား ဂျွန်နီဒိပ့်သည် ပြီးခဲ့သောနှစ်က ဒုတိယနေရာမှ ယခုနှစ်တွင် နံပါတ် ၆ နေရာ သို့ ရောက်ရှိသွားသည်။ ထို့ပြင် ဟောလိဝုဒ် အကျော်အမော် ဘရက်ပစ် သည် ၃၃ နေရာသို့လည်းကောင်း ဒေးဗစ်ဘက်ခမ်းသည် ၂၁ နေရာသို့လည်းကောင်း လျှောကျသွားခဲ့သည်။

သရုပ်ဆောင် မင်းသားကြီး ဂျောဒ့်ကလူနီး သည်လည်း နံပါတ် ၇ မှ နံပါတ် ၃၅ သို့ ကျသွားသလို နာမည်ကျော်များ ဖြစ်သော မင်းသား ဂျူဒ့်လော နှင့် လီယိုနာဒို ဒီကက်ပရီယို တို့သည်လည်း ထိပ်ဆုံး ၅၀ ဦးစာရင်းမှ ထွက်သွားပြီဖြစ်သည်။

၂၀၁၀ အတွက် Glamour.com မှ ရွေးချယ်သည့် ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား ၅၀ စာရင်းမှ ထိပ်ဆုံး ၁၀ ဦးကိုဘော်ဘော်တွေအတွက် ကော်နှုတ် ဖော်ပြလိုက်ပါသည်။

နံပါတ် 10 Channing Tatum

အသက်- 30

http://patheincity.com/news//HLIC/f4a8e67fc498ac48e0be135cf9ae2aa2.jpg

နံပါတ် 9 Hayden Christensen

အသက်- 29

http://patheincity.com/news//HLIC/f74af6904405b83c20cc633e9bd1901f.jpg

Thursday, September 2, 2010

လူငယ်နှင့် အကောင်းဆုံးသောဘ၀ကိုတည်ဆောက်ခြင်း....

