ပန်းအလှ

ပန်းအလှ

Friday, July 16, 2010

အဆိပ်ပြင်းပြီ ဈေးကြီးသောဖားတစ်မျိုး

ထိုဖားကတော့ အခုခတ်တွင် (popular video game character ) ဟုနာမည်ကြီးသောဖားဂိန်းသည်ယခုဖားပုံကိုဥပမာယူပြုလုပ်ထားခြင်းဖြစ်ပါတယ်...
ထိုဖားသည်အလွန်အဆိပ်ပြင်းသည့် အသားစားဖားတစ်မျိုးဖြစ်ပါတယ်...
လုံးဝန်သောခန္နာကိုယ်နှင့်အစိမ်းရောင်နှင့်အညိုရောင်စပ်ထားပါတယ်တစ်ချို့ သောလူများကထိုဖားကိုအိမ်တွင်အလှမွေးမြူကြလေ့ရှိပါတယ်..တစ်ချို့ က သူ့ ကို(own frog) လို့ ခေါ်ကြပါတယ်...
ထိုဖားရဲ့ တန်ဖိုးကတော့ ဒေါ်လာ(၁၅၀ ) လို့ အရောင်းပြခန်းများတွင်သက်မှတ်ထားကြတာကိုထူးဆန်စွာမြင်တွေ့ ခဲ့ရပါတယ်ရှင်


Argentine Horned Frog Green Phase

ဖားသားလောင်ဘ၀က


အကောင်ဘ၀သို့ ပြောင်းလဲလာပုံ


အကောင်ဖြစ်ကာစ ဖားများ




တရုပ်လူမျိုးတစ်ချို့ ကတော့ထိုဖားကိုlucky ဖားဖြစ်လို့ အရမ်းတန်ဖိုးထားကြတယ်လို့ ဆိုပါတယ်...

Wednesday, July 14, 2010

ထိုင်းနိုင်ငံတွင် အသက် ၉၀ အရွယ်ရှိ နိုင်ငံခြားသား လူယုတ်မာ တစ်ဦးဖမ်းမိ...


အခုတော့ အိုမင်းချိနဲ့ နေတဲ့ ပုံစံ ဟန်ဆောင်ထားသူ ကလေးသူငယ်များကို မုဒိန်းကျင့် သူ အဘိုးအို...
Australian Karl Kraus (center) is escorted by Thai policemen after being arrested,
in Chiang Mai


သြစတေးလျနိုင်ငံသား၊ အသက် ၉၀ အရွယ်ရှိအဘိုးကြီးတစ်ဥိးကို ထိုင်းနိုင်ငံရှိ ၎င်းရဲ့ နေအိမ်မှာ အရွယ်
မရောက်သေးသူမိန်းကလေးငယ်၊ ညီအစ်မလေးယောက်ကို ချောကလက်စားစရာများပေး၍တစ်ဖုံ၊
အင်္ဂ
လိပ်စာသင်ပေးမည်ဟူ၍တစ်မျိုးမြှူဆွယ်ကာ မုဒိန်းကျင့် ခဲ့ မှုဖြင့် ဖမ်းဆီးခဲ
့ရတယ်လို့ ထိုင်းနိုင်ငံရဲတပ်
ဖွဲ့ ကလွန်ခဲ့ တဲ့ ဗုဒ္ဓဟူးနေ့ ကပြောကြားခဲ့ ပါတယ်...
၎င်းဟာထိုပြစ်မှုများကို ကျူးလွန်ခဲ့ စဉ်က ကလေးမလေးတစ်ဦးဟာဆိုလျှင် အသက် ၅
နှစ်မျှသာရှိပါသေး
တယ်...ကျန်သည့် တစ်ခြားညီအစ်မများကတော့ ယခုအခါ အသက် ၇ နှစ်ကနေ ၁၅
နှစ်အတွင်းရှိနေကြ
ပြီဖြစ်ပါတယ်...

