ပန်းအလှ

ပန်းအလှ

Saturday, September 25, 2010

လူ့ဘ၀၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

၁ ။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော လေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက်
ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်
ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

fwd: mail တခုမှဖော်ပြသည်။

Thursday, September 9, 2010

သားဦးလေးနဲ့အတူအဆိုတော်ဟဲလေး


အဆိုတော် ဟဲလေးအတွက် ဇနီး မမြတ်သီရိလင်းက သားဦးလေး "We We" ကို ဇွန်လ (၁၅) ရက်နေ့က ရန်ကုန်၊ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားပေးခဲ့ပါတယ်။ သားဦးလေး မွေးတဲ့နေ့မှာဘဲ မလေးရှား ပြည်ပဖျော်ဖြေပွဲ အတွက် လာငှားကြတာကြောင့် လာဘ်ကောင်းတဲ့ သားလေးလို့ ဟဲလေးက ဆိုပါတယ်။

Sunday, September 5, 2010

ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသားများ စာရင်းကို သွေးစုပ် ဖုတ်ကောင်များ စိုးမိုးနေ




ယူကေတွင် အချမ်းသာဆုံးလူ စာရင်းဝင်ဖြစ်သလို Forbes ၏ ကမ္ဘာ့ အထင်ရှားဆုံး ကျော်ကြားသူ စာရင်းလည်း ဝင်ခဲ့သော “Twilight” သွေးစုပ်ဖုတ်ကောင် ဇတ်ကားမှ သရုပ်ဆောင် ရောဘတ် ပတ်တင်ဆန်သည် ယခုအခါ ဗြိတိသျှ ဖက်ရှင် မဂ္ဂဇင်း “Glamour” က မဲပေး ရွေးချယ်သော “World’s Sexiest Man” စာရင်းတွင်လည်း ၂ နှစ် ဆက်တိုက် ထိပ်ဆုံး ရောက်လျက်ရှိသည်။

ရောဘတ် ပတ်တင်ဆန် ၏ နောက်တွင် “Twilight” ဇတ်ကားမှပင် သမန်းဝံပုလွေ “Jacob Black” အဖြစ် သရုပ်ဆောင်သည့် တေလာ လော့ဒ်နာသည် ဒုတိယနေရာ လိုက်လျက်ရှိသည်။

ယခုနှစ်ပိုင်းတွင် “Twilight” ဇတ်ကားများ၏ အောင်မြင်မှု နှင့် အတူ အခြား သွေးစုပ်ဖုတ်ကောင် ဇတ်ကားများသည်လည်း လူကြိုက်များလာရာ ထိပ်ဆုံး ၅ ဦးတွင် ကျန် ၃ နေရာသည်လည်း “Twilight” ရုပ်ရှင်ဇတ်လမ်းတွဲ နှင့် အခြား သွေးစုပ်ဖုတ်ကောင် ဇတ်ကား “The Vampire Dairies” မှ မင်းသား ၃ ဦးက နေရာယူလျက်ရှိသည်။

ပင်လယ်ဓါးပြ ကပ္ပတိန် ဂျက်စပဲရိုးအဖြစ် သရုပ်ဆောင်သော မင်းသား ဂျွန်နီဒိပ့်သည် ပြီးခဲ့သောနှစ်က ဒုတိယနေရာမှ ယခုနှစ်တွင် နံပါတ် ၆ နေရာ သို့ ရောက်ရှိသွားသည်။ ထို့ပြင် ဟောလိဝုဒ် အကျော်အမော် ဘရက်ပစ် သည် ၃၃ နေရာသို့လည်းကောင်း ဒေးဗစ်ဘက်ခမ်းသည် ၂၁ နေရာသို့လည်းကောင်း လျှောကျသွားခဲ့သည်။

သရုပ်ဆောင် မင်းသားကြီး ဂျောဒ့်ကလူနီး သည်လည်း နံပါတ် ၇ မှ နံပါတ် ၃၅ သို့ ကျသွားသလို နာမည်ကျော်များ ဖြစ်သော မင်းသား ဂျူဒ့်လော နှင့် လီယိုနာဒို ဒီကက်ပရီယို တို့သည်လည်း ထိပ်ဆုံး ၅၀ ဦးစာရင်းမှ ထွက်သွားပြီဖြစ်သည်။