တစ်ခါက အမျိုးသမီးငယ်လေး တစ်ယောက် က သူ့အမေဆီကို သွားပြီး ငိုပြတယ်...သူမရဲ့ဘ၀ဟာ ဆင်းရဲခက်ခဲတဲ့ အကြောင်းတွေကို ပြောပြတာပေါ့..သူမဟာ ဘ၀ခရီးရဲ့ ခက်ခဲပင်ပန်းကြမ်းတမ်းမှုတွေနဲ့ ဘယ်လိုခရီးဆက်ရမှာလဲ
သူမရဲ့ ဘ၀ကို ဒီနေရာကနေ အရှုံးပေးချင်လာပြီလို့ ညည်းညူမိတယ်``ကြည့်လေ အမေရယ်။ ဘ၀မှာ ပြဿနာတွေ အများကြီး။ ဒီတစ်ခု ပြေလည်သွားရင် နောက်တစ်ခု လာပြန်လေရော။
ဆုံးကို မဆုံးနိုင်တော့ဘူး´´အမေဟာ ၀မ်းနည်းကြေကွဲနေတဲ့ သမီးကို မီးဖိုထဲကို ခေါ်သွားတယ်
ပြီးတော့ အိုးသုံးလုံးမှာ ရေထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ်..
ကံအားလျော်စွာပဲ သူတို့အိမ်မှာ မီးဖို(၃)ခု အဆင်သင့်ရှိနေတယ်
အိုးတွေဆူလာတဲ့အချိန်မှာ ပထမအိုးထဲကို မုံလာဥ၀ါတစ်လုံး ထည့်လိုက်တယ်..
ဒုတိယအိုးထဲကျတော့ ကြက်ဥတစ်လုံး ထည့်တယ်..နောက်ဆုံးအိုးထဲကျတော့ အမှုန့်ကြိတ်ထားတဲ့ ကော်ဖီစေ့တွေ ထည့်သတဲ့...
အမေဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးသုံးလုံးစလုံး ဆူနေတာကို စောင့်ကြည့်နေတယ်
မိနစ် (၂၀)လောက်ကြာတော့ သူမဟာ မီးဖိုမီးတွေကို ငြိမ်းသတ်လိုက်တယ်..ပထမ သူမဟာ မုံလာဥ၀ါကို ဆယ်ပြီး ပန်းကန်တစ်ခုမှာ ထည့်လိုက်တယ်..နောက်ကြက်ဥကို ဆယ်ပြီး ပန်းကန်တစ်ခုမှာထည့်ပြန်တယ်...ပြီးတော့ ကော်ဖီကို ခွက်ရှည်တစ်ခုထဲ ငှဲ့ထည့်လိုက်တယ်အမေဟာ သမီးဘက်ကိုလှည့်ပြီး မေးခွန်းထုတ်လိုက်တယ်..
``ငါ့ကိုပြောစမ်း နင်ဟာ ဘာလဲ....´´
``မုံလာဥ၀ါလား၊ ကြက်ဥလား၊ ကော်ဖီလား´´
အမေဟာ သမီးရှိရာကို မုံလာဥ၀ါယူလားပြီး စမ်းခိုင်းတယ်..
သူမစမ်းကြည့်လိုက်တယ်
``အင်း ပျော့ပျော့လေးပဲ´´
နောက်အမေက ``သမီးရေ ကြက်ဥကိုယူပြီး အခွံခွာလိုက်ပါ ´´ လို့ ပြောတယ်...
သမီးဟာ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥမာနေတာကိုတွေ့ရတယ်...
နောက်ဆုံးမှာ အမေဟာ သမီးကို ကော်ဖီတစ်ငုံလောက် မြည်းကြည့်ဖို့ ပြောတယ်...
သမီးဟာ မွှေးကြိုင်ပြီး အရသာရှိတဲ့ ကော်ဖီကို တစ်ငုံလောက် သောက်မိတဲ့အခါ ကျေနပ်ပြီး ပြုံးလိုက်တယ်...
ပြီးတော့ အမေ့ကိုမေးတယ်..
``အမေ ဘာကိုဆိုလိုတာလဲ´´
အမေက ရှင်းပြတယ်...
``သမီးတွေ့တယ် မဟုတ်လား။ ဒီပစ္စည်းသုံးခုလုံးဟာ ကံကြမ္မာယိုယွင်းလို့ မီးအပူနဲ့ ဆူစေတဲ့ရေထဲကို ကျရောက်ခဲ့တယ် မဟုတ်လား...
သို့သော် တစ်မျိုးစီဟာ မတူညီတဲ့ တုန့်ပြန်မှုတွေ ပေးခဲ့ကြတယ်။
တကယ်တော့ မုံလာဥ၀ါဆိုတာ မူလက မာကျောကျောနဲ့ ချိုးဖဲ့ရ ခက်တာပဲ...
ဒါပေမယ့် ရေနဲ့ပြုတ်လိုက်တော့ နူးညံ့ပျော့ပျောင်းသွားတယ်၊ အလွယ်တကူ ဖဲ့ထုတ်ယူလို့ရတယ်။