ကားလ်ဂျိုးဆက်ခရို့ စ် ကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ မှာ
အင်္ဂါနေ့ က၎င်းရဲ့ နေအိမ်မှာဖမ်းဆီးခဲ့ 
စဉ် အရွယ်မရောက်သေးသူ ကလေးသူငယ်များရဲ့ ကိုယ်လုံးတီး၊မဖွယ်မရာပုံပေါင်း ၁၀၀
ကျော်ကိုပါ သိမ်း
ဆည်းရမိခဲ့ တယ်လို့ ဒွိုင်ဆခက် ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ကရစ်တပို ရီစကွန်
ကပြောကြားခဲ့ ပါတယ်...
တစ်ချို့ ပုံတွေမှာဆိုယင် အဆိုပါအဘိုးအိုနှင့် ကလေးငယ်များ အ၀တ်ဗလာနှင်
့ရိုက်ထားသည့် ပုံများပါဝင်
နေသည့်အတွက် ရဲတပ်ဖွဲ့ ဟာပုံများထဲမှ
ကလေးသူငယ်များကိုစုံစမ်းဖော်ထုတ်နေပြီး ၎င်းတို့ ၏မိဘများ
နှင့် ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်...

ထိုပုံများကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ အီးလ်မေးလ်ဖြင့် ပို့ ခဲ
့သောကြောင့်  တရားခံ ခရို့ စ်အနေ
ဖြင့် အရွယ်မရောက်သေးသူကလေးသူငယ်များကို
လိင်မှုဆိုင်ရာအလွဲသုံးစားပြုလုပ်အသုံးချနေသည့် 
အဖွဲ့ ဝင်တစ်ဦးဖြစ်နိုင်ဖွယ်ရှိကြောင်းကိုလည်း ရဲတပ်ဖွဲ
့ကစုံစမ်းစစ်ဆေးနေကြောင်း ၎င်းရဲတပ်ဖွဲ့ အကြီး
အကဲကဆိုပါတယ်...

မင်းသမီး ပန်းဖြူ ရည်းစားဟောင်းကို တရားစွဲ

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် ရန်ကုန်တိုင်း တရားရုံးတွင် တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

ပန်းဖြူက “တရားစွဲတယ်ဆိုတာက သူနဲ့ ပန်းဖြူ လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက် ထပ် ဖို့ ပျက်ကွက်ပြီး လမ်းခွဲသွားပြီးနောက် သူက တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရားစွဲဖြစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။



ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ

ဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းအမှုကို ပယ်ချခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည် မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို တင်ထားပြီး ကြာသပတေးနေ့တွင် အကြောင်းပြန်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုင်းတရားရုံး က ပလပ်ခဲ့ပါက ဗဟိုတရားရုံးသို့ ဆက်လက် တက်ရောက်မည် ဖြစ်ကြောင်း ပန်းဖြူက ဆက်လက် ပြောဆိုသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအချိန်က ၂ ဦးစလုံးသည် လက်ရှိအခြေအနေကဲ့သို့ အောင်မြင်မှုကို မရရှိသေးသည့်အတွက် လက်ထပ်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်သည် ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၉ ခု နှစ် တွင် တာဝန်ယူခဲ့ဖူးသည်။ သို့သော် မြန်မာ နေရှင်နယ် လိဂ် မစမီ ၂၀၀၉ တွင်ပင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

ဝန်ရိုးစွန်းဒေသ အလင်းတန်းများ






သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ဝန်ရိုးစွန်းဒေသက ထူးဆန်းတဲ့ အလင်းတန်းများကို ဖော်ပြပေးလိုက်ပါတယ် ။
ဂြိုလ်တွေ ကြယ်တွေနဲ့ နီးစပ်တဲ့ ၀န်ရိုးစွန်းဒေသတွေမှာ ရေခဲမှတ်အောက်
အေးခဲတဲ့ ရာသီဥတုနဲ့ လူသားတွေ သာမန်နေထိုင်ဖို့ရာ ခက်ခဲလွန်းလှပါတယ် ။
အဲဒီရေခဲဒေသမှာ ဒီလို အလင်းတန်းတွေဟာ လှပစွာ ဖြစ်ပေါ်နေတာဟာ ဘာကြောင့်လည်း
ဆိုတာကိုတော့ အခုထက်ထိ အဖြေမရှိသေးပါဘူး ။ ကဲကျွန်တော်တို့ တွေ့ရခဲတဲ့
ဝန်ရိုးစွန်းဒေသတွေက အလင်းတန်းတွေကို လေ့လာကြည့်ရအောင် ။



