၂၀၁၀ အတွက် Glamour.com မှ ရွေးချယ်သည့် ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား ၅၀ စာရင်းမှ ထိပ်ဆုံး ၁၀ ဦးကိုဘော်ဘော်တွေအတွက် ကော်နှုတ် ဖော်ပြလိုက်ပါသည်။

နံပါတ် 10 Channing Tatum

အသက်- 30

http://patheincity.com/news//HLIC/f4a8e67fc498ac48e0be135cf9ae2aa2.jpg

နံပါတ် 9 Hayden Christensen

အသက်- 29

http://patheincity.com/news//HLIC/f74af6904405b83c20cc633e9bd1901f.jpg

Thursday, September 2, 2010

လူငယ်နှင့် အကောင်းဆုံးသောဘ၀ကိုတည်ဆောက်ခြင်း....

တစ်ခါက အမျိုးသမီးငယ်လေး တစ်ယောက် က သူ့အမေဆီကို သွားပြီး ငိုပြတယ်...သူမရဲ့ဘ၀ဟာ ဆင်းရဲခက်ခဲတဲ့ အကြောင်းတွေကို ပြောပြတာပေါ့..သူမဟာ ဘ၀ခရီးရဲ့ ခက်ခဲပင်ပန်းကြမ်းတမ်းမှုတွေနဲ့ ဘယ်လိုခရီးဆက်ရမှာလဲ
သူမရဲ့ ဘ၀ကို ဒီနေရာကနေ အရှုံးပေးချင်လာပြီလို့ ညည်းညူမိတယ်``ကြည့်လေ အမေရယ်။ ဘ၀မှာ ပြဿနာတွေ အများကြီး။ ဒီတစ်ခု ပြေလည်သွားရင် နောက်တစ်ခု လာပြန်လေရော။
ဆုံးကို မဆုံးနိုင်တော့ဘူး´´အမေဟာ ၀မ်းနည်းကြေကွဲနေတဲ့ သမီးကို မီးဖိုထဲကို ခေါ်သွားတယ်
ပြီးတော့ အိုးသုံးလုံးမှာ ရေထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ်..
ကံအားလျော်စွာပဲ သူတို့အိမ်မှာ မီးဖို(၃)ခု အဆင်သင့်ရှိနေတယ်
အိုးတွေဆူလာတဲ့အချိန်မှာ ပထမအိုးထဲကို မုံလာဥ၀ါတစ်လုံး ထည့်လိုက်တယ်..
ဒုတိယအိုးထဲကျတော့ ကြက်ဥတစ်လုံး ထည့်တယ်..နောက်ဆုံးအိုးထဲကျတော့ အမှုန့်ကြိတ်ထားတဲ့ ကော်ဖီစေ့တွေ ထည့်သတဲ့...
အမေဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးသုံးလုံးစလုံး ဆူနေတာကို စောင့်ကြည့်နေတယ်
မိနစ် (၂၀)လောက်ကြာတော့ သူမဟာ မီးဖိုမီးတွေကို ငြိမ်းသတ်လိုက်တယ်..ပထမ သူမဟာ မုံလာဥ၀ါကို ဆယ်ပြီး ပန်းကန်တစ်ခုမှာ ထည့်လိုက်တယ်..နောက်ကြက်ဥကို ဆယ်ပြီး ပန်းကန်တစ်ခုမှာထည့်ပြန်တယ်...ပြီးတော့ ကော်ဖီကို ခွက်ရှည်တစ်ခုထဲ ငှဲ့ထည့်လိုက်တယ်အမေဟာ သမီးဘက်ကိုလှည့်ပြီး မေးခွန်းထုတ်လိုက်တယ်..
``ငါ့ကိုပြောစမ်း နင်ဟာ ဘာလဲ....´´
``မုံလာဥ၀ါလား၊ ကြက်ဥလား၊ ကော်ဖီလား´´
အမေဟာ သမီးရှိရာကို မုံလာဥ၀ါယူလားပြီး စမ်းခိုင်းတယ်..
သူမစမ်းကြည့်လိုက်တယ်
``အင်း ပျော့ပျော့လေးပဲ´´
နောက်အမေက ``သမီးရေ ကြက်ဥကိုယူပြီး အခွံခွာလိုက်ပါ ´´ လို့ ပြောတယ်...
သမီးဟာ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥမာနေတာကိုတွေ့ရတယ်...
နောက်ဆုံးမှာ အမေဟာ သမီးကို ကော်ဖီတစ်ငုံလောက် မြည်းကြည့်ဖို့ ပြောတယ်...