ကြက်ဥဆိုတာ အထိမခံ ရွှေပန်းကန်လေ၊ အပြင်က အခွံပါးပါးခပ်မာမာလေးက အထဲက အရည်တွေကို ကာကွယ်ထားတာပဲပေါ့...
သို့သော် ရေနွေးထဲကို ရောက်လို့ ခပ်ကြာကြာလေး ထားလိုက်လို့ အထဲမှာ မာကျောလာတော့တာပဲ။ ကြာကြာဆူလေ မာလေပဲပေါ့....
ကော်ဖီစေ့တွေက ထူးကိုထူးခြားတယ်...
သူတို့ကို ဆူအောင်ပူအောင်လုပ်တဲ့ရေကို သူတို့ပြောင်းလဲသွားစေတယ်...
ဒီလိုပြောပြီး သူမဟာ သမီးကို မေးလိုက်တယ်.....
``သမီးဟာ ဘယ်လိုအမျိုးအစားလဲ´´
``တကယ်လို့ ဆိုးဝါးတဲ့အဖြစ်တွေ သမီးရဲ့အိမ်တံခါးကို လာခေါက်ရင် သမီးဘယ်လိုတုန့်ပြန်မလဲ။
မုံလာဥ၀ါလိုလား.....
ကြက်ဥလိုလား.....
ဒါမှမဟုတ် .....ကော်ဖီစေ့လိုလား........
သမီးဘယ်လိုလူမျိုးလဲ....
စဉ်းစားကြည့်ပါ....
တကယ်လို့ သမီးဟာ မုံလာဥ၀ါ လိုဖြစ်နေတယ်ဆိုရင် မူလက ခပ်မာမာပဲ..
သို့သော် တွန်းတိုက်ခံရတဲ့အခါ ခွန်အားချည့်နဲ့သွားကာ အသုံးမကျ ဖြစ်သွားမှာလား ?
သမီးဟာ ကြက်ဥလိုလား။ အစပိုင်းမှာတော့ အတွင်းမှာ ပျော့ပျော့လေး။ နူးညံ့တဲ့ နှလုံးသားရှိတာပေါ့....
သို့သော်အခက်အခဲတွေကြုံရတဲ့အခါ မာကျောလာတယ်လေ... အပြင်ကကြည့်ရင်တော့ အတူတူပါပဲ...
သို့သော် အတွင်းမှာ ခါးသီးနာကျည်းမာကျောနေတာမျိုးပေါ့...မာကျောတဲ့ နှလုံးသားပိုင်ရှင် ဖြစ်လာတယ်...
ဒါမှမဟုတ် သမီးဟာ ကော်ဖီစေ့တွေလား....
ကော်ဖီစေ့တွေဟာ ရေနွေးကို ပြောင်းလဲပစ်နိုင်စွမ်းရှိတယ်...တကယ်တော့ ဒီလိုအခြေအနေမှာ ပူလောင်ခြင်း ပြင်းစွာခံစားနေရမှာပဲ မဟုတ်လား.....
ဒါပေမယ့် ရေကပူလာလေလေ သူက အမွှေးအကြိုင်တွေ(အနံ့)အရသာတွေ ထုတ်လွှတ်
လေလေပါပဲ... သမီးဟာ ကော်ဖီစေ့တွေလိုသာဆိုရင် အခက်အခဲတွေ တွေ့လေလေ ပတ်ဝန်းကျင်ကို ပိုပြီး ကောင်းမွန်တဲ့အခြေအနေကိုရောက်အောင် တွန်းပို့လေလေပါပဲ.....
မှောင်မိုက်တဲ့အချိန်ရောက်လေလေ လမ်းပြဟာ အရေးကြီးလေပါပဲ
အခက်အခဲတွေကြုံလာတဲ့အခါ သမီးဘယ်လိုရင်ဆိုင်မလဲ။ သမီးဟာ
``မုံလာဥ၀ါလား၊ ကြက်ဥလား၊ ဒါမှမဟုတ် ကော်ဖီစေ့လား´´


ဒီဆောင်းပါးလေးကို ဆရာ ဒေါက်တာခင်မောင်ညို ရေးသားတဲ့
`` လူငယ်နှင့် အကောင်းဆုံးသောဘ၀ကိုတည်ဆောက်ခြင်း' ' စာအုပ်မှပြန်ပြီးဝေငှပေးလိုက်ပါတယ်............

Tuesday, August 31, 2010

ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ


ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ


ပဲခူးမြို့ လည်တွင် ရေကြီးသဖြင့် ပြည်သူများ ခရီးသွားလာရေး တွင် အခက်အခဲ ကြုံတွေ့ နေရစဉ်

နေအိမ်များ ရေနစ်မြုပ်သဖြင့် အိုးအိမ်များ ပျက်စီးခဲ့ရသူများ ကို ဘုန်းတော်ကြီးများ က ကျောင်းတိုက် များ တွင် ခေတ္တပြန်လည် နေရာချထား ပေးရသည်။