အချစ်ကို ခံစားတတ် လာတယ်ဆိုတဲ့ ၀ါကာဝါကာ ပိုင်ရှင် ရှက်ကီရာနှင့် တွေ့ဆုံခြင်း



ွှTuesday, July 13, 2010

အချစ်ကို ခံစားတတ် လာတယ်ဆိုတဲ့ ၀ါကာဝါကာ ပိုင်ရှင် ရှက်ကီရာနှင့် တွေ့ဆုံခြင်း


အဆိုတော်၊ သီချင်ရေးဆရာ၊ ဂီတပညာရှင်၊ အသံဖမ်း အင်ဂျင်နီယာ၊ အကမယ်၊ ပရဟိတ အလှူရှင် အစရှိတဲ့ ဂုဏ်ပုဒ်တွေ အများကြီးနဲ့ ကမ္ဘာ့မှာ လူသိများခဲ့တဲ့ ကိုလံဘီယာသူ ရှက်ကီရာဟာ ၂၀၁၀ ကမ္ဘာ့ဖလား သီချင်းဖြစ်တဲ့ ၀ါကာ ၀ါကာကြောင့် အားကစား နယ်ပယ်မှာ ပိုလို့တောင် ထင်ရှား လာပါတယ်။



ဒီသီချင်းကို သူကိုယ်တိုင် ရေးစပ်ခဲ့တာ ဖြစ်ပြီး သီချင်းမှာ ပါတဲ့ စာသား အဓိပ္ပါယ်ဟာ လူတွေ့ရဲ့ ရင်ထဲအထိ လှုပ်ခါ နိုင်ခဲ့တာကြောင့် သန်းပေါင်း များစွာရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ ၀ါကာဝါကာ (waka waka) ဆိုတဲ့ သီချင်း ခေါင်းစဉ်ဟာ အာဖရိကနိုင်ငံ အတော်များများမှာ အသုံးပြု နေကြတဲ့ ဖန်းခ်ျ (Fang)ဘာသာစကားနဲ့ မည့်ခေါ် ထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ မင်းတာဝန် မင်းလုပ်ပါ လို့ အဓိပ္ပါယ် ရပါတယ်။ ရှက်ကီရာ ၀ါကာဝါကာ သီချင်းဟာ top 100 billboard မှာ အဆင့် ၄၇ ချိတ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပိတ်ပွဲ မတိုင်မီ အဆိုတော် ရှက်ကီရာရဲ့ ကမ္ဘာဖလားနဲ့ တောင်အာဖရိက နိုင်ငံရောက် သူ့ရဲ့ အတွေ့အကြုံ တွေကို fifa.com က အင်တာဗျူး ခဲ့ပါတယ်။ ဒီအင်တာဗျုးကို ရှက်ကီရာဟာ အချိန်မရတဲ့ ကြားက ပြုလုပ်ခဲ့ရတာမို့ အတိုခြုံးလေး ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ခံစားချက်တွေနဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ သူ့အမြင်တွေ ဖော်ပြထားပြီး သူမက အချစ်ကို ခံစားတတ်လာတယ် ဆိုတဲ့ စကားလေးဟာ အလှပဆုံးနဲ့ ချစ်စရာ အကောင်းဆုံး စာသားလေး တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