သမီးဟာ မွှေးကြိုင်ပြီး အရသာရှိတဲ့ ကော်ဖီကို တစ်ငုံလောက် သောက်မိတဲ့အခါ ကျေနပ်ပြီး ပြုံးလိုက်တယ်...
ပြီးတော့ အမေ့ကိုမေးတယ်..
``အမေ ဘာကိုဆိုလိုတာလဲ´´
အမေက ရှင်းပြတယ်...
``သမီးတွေ့တယ် မဟုတ်လား။ ဒီပစ္စည်းသုံးခုလုံးဟာ ကံကြမ္မာယိုယွင်းလို့ မီးအပူနဲ့ ဆူစေတဲ့ရေထဲကို ကျရောက်ခဲ့တယ် မဟုတ်လား...
သို့သော် တစ်မျိုးစီဟာ မတူညီတဲ့ တုန့်ပြန်မှုတွေ ပေးခဲ့ကြတယ်။
တကယ်တော့ မုံလာဥ၀ါဆိုတာ မူလက မာကျောကျောနဲ့ ချိုးဖဲ့ရ ခက်တာပဲ...
ဒါပေမယ့် ရေနဲ့ပြုတ်လိုက်တော့ နူးညံ့ပျော့ပျောင်းသွားတယ်၊ အလွယ်တကူ ဖဲ့ထုတ်ယူလို့ရတယ်။
ကြက်ဥဆိုတာ အထိမခံ ရွှေပန်းကန်လေ၊ အပြင်က အခွံပါးပါးခပ်မာမာလေးက အထဲက အရည်တွေကို ကာကွယ်ထားတာပဲပေါ့...
သို့သော် ရေနွေးထဲကို ရောက်လို့ ခပ်ကြာကြာလေး ထားလိုက်လို့ အထဲမှာ မာကျောလာတော့တာပဲ။ ကြာကြာဆူလေ မာလေပဲပေါ့....
ကော်ဖီစေ့တွေက ထူးကိုထူးခြားတယ်...
သူတို့ကို ဆူအောင်ပူအောင်လုပ်တဲ့ရေကို သူတို့ပြောင်းလဲသွားစေတယ်...
ဒီလိုပြောပြီး သူမဟာ သမီးကို မေးလိုက်တယ်.....
``သမီးဟာ ဘယ်လိုအမျိုးအစားလဲ´´
``တကယ်လို့ ဆိုးဝါးတဲ့အဖြစ်တွေ သမီးရဲ့အိမ်တံခါးကို လာခေါက်ရင် သမီးဘယ်လိုတုန့်ပြန်မလဲ။
မုံလာဥ၀ါလိုလား.....
ကြက်ဥလိုလား.....
ဒါမှမဟုတ် .....ကော်ဖီစေ့လိုလား........
သမီးဘယ်လိုလူမျိုးလဲ....
စဉ်းစားကြည့်ပါ....
တကယ်လို့ သမီးဟာ မုံလာဥ၀ါ လိုဖြစ်နေတယ်ဆိုရင် မူလက ခပ်မာမာပဲ..
သို့သော် တွန်းတိုက်ခံရတဲ့အခါ ခွန်အားချည့်နဲ့သွားကာ အသုံးမကျ ဖြစ်သွားမှာလား ?
သမီးဟာ ကြက်ဥလိုလား။ အစပိုင်းမှာတော့ အတွင်းမှာ ပျော့ပျော့လေး။ နူးညံ့တဲ့ နှလုံးသားရှိတာပေါ့....
သို့သော်အခက်အခဲတွေကြုံရတဲ့အခါ မာကျောလာတယ်လေ... အပြင်ကကြည့်ရင်တော့ အတူတူပါပဲ...
သို့သော် အတွင်းမှာ ခါးသီးနာကျည်းမာကျောနေတာမျိုးပေါ့...မာကျောတဲ့ နှလုံးသားပိုင်ရှင် ဖြစ်လာတယ်...
ဒါမှမဟုတ် သမီးဟာ ကော်ဖီစေ့တွေလား....
ကော်ဖီစေ့တွေဟာ ရေနွေးကို ပြောင်းလဲပစ်နိုင်စွမ်းရှိတယ်...တကယ်တော့ ဒီလိုအခြေအနေမှာ ပူလောင်ခြင်း ပြင်းစွာခံစားနေရမှာပဲ မဟုတ်လား.....
ဒါပေမယ့် ရေကပူလာလေလေ သူက အမွှေးအကြိုင်တွေ(အနံ့)အရသာတွေ ထုတ်လွှတ်
လေလေပါပဲ... သမီးဟာ ကော်ဖီစေ့တွေလိုသာဆိုရင် အခက်အခဲတွေ တွေ့လေလေ ပတ်ဝန်းကျင်ကို ပိုပြီး ကောင်းမွန်တဲ့အခြေအနေကိုရောက်အောင် တွန်းပို့လေလေပါပဲ.....
မှောင်မိုက်တဲ့အချိန်ရောက်လေလေ လမ်းပြဟာ အရေးကြီးလေပါပဲ
အခက်အခဲတွေကြုံလာတဲ့အခါ သမီးဘယ်လိုရင်ဆိုင်မလဲ။ သမီးဟာ
``မုံလာဥ၀ါလား၊ ကြက်ဥလား၊ ဒါမှမဟုတ် ကော်ဖီစေ့လား´´


