အမျိုးသားတို့ စတိုင်ကျနဖို့
ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ် ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်..
၁။ အ၀တ်အစား ၀တ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ စသည်တို့အတွက် အ၀တ်အစားများကို သွားမဲ့ရက် မတိုင်မီ ကတည်းက ကြိုတင် ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့ အခါ အင်္ကျီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့ အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်..
ပန်းအလှ
Tuesday, July 20, 2010
ဒွေးကွယ်လွန်ခြင်း သုံးနှစ်ပြည့်အဖြစ် တစ်နိုင်တစ်ပိုင် လှူဒါန်းခြင်းများပြုလုပ်

ယင်းသို့ပြုလုပ်ခဲ့ကြရာ၌ ဇနီး ဖြစ်သူ မမိုးမိုးနှင့် ဒွေး၏မိသားစုဝင်များတို့က မှော်ဘီမြို့နယ်ရှိဘုန်းတော်ကြီးကျောင်းတွင် ကျောင်းရှိ သံဃာတော်အပါးပေါင်း ၂၀၅ ပါးအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
'အစ်ကိုကွယ်လွန်တာ သုံးနှစ် ပြည့်သွားပါပြီ။ အခုချိန်ထိအောင် မမေ့ကြသေးဘဲ သတိတရအားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျွန်တော်ကျေးဇူး အများကြီးတင်ပါတယ်။
ကျွန်တော်တို့ရင်ထဲမှာတော့ အခုချိန်ထိအောင် အိပ်မက်တွေလိုပဲ ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရဲ့ အနုပညာအပေါ်ထား တဲ့ ရူးသွပ်မှု၊ စေတနာ တွေကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ရှိနေဦးမှာပါပဲ'ဟု ညီဖြစ်သူသားညီက ပြော ပြခဲ့သည်။
ထို့အပြင် ဒွေးမကွယ်လွန်မီက မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူ ကိုဆာမိ(စတီးလ်)ကလည်း ရုပ်ရှင်ရိုက်ကွင်းအတွက် ရောက်ရှိနေသည့် ပုပ္ပားရှိ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်ငါးပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဒွေးနှင့် ရင်းနှီးလက်တွဲခဲ့သည့် သရုပ်ဆောင် ဖိုးကျော်ကလည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၌ လှူဒါန်းခြင်းများအား ရည်စူးပြုလုပ်ပေးခဲ့သည်ဟု သိရသည်။
အာဇာနည်နေ့ အဖြစ် အပျက် နဲ့ လုပ်ကြံမှု မှာ ပါဝင်ခဲ့သူများ
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ယနေ့ထက်တိုင် အောင်းမေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။
ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ
1. ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ)
2. သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊
3. မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊
4. စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
5. သုခ (ကားမောင်းသူ)။
သေဒဏ် အပြစ်ပေးခံရသူများ
(အင်းစိန်ထောင် ကြိုးတိုက်တွင်)
1. ဂဠုန်ဦးစော
2. မောင်စိုး
3. သက်နှင်း
4. မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အ၀ိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် )
5. စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
6. ရန်ကြီးအောင် ခေါ် လှထွန်း
သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ ပြောင်းရွေ့ ကျခံရသူများ
1. သုခ
2. ခင်မောင်ရင်
3. မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ
ဇူလိုင် ၁၉ ရက်နေ့ အဖြစ်အပျက်
ဦးအောင်ဆန်း
ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ
1. ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ)
2. သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊
3. မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊
4. စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
5. သုခ (ကားမောင်းသူ)။
သေဒဏ် အပြစ်ပေးခံရသူများ
(အင်းစိန်ထောင် ကြိုးတိုက်တွင်)
1. ဂဠုန်ဦးစော
2. မောင်စိုး
3. သက်နှင်း
4. မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အ၀ိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် )
5. စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
6. ရန်ကြီးအောင် ခေါ် လှထွန်း
သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ ပြောင်းရွေ့ ကျခံရသူများ
1. သုခ
2. ခင်မောင်ရင်
3. မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ
ဇူလိုင် ၁၉ ရက်နေ့ အဖြစ်အပျက်
ဦးအောင်ဆန်း
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်။ နောက် စွေ၍နေလေသည်။
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် (၁ဝ)နာရီခွဲ။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော်အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးကို လမ်းကြုံလျှင် ယူသွားပါဟု မှာထားချက်ရှိသည်။ သို့ဖြစ်၍ ဗိုလ်ထွန်းလှထံ ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမြည် ပြောပြီးနောက် ဇော်ဂျီထံသို့ သွားမည်ဟု စိတ်ကူးထားသည်။