မေး - တောင်အာဖရိကရောက် ခံစားချက်လေးတွေ ပြောပြပါလား၊

ဖြေ - တောင်အာဖရိကမှာ နေခဲ့တဲ့ တစ်လလုံးနီးပါး ကျွန်မဟာ တက်ကြွမှုတွေ၊ နိုးကြားမှုတွေနဲ့ ပြည့်နက် နေခဲ့ပါတယ်။ ဒီလဟာ ကျွန်မ ဘ၀မှာ အပျော်ရွှင်ဆုံး တွေထဲက တစ်ခုပါပဲ။ မနက် အိပ်ယာက ထတိုင်း ဘောလုံးပွဲတွေ ကြည့်ရှုဖို့ စိတ်လှုပ်ရှားစွာနဲ့ နိုးထ ခဲ့ရတယ်။ မနက်တိုင်း သတင်းစာမှာ ပါတဲ့ အားကစား စာမျက်နှာပေါ် ဘောလုံးသတင်းတွေ ဆီကိုပဲ ကျွန်မ မျက်လုံးတွေ အလျင်စလို ရောက်နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မ ဘောလုံကို အရူးအမူး ချစ်နေမိပြီလေ။ တောင်အာဖရိက နိုင်ငံသားတွေဟာ ကမ္ဘာ့ဖလားရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး တစ်ခုဆိုတာ အသေအချာ ပါပဲ။ သူတို့အခု အရမ်း ပျော်နေကြတယ်။ နောက်ပြီး သူတို့ရဲ့ ခံစားမှုတွေဟာ အသက်ပါပြီး ကြင်နာတတ်တယ်။ ဒီကို စရောက်တဲ့နေ့ ကတည်းက ကျွန်မ အချစ်ကို ခံစား တတ်လာတယ်။ ဒီအချစ်တွေဟာ နေ့စဉ်နဲ့အမျှ တိုးတိုး လာပါတယ်။ ဒါဟာ ကျွန်မ ဘ၀အတွက်တော့ ပထမဆုံး အကြိမ် ခံစားမှုပါပဲ။ တောင်အာဖရိက လေဆိပ်ကို ကျွန်မ စရောက်တော့ လူဝင်မှု ကြီးကြပ်ရေး အရာရှိ တစ်ယောက်က ၀ါကာဝါကာ သီချင်းကို ဆိုပြီး ကျွန်မ ကသလို ကနေခဲ့တယ်။ ဒါဟာ အနုပညာ သမား တစ်ယောက်ရဲ့ ရင်ကို ဘယ်လောက်အထိ လှုပ်ခတ် စေမလဲ။ ဒီမှာ ကျွန်မ အံ့သြဖွယ် အတွေ့အကြုံတွေ ရခဲ့ပါတယ်။

မေး - ရှက်ကီရာ ဘောလုံးပွဲတွေကိုရော ကြည့်ဖြစ်ခဲ့လား။

ဖြေ - ၃ပွဲ ကြည့်ဖြစ်ပါတယ်။ အဖွင့်ပွဲ ဖြစ်တဲ့ မက္ကဆီကိုနဲ့ တောင်အာဖရိက ပွဲရယ်၊ အာဂျင်တီးနာနဲ့ နိုက်ဂျီးရီးယား ပွဲရယ် နောက်ပြီး စပိန်နဲ့ ပါရာဂွေး ပွဲတွေ ကြည့်ဖြစ်ခဲ့ပါတယ်။ မနက်ဖြန်တော့ စပိန်နဲ့ ဟော်လန်ပွဲ ကြည့်မယ်။

မေး - ရှက်ကီရာ အားပေးတဲ့ အသင်းတွေကို ရှိလား။

ဖြေ - ရှိတာပေါ့ ဘာလို့ မရှိရမှာလဲ။ ကျွန်မက လက်တင် အမေရိက အသင်းတွေကို အားပေးပါတယ်။ ကမ္ဘာ့ဖလား တိုင်းမှာ သူတို့ ကစားပုံဟာ အရမ်းကို အံသြဖို့ ကောင်းအောင် ကောင်းကြတယ်လေ။ အာဂျင်တီနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ဘရာဇီးလ် အသင်းတွေပေါ့။ စပိန် အသင်းရဲ့ ကစားပုံကလည်း တော်တော် ကောင်းပါတယ်။ စပိန် အသင်းကိုလည်း အားပေးတယ်။ ဒါကငါ့ရဲ့ မျိုးချစ်စိတ် ဆိုတဲ့ အသိနဲ့ပေါ့။ ကျွန်မက စပိန်သွေး ပါတယ်လေ၊ ဒါကြောင့် စပိန်ကို အားပေးရမှာပေါ့။

မေး - ဗိုလ်လုပွဲမှာ ဘယ်အသင်း နိုင်မလဲ ခန့်မှန်းပေးပါလား။

ဖြေ - အင်း ကျွန်မ မခန့်မှန်းရဲဘူး။ ဒါပေမယ့် ရေဘ၀ဲလေး ပေါလ်ကိုတော့ ယုံကြည်သင့်တယ် ထင်တယ်။ ပေါလ် ရဲ့ ခန့်မှန်းချက် နောက်ပဲ ကျွန်မလိုက်ရင် ကောင်းမယ်ထင်တယ်။