ဒီဆောင်းပါးလေးကို ဆရာ ဒေါက်တာခင်မောင်ညို ရေးသားတဲ့
`` လူငယ်နှင့် အကောင်းဆုံးသောဘ၀ကိုတည်ဆောက်ခြင်း' ' စာအုပ်မှပြန်ပြီးဝေငှပေးလိုက်ပါတယ်............

Tuesday, August 31, 2010

ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ


ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ


ပဲခူးမြို့ လည်တွင် ရေကြီးသဖြင့် ပြည်သူများ ခရီးသွားလာရေး တွင် အခက်အခဲ ကြုံတွေ့ နေရစဉ်

နေအိမ်များ ရေနစ်မြုပ်သဖြင့် အိုးအိမ်များ ပျက်စီးခဲ့ရသူများ ကို ဘုန်းတော်ကြီးများ က ကျောင်းတိုက် များ တွင် ခေတ္တပြန်လည် နေရာချထား ပေးရသည်။

လူ​တစ်ဦး​၏​ အ​ဆုတ်​အ​တွင်း​ ​ပဲ​ပင်​တစ်​ပင်​ ​ရောက်​ရှိ​နေ

2vsjb6d.jpg


အသက် ၇၅ နှစ်အရွယ် လူတစ်ဦး၏ အဆုတ်အတွင်း ကင်ဆာကြိတ်တစ်ခု ရှိနေကြောင်း
ဆရာဝန်များက သံသယ ဖြစ်နေခဲ့ရာ နောက်ပိုင်းတွင် ထိုအရာသည် အကြိတ်မဟုတ်
ဘဲ
ပဲပင်တစ်ပင် ဖြစ်နေသည်ကို ထူးဆန်း အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
မိမိ၏ သွေးဖိအား အလွန်ကျဆင်းပြီး သွေးအတွင်း အောက်စီဂျင် ပါဝင်မှုလည်း

ဆိုးဆိုးရွားရွား ကျဆင်း ခဲ့ကြောင်း အသက် ၇၅ နှစ်ရှိ ရွန်ဆဗန်ဒါကပြောကြားခဲ့သည်။

အမေရိကန်​ နိုင်ငံ မက်ဆာ​ ချူးဆက်တွင် နေထိုင်သည့်
ရွန်သည် ဓာတ်မှန်ရိုက် စစ်ဆေးမှုများ​ အရ အဆုတ်မှ ထွက်လာသည့် လေပြွန်တွင်
ပိတ်ဆို့မှုများ ဖြစ်နေကြောင်း ဆရာဝန်များက တွေ့ရှိခဲ့သည်။ ကိပ်ကော့ဆေးရုံမှ
ဆရာဝန်များသည် အဆိုပါ ပိတ်ဆို့နေသည့် အစိုင်အခဲမှ အစအနကို နမူနာယူကာ
ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ကြသည်။ ထို့နောက်တွင်တော့ ယင်းသည်
ကင်ဆာကြိတ်တစ်ခု မဟုတ်ဘဲ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတွင် အမြစ်တွယ်နေသည့်
ပဲပင်တစ်ပင်သာဖြစ်ကြောင်း ဆရာဝန်များက ရွန်အား ပြောပြခဲ့သည်။