၁ဝ နာရီလောက်ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတဗုဒ်ကို စပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့်တွေ့သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင် ကြည့်မြင်တိုင်မှ လိုက်ပါလာသည် ထင်ရသော တောသား သုံးယောက်နှင့် တရုတ်မနှစ်ယောက်ကို တွေ့ရသည်။ ကားပြတင်းတံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည် ရွာလျက်ပင်။ ရွှံဗွက်ချိုင့်ဝှမ်းတို့ဖြင့်ြွ့ပမ်းသော ရန်ကုန်လမ်းကား စိုစွတ်လှသည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့် စပတ် (ဗိုလ်အောင်ကျော်)လမ်း ရောက်လျှင် ကျွန်ုပ်သည် ဆင်းလိုက်သည်။ ကျွန်ုပ်သည် ဒါလဟိုဇီ (မဟာဗန္ဓုလ)လမ်းဘက်မှ စပတ် (ဗိုလ်အောင်ကျော်) လမ်းကို ဖြတ်ကူးလိုက်သည်။
လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု၊ ဒီတစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ မိုးကာဝတ်လျက် လူများသည် သွားကြ လာကြနှင့် ရှုပ်ယှက်ခတ်နေသည်။ သူရိယတိုက်ရှေ့ အဝင်တံခါးမပေါက်ကြီးတွင်ကား လူများသည် ရပ်ကာ အတွင်းသို့ မျှော်ကြည့်လိုက်၊ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့မြင်ရသည်။ ကျွန်တော်ကား ရုံးဆင်းချိန်မို့ လူတွေ ရှုပ်နေတာ ထင်ပါရဲ့ဟုသာ သာမန် အောက်မေ့မိသည်။
ကျွန်တော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သိုပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ ဝင်သွားသည်။ လမ်းကူးတွင်ကား လက်နက်ကိုင် စစ်သားများ စောင့်ကြပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွားခဲလှပေသည်။
ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာ ဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ၊ ချာပရာစီများ ရပ်ပြုနေသည်ကို အလျဉ်းမတွေ့ရ။ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။
ဗိုလ်ထွန်းလှအခန်းသို့ တက်ရန်လှေကား တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္ဈရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်ကို ဖြတ်သန်းကာ တဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံမှ အပြန်မှပဲ ဝင်တော့မည်လေ။
လွတ်တော်ရုံး ဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးဝမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလတ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည်။ သခင်နုရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်းပုတ်ကြီးသည် ဆွဲ၍ စေ့ထားသည် ရုံးစေသုံးယောက်မှာ နံရံကို မှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြော မနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။
ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတစ်ဦးအား ‘ဦးသိန်းဟန် ရှိသလား’ ဟု မေးသည်။
‘ရှိပါတယ် ခင်ဗျ’ ဟု ခပ်တိုးတိုးသာ ခပ်အေးအေး ဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်ဝံ့သေးဘဲ ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည်၍ ‘အထဲမှာ အစည်းအဝေး လုပ်နေသလား’ ဟု မေးရသည်။
ရုံးစေသည် ဘာမျှ မပြောဘဲ အသာအယာ စေ့ထားသော တံခါးကို ဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏ စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်သည် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းပြာပြာဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ဝတ်လုံ ဦးချစ်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်နေလျက် ရှိသည်။
ဇော်ဂျီသည် ကျွန်တော် ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်။ စကားမျှမမြွက်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည် ငေးငိုင်၍ နေသည်။ အတန်ကြာ တိတ်ဆိတ်လျက် ရှိသည်။ ကျွန်တော်ကား ခါတိုင်း လှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်များ ရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်။ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက် ရှိသည်။ အတန်ကြာ ဆိတ်နေရာမှ ‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲ ဖြစ်သွားသည်။
‘လက်ဖက်ရည်ဆိုင် သွားရအောင်’
မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းဘေးပေါ်ရောက်မှ ကျွန်တော် မနေနိုင်၍ ‘ဘာဖြစ်လို့လဲ ဆရာ’ ဟု မေးမိသည်။
‘မင်း မကြားသေးဘူးလား’ ဟု ဇော်ဂျီက အံ့သြနေသည်။
‘ဟင့်အင်း၊ ကျွန်တော် အခုပဲ ဘတ်စ်ကားပေးက ဆင်းပြီး ရုံးကို တန်းလာတာ’