မေး - Freshlyground အဖွဲ့ ထံကနေ လေ့ကျင့်မှုတွေ၊ ကကွက်တွေ သင်ယူ ခဲ့ရတာတွေ ကောရှိလား။

ဖြေ - အသေအချာကို ရှိတာပေါ့။ Freshlyground အဖွဲ့ဟာ တကယ်ကို အံသြစရာ ကောင်းတဲ့ ဂီတအဖွဲ့ပဲ။ ဇိုလန်နီရဲ့ အသံက အရမ်းကို ထူးခြားတယ်။ သူတို့ရဲ့ ၀တ်စား ဆင်ယင်မှုကို ကျွန်မချစ်တယ်။ နောက်ပြီး မတူညီတဲ့ သက်ရောက်မှု တွေနဲ့ ပေါ့ပ် ဂီတကို ဘယ်လို ပေါင်းစပ်ထားသလဲ ဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။ သူတို့အဖွဲ့နဲ့ တွဲပြီး သီဆိုရတာ အရမ်း ကျေနပ်မိတယ်။

မေး - ရှက်ကီရာ အတွက် ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး အမှတ်တရက ဘာတွေဖြစ်မလဲ။

ဖြေ - အင်း.. ကျွန်မအတွက် အမှတ်တရ အရှိဆုံး အရာက အာဂျင်တီးနားနဲ့ နိုက်ဂျီးရီးယား ပွဲကြည့်ဖို့ အသွား လမ်းမှာပေါ့။ လမ်းမပေါ်မှာ လူတွေ အများကြီးကို ကျွန်မ တွေ့လိုက်ရတယ်။ သူတို့ဟာ ကားတွေပေါ်က ဆင်းလာပြီး ၀ါကာဝါကာ သီချင်းကို ဆိုပြီး ကျွန်မ ကားနားမှာ ကကြတယ်။ ကျွန်မကို အားလုံက လာဖက်ကြတယ်။ ဒီလထဲမှာ လူ တော်တော်များများရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုတွေ ရခဲ့တယ်။ သူတို့ဟာ အရမ်းကြင်နာ တက်တာပဲ။ အချိန်တိုင်း သူတို့ မျက်နှာတွေမှာ အပြုံးတွေကိုပဲ မြင်တွေ့ ခဲ့ရတယ်။ ဒီအပြုံးတွေဟာ ကမ္ဘာဖလားကို ပိုမို သရုပ်ပေါ်စေတယ်။ ဘောလုံးပွဲ အပြီးမှာ နှစ်ဘက် ကစားသမားတွေဟာ အချင်းချင်း ပွေ့ဖက်ကြတယ်။ အဲဒီလိုပဲ ပရိသတ်တွေ ဟာလည်း ပြိုင်ဘက် အသင်းရဲ့ ပရိသတ် ဖြစ်ပေမယ့် ဘောလုံးကို ချစ်တဲ့ သူတို့ စိတ်တွေဟာ တညီတညွတ် ထဲပဲ။ ဒါဟာ တောင်အာဖရိကမှာ ကမ္ဘာ့ဖလား ကျင်းပခဲ့တဲ့ ရလဒ်လို့ ထင်တယ်။