ဖြစ်နိုင်သည်မှာ ရွန်စားလိုက်သည့် ပဲစေ့တစ်စေ့သည် အစာပြွန်မှ လမ်းကြောင်းမှားကာ
အဆုတ်အတွင်း ရောက်သွားခြင်း ဖြစ်နိုင်သည်ဟု သိရသည်။ ထို့နောက်တွင်တော့
ခွဲစိတ်ဆရာဝန်များသည် ရွန်၏ ကိုယ်အတွင်းမှ ပဲပင်အား ခွဲစိတ်ပြီး
ဖယ်ရှားပေးလိုက်ကြောင်း သိရှိရသည်။

Monday, August 30, 2010

လူငယ်များတွင်ပါ ဖြစ်ပွားတတ်လာသည့် သတိပြုရမည့်သွေးတိုးရောဂါ

သွေးတိုးခြင်းဟူသည့် ခန္ဓာကိုယ်တွင်း ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် ရောဂါခံစားချက်တစ်ခုအား ယခုနှစ်ပိုင်းများတွင် လူကြီးများတွင်သာမက လူငယ်များ၏ ပါးစပ်ဖျားတွင်လည်း မကြာခဏ ပြောပြောနေကြသည်ကို တွေ့လာရသည်။ သွေးတိုးခြင်းသည် ယခင်က လူကြီးများတွင်သာ ဖြစ်လေ့ရှိသည့် ရောဂါတစ်ခုဖြစ်သော်လည်း ယနေ့ခေတ်လူနေမှုပုံစံများကြောင့် ယခင်က ဖြစ်လေ့မရှိသည့် လူငယ်များတွင်ပါ အဆိုပါရောဂါ ခံစားလာကြရသည်။ ကလေးငယ်များတွင်လည်း ငယ်စဉ်ကပင် မသင့်သောအစားအစာများ စားသုံးခြင်း၊ တတ်နိုင်သည့် မိသားစုများက မိမိတို့၏ ကလေးများအား အလိုလိုက်၍ အများအပြားစားစေခြင်းကြောင့် ကလေးငယ်များသည် ငယ်စဉ်ကပင် အဆီဓာတ်များ ရှိနေလေ့ရှိကြပြီး အ၀လွန်နေလေ့ရှိကြသည်။ ထို့အပြင် ကလေးများတွင် ကျောင်းစာအတွက်ရော ပြင်ပ ဗဟုသုတများအတွက် ကျူရှင်များ တစ်ခုပြီးတစ်ခု တက်ရခြင်း၊ သင်တန်းများ တစ်ခုပြီးတစ်ခု တက်နေရခြင်းကြောင့် ကိုယ်လက်လှုပ်ရှားချိန် နည်းပါးလာခြင်း စသည့် အချက်အလက်များသည်လည်း ငယ်ရွယ်သူများအတွက် သွေးတိုးစေခြင်း၏ အကြောင်းအချက်များတွင် ပါဝင်ကြောင်းသိရသည်။ “လိုက်ဖ်စတိုင်တွေကြောင့် လူငယ်တွေပါ သွေးတိုးတတ်လာတယ်၊ ပိုက်ဆံတတ်နိုင်သူတွေက ကလေးတွေကို များများကျွေးတော့ ငယ်ငယ်ကတည်းက ၀လာမယ်၊ အစားအစာတွေကလည်း အခုခေတ်မှာ အစုံရှိတယ်လေ၊ တီဗီတွေကလည်း ကြော်ငြာတော့ ကျန်းမာရေးနဲ့ မသင့်တာတွေ စားကြတယ်” ဟု Keen Cie Health Care Service မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကျော်မင်းက ပြောသည်။ “ငယ်ငယ်ကတည်းက ကျန်းမာရေးနဲ့ မသင့်တာတွေစားတော့ ငယ်ငယ်ကတည်းက အဆီဓာတ် တွေများပြီး ၀လာတယ်။ ပြီးတော့ ကလေးတွေမှာ ကျူရှင်တွေ တစ်ခုပြီးတစ်ခုတက်ရတော့ စိတ်ဖိစီးမှု ပိုများလာတယ်။ အချင်းချင်း ဆော့ကစားရတဲ့အချိန်နည်းတော့ ကိုယ်လက်လှုပ်ရှားဖို့ အချိန်လည်း နည်းလာကြတယ်” ဟု ဒေါက်တာကျော်မင်းက ဆက်လက်ပြောကြားသည်။ သွေးတိုးခြင်းသည် Essential Hypertension နှင့် Secondary Hypertension ဟူ၍ရှိပြီး ပထမတစ်မျိုးတွင် သွေးတိုးရခြင်း၏ အဓိကအကြောင်းအရင်းကို တိတိကျကျရှာမရဘဲ ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များနှင့်သာ ကောက်ချက်ချနိုင်ကြောင်း သိရသည်။