ဒီတော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လက်နက်ကိုင် လူလေးယောက်သည် ကျွန်တော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း၏ ရုံးခန်းတွင်းသို့ အတွင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျွန်တော မရောက်မီ တစ်နာရီကျော်ကျော်တွင်ခန့်က ဖြစ်သည်။
ကျွန်တော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်၍ သွားသည်။ အသားများ တဆတ်ဆတ် တုန်၍ လာသည်။
အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီ စသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး၊ ခပ်ထွေထွေပင် လက်ဖက်ရည်ကို သောက်နေသည်။
‘အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ’
‘သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ’ စသည်ဖြင့် လူအချို့သည် ညည်းထွားလျက် ရှိကြသည်။ ဇော်ဂျီက ‘အမျိုးသား ပျက်စီးခြင်း တရပ်ပဲ’ဟု တသသပြောသည်။
‘ကျွန်တော် ရုံးဝင်းထဲ ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျွန်တော်ဝင်လာတာ မတားကြပါဘူး။ ဆင်ဝင်အောက် အဝင်မှာတောင် အသိစာရေးတယောက်နဲ့ တွေ့သားပဲ၊ သူကလည်း ဘာမှ မပြောဘူး’
‘လူတွေဟာ မပြောရက်ကြဘူး’ ဟု ဇော်ဂျီက ဆိုလေသည်။
လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံမှ ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘ဘယ့်နဲ့လဲ’ ဟု ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံး ဆုံးရှာပြီဟု ပြောသည်။ သူသည် အသံတုန်နေ၍ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
‘ဗိုလ်ချုပ်ကော’ ဟု တယောက်က တိုးတိုးမေးသည်။
‘မျက်နှာကို အဝတ်နဲ့ ဖုံးထားတယ်’
ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် (သိမ်ဖြူ) လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်ရှိသည်။ လူတအုပ်သည် မိုးရွာထဲတွင် ထီးဆောင်း၍၊ တချို့က ထီးမပါဘဲ၊ တချို့က ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ လူတယောက်က ကျွန်တော့် လက်မောင်းကို ဆွဲကိုင်၍ ‘ဒီမယ် ခုနက ဝန်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလား ခင်ဗျာ’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
‘ဟုတ်ကဲ့’ ဟူ၍သာ ဖြေကြားပြီး တဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်သို့ ပြေးလျက်ရှိသည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘ဖြစ်မှ ဖြစ်ရလေနော်၊ ဖြစ်မှ ဖြစ်ရလေနော်’ ဟု မြည်တမ်းလျက်ရှိသည်။
ဈေးသည်ဟု ထင်ရသော ခပ်အိုအို မိန်းမကြီးနှစ်ယောက်ကား ‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်၊ ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’ ဆုတောင်း၍ နေကြသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘မပြောကြနဲ့၊ မပြောကြနဲ့’ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။
သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တဦးက ‘အားကီး ရက်စက်တာပဲ’ဟု ကျွန်တော့်ဘက်သို့ လှည်၍ ရေရွတ်လျက် ရှိသည်။ မျက်နှာထား တင်းတင်းနှင့် ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ ရောက်လာသောအခါ လူသွားလူလာ ကင်းရှင်းနေပြီး ဈေးဆိုင်များမှာ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာကြသည်။
ကားပေါ်မှ ဆင်း၍ လမ်းထဲသို့ ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။
လူတို့သည် ‘ဖြစ်မှ ဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ’ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေသတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာ ကြည့်ကြည့်၊ မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမ ပါးစပ်မှ ‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
နေဝင်မီးငြိမ်းအမိန့် ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း ညနေခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။
တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ကြပါစေတော့ဟု မိန်းမများ ဆုတောင်းကြသည်။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေး ထကြပြန်သည်။ တရေးနိုးဆုံလျှင် ‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’ ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တစ်ရေးနိုးတိုင်း သတိရလျက် ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။ရေကန်ထဲကဆား
တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်.. ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..
ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..
ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်..
ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”
“ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..