Written by မင်းဝေက

Tuesday, July 13, 2010

Facebook Fan အရေအတွက် ဆယ်သန်းပြည့်သူအဖြစ် လေဒီဂါဂါစံချိန်တင်


Facebook Fan အရေအတွက် ဆယ်သန်းပြည့်သူအဖြစ် လေဒီဂါဂါစံချိန်တင်

Lady Gagaသက်ရှိထင်ရှား နာမည်ကျော်များအနက် Facebookတွင် အားပေးထောက်ခံသူ Fanအရေအတွက် ပထမဆုံး (၁၀)သန်းပြည့်သော စံချိန်အား လေဒီဂါဂါက တင်လိုက်နိုင်ပြီဖြစ်သည်။ ထို့ကြောင့်လည်း အသက်(၂၄)နှစ်ရှိ အမေရိကန် Popအဆိုတော်လေးသည် ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် Fanအရေအတွက် (၁၀)သန်းကျော်ရှိသည့် သက်ရှိထင်ရှား ပထမဆုံးသော လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ဂါဂါမတိုင်မီက Popဂီတ နာမည်ကျော် အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင်သည်လည်း Fanဦးရေ (၁၀)သန်းပြည့်ခဲ့ဖူးသော်လည်း ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားခြင်းကြောင့် ဂါဂါတစ်ဦးသည် အသက်ရှင်လျက် ရှိနေသူများအနက် ပထမဆုံး Fan(၁၀)သန်းပြည့်သူအဖြစ် ရပ်တည်နေနိုင်သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားမှာလည်း ယခုအခါ Fanအရေအတွက် (၁၀)သန်းကျော်သွားပြီ ဖြစ်သော်လည်း ဂါဂါက (၁.၂)သန်းမျှ အသာရနေသည်။ ဂရမ်မီဆုရှင် Poker Faceစတား ဂါဂါသည် ဇူလိုင်လ (၇)ရက်နေ့ စာရင်းအရ Fanအရေအတွက် (၁၁.၂)သန်းပင် ကျော်သွားပြီဟု သိရသည်။ ဂါဂါက သူမကို အားပေးထောက်ခံသည့် Facebookမှ ပရိသတ်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။



Lady Gaga



အခြားနာမည်ကျော် Popအဆိုတော် ဘရစ်တနီ စပီးယားစ်မှာ Fanအရေအတွက် (၃.၂)သန်းကျော်၊ ကနေဒါ Punkအဆိုတော် အက်ဗရာလက်ဂ်ဗင်းက (၄.၁)သန်းကျော်၊ မက်ဒေါနားက (၁.၈)သန်းကျော်၊ တေလာဆွစ်ဖ်က (၆.၄)သန်းကျော် အသီးသီး ရှိနေကြောင်းလည်း သိရှိရသည်။ ဂါဂါသည် လက်တလောတွင် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် Monster Ball Tourအတွက် မြောက်အမေရိကသို့ လှည့်လည်ဖျော်ဖြေနေကြောင်း သိရသည်။

လူသားအားလုံးအတွက် မှ ကူးယူဖေါ်ပြသည်။

အိုခြင်းဆင်းရဲခြင်းကို သက်သာစေသော နည်းလမ်းများ




လူသည် အိုခြင်းတရားကို သေခြင်း၊ နာခြင်းတရားများနှင့်အတူ ရှောင်ရှားလွှဲဖယ်၍ မသွားနိုင်ကြချေ။ အိုခြင်းတရားကို တစ်ချိန် တွင်ရောက်ရှိခံစားကြရမည်သာဖြစ်ဧ။်။ ထိုအိုမင်းမစွမ်းဘ၀နှင့်ကြုံ ဆုံရသောအခါတွင် စိတ်နှလုံးချမ်းသာစွာဖြင့် အိုရမလား၊စိတ်သော ကကြီးစွာဖြင့် အိုရမှာလားဆိုသည်မှာ မည်သူမျှ အတတ် အအပ်မပြော နိုင်ကြချေ။

သို့သော် တတ်အပ်သေချာစွာ ပြောနိုင်သော အရာတစ်ခု ကား ရှိချေသည်။ ယင်းကား အခြားမဟုတ်။ အိုခြင်းဆင်းရဲကို သက်သာလျော့ပါးစေသည့် နည်းလမ်းများဖြင့် မိမိတို့ကိုယ်ကိုယ် လေ့ကျင့် နေထိုင်သွားပါလျှင် ဆင်းရဲဒုက္ခများအတွင်း ပင်ပန်းကြီးစွာ အိုရသော ဘ၀မှ လွတ်ကင်းလာနိုင်သည်ဆိုသည့် အမှန်တရား ပင်ဖြစ် ပါသည်။

လူတိုင်းသည် တစ်နေ့တွင် အိုခြင်းတရားနှင့် မုချရင်ဆိုင်တွေ့ကြ ရမည်ဖြစ်၍ လူအိုဘ၀သို့မရောက်မီအချိန်တွင် မိမိတွေ့ကြုံရမည့်အိုခြင်းဆင်းရဲကို နည်းပါးသက်သာစွာဖြင့် ရင်ဆိုင်နိုင်ရန် ကြိုတင်စီမံ ပြင်ဆင်ထားခြင်းသည်အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ငွေကို
စနစ်တကျစုဆောင်းထားခြင်း၊ မိမိနှင့် သေဖို့နေရာအိမ်ကလေးတစ် လုံးကို ရယူပိုင်ဆိုင်ထားခြင်း၊ အိုမင်းသောဘ၀တွင် စိတ်ပျော်ရွှင်နိုင် စေမည့် ၀ါသနာပါရာ လုပ်ငန်းတစ်ခု၊ အလေ့အထတစ်ခုကို လေ့ကျင့် ပျိုးထောင်ထားခြင်း တို့ကို ကြိုတင်စီိမံထားသင့်ပါသည်။