GSM နှင့် CDMA ဖုန်းလိုင်းများတွင် အင်တာနက်သုံးစွဲနိုင်တော့မည်

ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများတွင် ဒေတာဖြတ်သန်းစီးဆင်းပြီး အင်တာနက်သုံးစွဲနိုင်ရန် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စမ်းသပ်လျက်ရှိရာ စမ်းသပ်မှုအောင်မြင်ပါက အများပြည်သူသို့ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ "ငါးသိန်းတန်ဖုန်းလိုင်း၊ ၁၅ သိန်းတန်ဖုန်းလိုင်းရယ်လို့ မဟုတ်ဘူး။ စမ်းသပ်မှုအခြေအနေ ကောင်းမွန်တဲ့လိုင်းကို အရင်ပေးသုံးသွားမှာပါ။ ဂျီအက်စ်အမ်လိုင်းတွေရော၊ စီဒီအမ်အေလိုင်းတွေရောပါတယ်။ Data ဖြတ်သန်းနိုင်မှုကို စမ်းသုံးနေတယ်။ ဘယ်ဖုန်းလိုင်းမှာရမယ်၊ ဘယ်တော့လောက်ရမယ်ဆိုတာတော့ မသိသေးဘူး" ဟု၎င်းကပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးစွဲခြင်းကို EVDO နည်းပညာအပေါ်အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အသံနှင့် ဒေတာ နှစ်မျိုးလုံးကို ဖုန်းလိုင်းပေါ်မှတဆင့် သယ်ဆောင်အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါဝန်ဆောင်မှုကိုရရှိရန် မည်ကဲ့သို့လျှောက်ထားရမည်နှင့် မည်မျှကုန်ကျမည်ဆိုသည့် အချက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခြင်းနှင့်ပတ်သက်၍ လူကြီးမင်းဖုန်းဆိုင်မန်နေဂျာ ဦးကိုကိုအောင်က "အခု မိုဘိုင်းဖုန်းတွေမှာ အင်တာနက်သုံးနိုင်တယ်ဆိုတာက ဖုန်းလိုင်းပေါ်ကနေ မဟုတ်ပါဘူး။ ၀ိုင်ဖိုင်သုံးတဲ့နေရာမျိုးတွေမှာ ၀ိုင်ဖိုင်ဖမ်းယူနိုင်တဲ့ လက်ကိုင်ဖုန်းတွေကတဆင့် အသုံးပြုနေကြတဲ့သဘောပါ။ ဒါပေမယ့်လည်း ကွန်နက်ရှင်က အရမ်းနှေးပါတယ်" ဟုပြောသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းပေါ်မှတဆင့် အင်တာနက်သုံးစွဲနိုင်ပါက e-Commerce စနစ် ပေါ်ပေါက်လာမှုအတွက် ကောင်းမွန်သော အဆင့်တစ်ခုဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြု၍ အွန်လိုင်းမှတဆင့် ကုန်သွယ်မှုများကို ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်