ချော( အစိမ်းရောင်လွင်ပြင်)မှ တစ်ဆင့် ကူး ယူ ဖော်ပြ ပါသည်။
Friday, July 16, 2010
စိန်စီထားသော ဒေါ်လာ ၁၅၅,၀၀၀ တန် ရွှေ ဒေါက်မြင့်ဖိနပ်

ဗြိတိသျှ ကျောက်မျက် ရတနာလုပ်ငန်း The House of Borgezie ၏ တည်ထောင်သူ ကျောက်မျက်ရတနာ ဒီဇိုင်းပညာရှင် Christopher Michael Shellis ဖန်တီးထားသော Eternal Diamond (အဆုံးမဲ့ ထာဝရစိန်) ဟု အမည်ရသည့် ဒေါက်မြင့်ဖိနပ်သည် တစ်ရံလျင် အမေရိကန် ဒေါ်လာ ၁၅၅,၀၀၀ ကျသင့်မည် ဖြစ်သည်။
ရွှေသားအတိဖြင့် ပြုလုပ်ထားသော Eternal Diamond ဒေါက်ဖြင့်ဖိနပ်တွင် စုစုပေါင်း ၃၀ ကာရက် ရှိသော အလွန်တောက်ပသည့် စိန်ပွင့်ပေါင်း ၂၂၀၀ ဖြင့် စီချယ်ထားပြီး House of Borgezie မှ အတော်ဆုံး ပန်းတိမ်ဆရာများ နှင့် ကျောက်မျက်ပညာရှင်များ ပူပေါင်းလုပ်ဆောင်သည့် အဖိုးတန် လက်မှုအနုပညာ ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
၃ နှစ်ကျော် ကြာမြင့်သော Eternal Diamond ဖန်တီးမှု လုပ်ငန်းစဉ်သည် တစ်ကယ့်ကို တိကျ ခက်ခဲ့သော အလုပ်တစ်ခုဖြစ်ကာ Shellis အနေဖြင့် စိတ်စွဲလန်းမှု ကြီးကြီးဖြင့် ဖန်တီးခဲ့သည်ဟု သိရသည်။ “Eternal Diamond ကို အသက်ဝင် ရုပ်လုံးပေါ်လာဖို့ ဖန်တီးရာတာဟာ ရှိပြီးသား ဒေါက်မြင့်ဖိနပ် ဖန်တီးတဲ့ အခြေခံ နည်းလမ်းတွေကနေ သွေဖယ်ပြီး တစ်ကယ့်ကိုပဲ စစ်စစ်ပေါက်ပေါက် တီထွင် ဆန်းသစ်ရတာ ဖြစ်ပါတယ်။ အကျိုးရလဒ်ကတော့ ဒါဟာ ဖိနပ်တစ်ရံတင် မကပါဘူး.. အမျိုးသမီး တစ်ယောက်အတွက် အံ့အားသင့်ဖွယ် အဖိုးထိုက်အဖိုးတန် ကျောက်မျက်ရတနာ အဆင်တန်ဆာ တစ်ခုပါ” ဟု Shellis က ပြောကြားပါသည်။
နွေရာသီ ဆန်သောဖက်ရှင်ဖြစ်သည့် Eternal Diamond ဒေါက်ဖြင့်ဖိနပ်သည် ကော်ဇောနီ အခမ်းအနားများ၊ မင်္ဂလားအခမ်းအနားများ နှင့် ရွက်လှေပါတီများ စသော မင်းခန်းမင်းနား ပွဲတော်များအတွက် ပြီးပြည့်စုံသော အဆင်တန်ဆာ တစ်ခုဖြစ်ပြီး ရောင်းဈေး ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၅,၀၀၀) သတ်မှတ်ထားကာ နှစ် ၁၀၀၀ အာမခံချက် ပါဝင်မည်ဖြစ်ရာ ဘဝတစ်လျောက်လုံး အတွက် ဖက်ရှင်ဆိုင်ရာ ရင်းနှီးမြုတ်နှံမှု တစ်ခုဟု ဆိုကြသည်။
ဗိုလ်ချုပ်၏ နောက်ဆုံးနေ့...