တစ်ဖန် မိမိကိုယ်တိုင် အိုမင်သောဘ၀သို့ ရောက်လာသောအခါ အောက်ပါအချက်(၈)ချက်ကို မိမိနှင့်အတူရှိနေအောင် လေ့ကျင့်နှလုံး သွင်းထားပါလျှင် မိမိခံစားနေရသော အိုခြင်းဆင်းသည် ခံနိုင်ရည်ရှိလာ ပြီး မိမိဘ၀တွင် နေပျော်လာအောင် အံ့သြစွာ အကျိုးပေးနိုင်မည်ကား အမှန်ပင်ဖြစ်လေသည်။

၁။ မိမိရောက်ရှိ ကြုံတွေ့နေရသော အခြေအနေကိုတွေး၍ စိတ်မဆင်းရဲနေပါနှင့်။ ဖြစ်သမျှအကြောင်း အကောင်းချည်းဟုသဘော ထားပါ။

၂။ မိမိဧ။် လက်ရှိ မိတ်ဆွေတစ်ဦး သေဆုံးသွားသော် စိတ်ဓာတ်မကျပါနှင့်။ အခြားမိတ်ဆွေတစ်ဦးကို ရှာ၍ပေါင်းပါက ဘ၀ဟူ သည် နေတတ်လျှင် အလွန်ပျော်စရာကောင်းပါသည်။

၃။ အစစအရာရာနှင့် အဆင်ပြေအောင် ကြိုးစားပါ။ လူငယ် များနှင့်ခေတ်ကာလအပေါ် မကောင်းမြင်ခြင်း၊ အပြစ်မြင်ခြင်းမရှိပါစေ နှင့်။ တစ်ယူသန်စိတ်ကိုဖယ်၍ အလိုက်အထိုက်နေတတ်ပါစေ။

၎။ အ၀တ်အစားသန့်ရှင်းစွာဝတ်ပါ။ အနေအထိုင် သပ်ရပ် သန့်ရှင်းခြင်းဖြင့် စိတ်ကြည်လင်ခြင်းကို ရစေပြီး လူကို ကျန်းမာစေပါ သည်။

၅။ စာဖတ်ခြင်း၊ စိုက်ပျိုးခြင်း၊ တရားနှလုံးသွင်းစသော ၀ါသနာပါရာ အလုပ်တစ်ခုကိုနေ့စဉ်လုပ်ပါ။

၆။ အမြဲတမ်း မိမိဧ။်ရုပ်အသွင်ကို ကြည်လင်လန်းဆန်းနေ အောင် ထားပါ။ ထပ်ခါတလဲပြောခြင်း၊ ညည်းညူခြင်းတို့ကို ရှောင်ပါ။

၇။ လူတကာအပေါ် မေတ္တာထားပါ။ သနားညှာတာပါ။ စိတ်ကို ရင့်ကျက်ကြံခိုင်ပါစေ။

၈။ မည်သည့်အခါမှ ငါအိုနေပြီ၊ ကျန်းမာရေးမကောင်း တော့ဘူး၊ သေတော့မှာပဲ ဟုတစိမ့်စိမ့်တွေး မနေပါနှင့်။ သင့်လိုပဲ အိုမင်းသူ၊ ရောဂါရသူ၊ သေဆုံးသူတွေ ကုဠေပေါင်းများစွာသည် သင့်ရှေ့က သွားနေကြသည်ကို သတိပြုပါ။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