Sunday, August 29, 2010

ပေါင် ၃၀၀ ကျော်လေးသည် ထူးထူးဆန်းဆန်းကျားလိမ္မာကြီး


What's up pussycat? Goosey Fernandes feeds 19-month old Bengal tiger Panjo, who has become part of the family after being adopted at just three weeks
ချိုချိုစို့ မယ် အမောင်ကျား...
What's up pussycat? Goosey Fernandes feeds 19-month old Bengal tiger Panjo, who has become part of the family after being adopted at just three
weeks

ဆိုဖာခုံပေါ်မှာ ကွေးကွေးလေးနေပြီး သခင်ဖြစ်သူရဲ့ လက်ကိုနှာခေါင်းဖြင့် ဝှေ့ လို့ တစ်မျိုးတစ်အိမ်ထဲနေအ
ပေါင်းအသင်း ခွေးတွေကိုစလို့ တစ်ဖုံနဲ့ ပန်ဂျို ဟာတစ်ကယ့် အိမ်မွေးကြောင်တစ်ကောင်နဲ့ မခြားပါပဲ...
ဒါပေမယ့် သူကတော့ အလေးချိန် ၁၄၆ ကီလို ( ပေါင် ၃၀၀ ကျော် ) ရှိတဲ့ ဘင်္ဂလားကျားတစ်ကောင်ဖြစ်နေ
ပါတယ်...

ဘင်္ဂလားကျားတွေဟာ သဘာဝအတိုင်းတောထဲမှာဆိုယင်တော့ ဘယ်တိရိစ္ဆာန်ကိုမှ မကြောက်တဲ့ သားရိုင်း
တောမုဆိုးတွေဖြစ်ပေမယ့် ကျားကြီးပန်ဂျို ကတော့ သူ့ ကိုမွေးစားထားတဲ့ သခင်ဖြစ်သူ ဂူဆေးဖာနန်ဒက်စ်
နဲ့ မိသားစုဝင်တွေနှင့် အတူ တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့ ကနေအိမ်မှာ ကစားနေရတာကို ပိုပြီး
နှစ်သက်နေပါတယ်...
ပန်ဂျိုကို ၎င်းအသက် ၃ပါတ်သားအရွယ်မှာ သူ့ မိခင်ကျားမကြီးကစွန့် ပစ်သွားလို့ သေလုမြောပါးဖြစ်နေချိန်
မှာ ကောက်ယူကာ ပြုစုယုယမွေးမြူထားခဲ့ တာဖြစ်ပါတယ်...

ဖာနန်ဒက်စ် ဟာပိန်ချူံးချိနဲ့ နေတဲ့ ကျားကလေးပန်ဂျို ကိုချက်ချင်းပဲ အိမ်ကိုသယ်ဆောင်လာပြီး ကိုယ်တိုင်
ပဲပြုစုစောင့် ရှောက်ကျွေးမွေးခဲ့ လို့ အခု ၁၉ လသားအရွယ်မှာတော့ သန်မာထွားကျိုင်းလာပါပြီ...
ပန်ဂျိုကိုအိမ်ထဲမှာလှည့် ပါတ်သွားလာနေတာ၊ သူ့ သခင်တွေနဲ့ တိုးဝှေ့ ပွတ်သပ်ကျီစယ်နေတာ၊ မီးဖိုချောင်
ခုံတန်းလျားပေါ်ကိုခုန်တက်ပြီး ဖာနန်ဒက်စ်ရဲ့ ခွေးတွေဖြစ်တဲ့  မီလိုနဲ့ စကိုင်း တို့ နဲ့ ကစားနေတာကို ပုံမှန်
တွေ့ မြင်ရမှာဖြစ်ပါတယ်...
လူ၊ ကျား၊ ခွေး သုံးယောက်တို့ ရဲ့ လူနှင့် တိရိစ္ဆာန်ကြားကချစ်ခင်မှုသံယောဇဉ်ကတော့ အခိုင်မြဲဆုံးပါပဲ...
Right at home: Panjo leaps up onto the kitchen bench as he waits to be fed
ဆာရင်စား၊ မောယင်နား... တို့ အတွက်တော့ မင်းဟာ သား...
Right at home: Panjo leaps up onto the kitchen bench as he waits to be fed