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည်။တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး
လို ၀ိုးဝိုးဝါးဝါးနေသည်။မိုးသည် ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲနေလိုက်၊တဖြိုင်ဖြိုင်ရွာချလိုက်နှင့်။နောက် စွေ၍နေလေသည်။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။တိုင်းပြုပြည်ပြုလွတ်တော် အထူးအရာရှိ ဦးသိန်းဟန်(ဇော်ဂျီ) က စနေနေ့နေ့လည်တွင် ဆောင်းပါးလာယူရန်ချိန်းထား
သည်။ဗိုလ်ချုပ်အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးကို လမ်းကြုံလျှင်ယူသွားပါဟု မှာထားချက်ရှိသည်။သို့ဖြစ်၍ ဗိုလ်ထွန်းလှ ထံဆောင်းပါး ၀င်ယူ
ရင်း ခဏတဖြုတ် စကားစမြည်ပြောပြီးနောက် ဇော်ဂျီထံသွားမည်ဟု စိတ်ကူးထားသည်။
၁၀ နာရီလောက်ကတည်းက အ၀တ်အစးလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။မိုးကားမစဲနိုင်။သို့နှင့်စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတစ်ပုဒ်ကို စပ်
ရင်း ၁၁ နာရီထိုးသွားလေပြီ။မိုးကားမတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည်မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။အဆင်သင့်တွေ့သော ဒေါင်းတံဆိပ် တာမွေဘတ်စ်ကား
ကိုတက်စီးသည်။ကားထဲတွင် ကြည့်မြင်တိုင်မှ လိုက်ပါလာသည်ဟု ထင်ရသော တောသားသုံးယောက်နှင့် တရုတ်မနှစ်ယောက်ကို တွေ့ရသည်။ကားပြုတင်းတံခါးများမှာ ပိတ်
ထားသည်။ခရီးသည်တို့က တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည် ရွာလျက်ပင်။ရွံ့ဗွက်၊ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန်လမ်းက စိုစွတ်လှသည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တစ်ဟုန်တည်း မောင်းလာသည်။ခရီးသည် အဆင်းအတက် သိပ်မရှိလှ။သို့နှင့် (စပတ်)ဗိုလ်အောင်ကျော်လမ်း
ရောက်လျင် ကျွန်ုပ်သည် ဆင်းလိုက်သည်။ကျွန်ုပ်သည် ဒါ့လဟိုဇီ(မဟာဗန္ဒုလ)လမ်းဘက်မှ စပတ်( ဗိုလ်အောင်ကျော်လမ်း)ကို ဖြတ်ကူးလိုက်သည်။
လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစ်စု၊ဒီတစ်စု ရပ်လျက်ရှိသည်။ကားတစ်ချို့ကား သွားလာလျက်။မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့်
ရှုပ်ယှက်ခတ်နေသည်။သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် ရပ်ကာ အတွင်းသို့ မျှော်ကြည့်လိုက်၊စကားပြောလိုက်နှင့်နေကြသည်ကို တွေ့မြင်ရသည်။
ကျွန်တော်ကား ရုံးဆင်းချိန်မို့လူတွေ ရှုပ်နေတာ ထင်ပါရဲ့ဟုသာ သာမန်အောက်မေ့မိသည်။
ကျွန်တော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊မမြင်တတ်သူ ဖြစ်ချေသည်။ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ ၀င်သွားသည်။
လမ်းကူးတွင်ကား လက်နပ်ကိုင်စစ်သားများ စောင့်ကြပ်လျက်ရှိသည်ကို တွေ့ရသည်။ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွား
ခဲလှပေသည်။
ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားစိုက်သည့်နေ
ရာသို့ရောက်လာသည်။ခါတိုင်းလို ရုံးအစေများ၊ချာပရာစီများ ရပ်ပြုနေသည်ကို အလျဉ်းမတွေ့ရ။တိတ်ဆိတ် ငြိမ်သက်၍နေသည်။
ဗိုလ်ထွန်းလှအခန်းသို့တက်ရန် လှေကား တစ်ထစ် ၊နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တ ရုံးဆင်းချိန်
လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်ကို ဖြတ်သန်းကာ တစ်ဖက်ရှိ တိုင်းပြုပြည်ပြု လွတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။
ဇော်ဂျီထံ အပြန်မှဘဲ ၀င်တော့မည်လေ။
လွတ်တော်ရုံးဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။သက္ကလတ်ခန်းစီးပုတ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည်။သခင်နုရုံးခန်းကိုကျော်၍
ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးသည် ဆွဲ၍ စေ့ထားသည်။ ရုံးစေ သုံးယောက်မှာ နံရံကိုမှီကာ ရပ်နေကြသည်။
ခါတိုင်းလို စကားပြောမနေကြ။သူတို့သည် ငေးမှိုင်တွေဝေ၍ တစ်မျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။
ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတစ်ဦးအား “ ဦးသိန်းဟန် ရှိသလား ” ဟုမေးသည်။
‘ ရှိပါတယ် ခင်ဗျ’ ဟု ခပ်တိုးတိုး ခပ်အေးအေး ဖြေသည်။သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။စိတ်ထဲတွင်ကားမရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ရုတ်တရက် မ၀င်သေးဘဲရပ်ကာ ရုံေးစဘက်သို့ တဖန်လှည့်၍ ‘ အထဲမှာ အစည်းအဝေး လုပ်နေသလား’ ဟု မေးရသည်။
ရုံးစေသည် ဘာမျှမပြောဘဲ အသာအယာ စေ့ထားသောတံခါးကို ဖွင့်ပေးသည်။လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်
ပြီး အတွင်းသို့ ၀င်လိုက်သည်။
အပန်းဖြေဖို့ ရာနေရာ
ယခုဖော်ပြထားသောအိမ်လေးကတော့UK နိုင်ငံ သီသန့် နေရာလေးတစ်ခုတွင်တည်ဆောက်ထားသောအိမ်လေးဖြစ်ပါတယ်
ထိုအိမ်လေးကို သစ်ခွပန်းပုံကဲ့သို့ တည်ဆောက်ထားပြီ မြေပြင်နှင့်အနဲငယ်မျှသာထိပြီးရေပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ပါတယ်...
ရေအောက်မှအင်နာဂျီ(energy)စွမ်းအင်ကိုကောင်းစွာထုပ်ယူနိုင်အောင်ပြုလုပ်ထားပါတယ်..
သန့် ရှင်းအေးမြသောရေ ကောင်းရေသန့် ကိုအပြည့် အ၀ရရှိပြီ ရေထည်းမှာ လျှပ်စစ်မီးကိုထုပ်ယူနိုင်အောင်ပြုလုပ်ထားတယ်လို့ စိုပါတယ်..
ထိုအိမ်လေးတည်ဆောက်မူ့ ကုန်ကျစရိတ်အားလုံးမှာ £7.2 million ရှိပါတယ်..သဘာဝတရားနှင့်တည်ဆောက်ထားခြင်းဖြစ်ပါတယ်..ရေမီးလျှပ်စစ် အားလုံးကိုသဘာဝတရားမှရယူထားခြင်းဖြစ်ပါတယ်
ဒါပေမဲ့ တစ်ခါတစ်ရံရာသီဥတုအခြေနေကြောင့်ရေတက်လာပါက နေထိုင်လို့ မရတဲ့အခြေအနေမှာရှိပါတယ်..
ဆောင်းရာသီနွေရာသီတို့ မှာနေထိုင်မို့ အပန်းဖြေ တည်ဆောက်ထားသောအိမ်လေးအကြောင်းတင်ဆက်ပေးလိုက်ပါတယ်ရှင်
ထိုအိမ်လေးကို သစ်ခွပန်းပုံကဲ့သို့ တည်ဆောက်ထားပြီ မြေပြင်နှင့်အနဲငယ်မျှသာထိပြီးရေပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ပါတယ်...
ရေအောက်မှအင်နာဂျီ(energy)စွမ်းအင်ကိုကောင်းစွာထုပ်ယူနိုင်အောင်ပြုလုပ်ထားပါတယ်..
သန့် ရှင်းအေးမြသောရေ ကောင်းရေသန့် ကိုအပြည့် အ၀ရရှိပြီ ရေထည်းမှာ လျှပ်စစ်မီးကိုထုပ်ယူနိုင်အောင်ပြုလုပ်ထားတယ်လို့ စိုပါတယ်..
ထိုအိမ်လေးတည်ဆောက်မူ့ ကုန်ကျစရိတ်အားလုံးမှာ £7.2 million ရှိပါတယ်..သဘာဝတရားနှင့်တည်ဆောက်ထားခြင်းဖြစ်ပါတယ်..ရေမီးလျှပ်စစ် အားလုံးကိုသဘာဝတရားမှရယူထားခြင်းဖြစ်ပါတယ်
ဒါပေမဲ့ တစ်ခါတစ်ရံရာသီဥတုအခြေနေကြောင့်ရေတက်လာပါက နေထိုင်လို့ မရတဲ့အခြေအနေမှာရှိပါတယ်..