Print this post

Saturday, July 3, 2010

လေဆိပ်ခွန် ခြောက်ဆတိုးမြှင့်ကောက်ခံမည်

လေဆိပ်ခွန် ခြောက်ဆတိုးမြှင့်ကောက်ခံမည်

၁၄နှစ်ကြာ သတ်မှတ်ကောက်ခံခဲ့သော ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ခွန် (Airport Tax)အား ဇူလိုင်လ၁ရက်မှစ၍ ခြောက်ဆတိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ချက်အား ကိုးကား၍ လေကြောင်းလိုင်းများက ပြောသည်။ မြန်မာ့ခရီးသွားနှစ်အဖြစ်သတ်မှတ်ခဲ့သော ၁၉၉၆ခုနှစ်ကစ၍ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအား Airport Tax အဖြစ် တစ်ဦးလျှင်ကျပ်၅၀၀ ကောက်ခံခဲ့ရာမှ ၂၀၁၀၊ ဇူလိုင်လ၁ရက်မှစ၍ ကျပ်၃၀၀၀သို့ ပြောင်းလဲကောက်ခံတော့မည် ဖြစ်သည်။ ထိုကဲ့သို့ ကျပ်၃၀၀၀သို့ ပြောင်းလဲကောက်ခံရာတွင် အသက်၂နှစ်နှင့် ၂နှစ်အောက်ကလေးများမှာ ပေးဆောင်စရာမလိုကြောင်း လေကြောင်းလိုင်းများကဆိုသည်။ နိုင်ငံသားများ၏ Airport Tax အား ကျပ်၃၀၀၀သို့ တိုးမြှင့်ကောက်ခံသော်လည်း နိုင်ငံခြားသားများအတွက် ကောက်ခံသော ၁၀ဒေါ်လာကိုမူ တိုးမြှင့်ကောက်ခံခြင်း မရှိပေ။ Airport Tax တိုးမြှင့်ကောက်ခံရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူအား မေးမြန်းရာတွင် “Check Inနဲ့ Departure တွေမြန်အောင် နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ဒစ်ဂျစ်တယ်စနစ်သုံးစက်တွေ တပ်ဆင်ထားပြီးပြီ။ အဲဒီ့အတွက် တိုးမြှင့်ကောက်ခံထားတာပါ”ဟု ပြောကြားသည်။

အနုပညာရှင်နှင့် မော်ဒယ်များ အထူးသဖြင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ လွန်ကဲစွာ ၀တ်စားဆင်ယင်မှု ထိန်းသိမ်းရန် လိုအပ်လာ

အနုပညာရှင်နှင့် မော်ဒယ်များ အထူးသဖြင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ လွန်ကဲစွာ ၀တ်စားဆင်ယင်မှုများကို ထိန်းသိမ်းကြရန် လိုအပ်လာကြောင်း ပရိသတ်များနှင့် အနုပညာရှင်အချို့က ပြောဆိုကြပါသည်။


ပြည်တွင်းပြည်ပရှိ ဖျော်ဖြေပွဲများ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲများနှင့် အခြားသော ဂုဏ်ပြုဧည့်ခံပွဲများတွင် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်၌ သင့်တော်မှုမရှိသည့်အပြင် မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များ အပေါ်တွင်လည်း ရိုက်ခတ်မှုရှိလာခြင်းကြောင့် ထိန်းသိမ်းရန် လိုအပ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။


''အင်တာနက်သုံးတဲ့သူတွေ များလာတဲ့အခါမှာ အမျိုးသမီးသရုပ်ဆောင် မော်ဒယ်အချို့ရဲ့ဝတ်စားဆင်ယင်မှု လွန်ကျူးရဲတင်းတာတွေကို အလွယ်တကူပဲ တွေ့လာရပါတယ်။ အရင်တုန်းကတော့ ဖြတ်ညှပ်ကပ်ပုံတွေနဲ့ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး သံသယဖြစ်ခဲ့ရတယ်။ အခုတော့ တကယ်ဟုတ်နေတဲ့ ၀တ်စားဆင်ယင်မှုတွေ များလာတယ်။ တရားဝင်လုပ်တဲ့ ဖျော်ဖြေပွဲတွေမှာ အလွန်အကျူး ၀တ်ဆင်တာတချို့ရှိသလို ဧည့်ခံဖျော်ဖြေပွဲတွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေမှာ တွေ့ရတဲ့ ၀တ်စားဆင်ယင်မှုတွေက အရမ်းရဲတင်းပြီး အလွန်အကျူး ဖြစ်လာတာတွေ များလာတယ်''ဟု အနုပညာ လောကနှင့် နီးစပ်သူတစ်ဦးက ပြောပြ ပါသည်။