ဆောင်းရာသီနွေရာသီတို့ မှာနေထိုင်မို့ အပန်းဖြေ တည်ဆောက်ထားသောအိမ်လေးအကြောင်းတင်ဆက်ပေးလိုက်ပါတယ်ရှင်


ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝ စရိုက်

ပဲပြုတ်နဲ့ နံပြား စားချင်တယ်
အောင်ဆန်း”
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း “အောင်ဆန်း” ဟု သူ၏နာမည်လက်မှတ် ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။
တစ်ခါက ဗိုလ်ချုပ်က သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်အား သူကြိုက်သော ပဲပြုတ် နံပြား စားချင်ကြောင်း ပူစာလိုက်သည့် စာပင်ဖြစ်သည်။
“ ပူဆာ ” သည်ဟု ဆိုရခြင်းမှာ ‘ ဟေ့ ငါ ပဲပြုတ်နဲ့နံပြား စားချင်တယ်၊မနက်စောစော အသင့်ဝယ်ထားလိုက် ‘ ဟု စစ်သူကြီး တစ်ဦးက စစ်သည် ရဲဘော်ကလေး
အား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သှူု့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုး ဖြစ်နေသောကြောင့် ပင်တည်း။
အထက်ဖော်ပြပါ စာတိုကလေးအကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စိတ်ဝင်စားသူ၊ လေ့လာသူ၊သူ့အကြောင်း ဟောပြောရေးသားသူမှန်သမျှ ကောင်းစွာ
သိကြပါသည်။
သို့သော် ယင်းစာတိုကလေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု၊အငြင်းပွားမှုများလည်း ရှိခဲ့ပါသည်။
သဘောထားကွဲလွဲမှု၊အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည်ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသန
ဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။
ယင်းစာတိုကလေးနှင့် ပတ်သက်၍ အငြင်းပွားမှု အကြောင်း အနည်းငယ်မျှ ရှင်းပြလိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသော စာတိုကလေးတွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည် မှန်သော်လည်းစာပါအကြောင်းအရာက နိုင်ငံရေး၊စစ်ရေး
နှင့် ဘာမှမဆိုင်။သူ၏တွေးခေါ်မျှော်မြင်ရေး ဒဿနဆိုင်ရာ သုံးသပ်ချက်လည်းမဟုတ်။ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ထို့ကြောင့် သည်လိုကိုယ်ရေးကိုယ်တာ ကိစ္စမျိုး
တွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြုစုခြင်း၊ဟောပြောခြင်းများမလုပ်သင့်၊နိုင်ငံရေး၊စစ်ရေး သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာသဘောတရားမျိုးသာလျှင်
မှတ်တမ်းတင် ရေးသားသင့်သည်။ဟောပြောသင့်သည်။
ဥပမာ ဇူလိုင်၊၉၄ထုတ် နွယ်နီမဂ္ဂဇင်းမှ ကျွန်တော်၏ “ ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း” ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရ
ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသား ဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ် သက်ရောက်နေပါသည်။
ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။
“ ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ၊ကိုယ်ရေးကိုယ်တာကိစ္စ အကေးအဖွဲလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ဒါမျိုးတွေက ကာယကံရှင် ပုဂ္ဂိုလ်ရဲ့ ပင်ကိုယ်သဘာဝ စရိုက်
Character ကိုပေါ်လွင်စေတယ်။သူ့ရဲ့စိတ်ဓာတ် အတွေးအခေါ်တွေအမြှော်အမြင်၊အယူအဆတွေကို ခန့်မှန်းလို့ရတယ်။သူဟာ ဘယ်လိုလူစားမျိုးလည်းဆိုတာ ရုပ်လုံးဖော်ရာမှာ
အထောက်အကူဖြစ်စေနိုင်တယ်။ကျုပ်သဘောထားကိုပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ နောင်လာနောက်သားတွေ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သား
နိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေကအစ မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်”
ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော် ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။
ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို ခန့်မှန်း၍ရနိုင်မည့် ကျွန်တော်၏ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို ဖော်ထုတ်တင်ပြလိုက်ရပါ
သည်။
ဥပမာဆိုလျှင်-
* ………….*…………….*…………….*
Subscribe to:
Posts (Atom)












