အဲ့ လို စခန်းမျိုးတွေ တို့ တွေရဲ့  မြန်မာပြည်မှာရှိရင်ကောင်းမယ်ထင်တယ်။
လင်ဆေးလိုဟန်တစ်ယောက် ထောင်ဒဏ်ကျခံနေရာမှ ယခုအခါ ကျန်ရှိသော ပြစ်ဒဏ်ကို ပြန်လည်ထူထောင်ရေး စခန်းတစ်ခုသို့
ပြောင်းရွှေ့ကျခံရတော့မည်ဟု သိရသည်။ လော့စ်အန်ဂျလိစ် မြို့ပြင်ရှိ
Morningside ပြန်လည်ထူထောင်ရေး စခန်းသည် Mean Girlsစတား အဆိုတော်၊
ရုပ်ရှင်မင်းသမီး၏ ကျန်ရှိသော ပြစ်ဒဏ်ကာလကို ဖြတ်သန်းရမည့် နေရာဟု
ယုံကြည်ရသည်။
ချမ်းသာကြွယ်ဝသူတို့ အများဆုံး ပြစ်ဒဏ်ကျခံရလေ့ရှိသည့် အဆိုပါ ပြန်လည်ထူထောင်ရေး စခန်းသည် စိမ်းစိုလှပပြီး သပ်ရပ်စွာ ဖန်တီးထားသည့်
နေရာတစ်ခုဖြစ်သည်။ အရက်မူးပြီး ကားမောင်းမှုများတွက် ရက်ပေါင်း(၉၀)
ထောင်ဒဏ်ကျခံရမည့် အသက်(၂၄)နှစ်အရွယ် လင်းဆေးအနေနှင့် ယင်းစခန်းတွင်
စိတ်ပိုင်း၊ စည်းကမ်းပိုင်း ကုသမှုကို ခံယူရမည်ဖြစ်သည်။ သူမသည် ထောင်ဒဏ်မှ
ထိုစခန်းသို့ ချက်ချင်းပြောင်းလဲ ကျခံရန် စီစဉ်နေကြောင်းလည်း သိရသည်။
ယင်းစခန်းသည် အိမ်ကလေးများ သီးသန့်ခွဲ တည်ဆောက်ထားပြီး ရိုးရှင်းသော အဖြူရောင် ခြယ်သကာ သက်သောင့်သက်သာ ဖြစ်နိုင်သည့် ပရိဘောဂ အခင်းအကျင်းများ
ပြုလုပ်ထားသည်။ ထို့အပြင် ဥယျာဉ်ကလေးများ၊ ချစ်စဖွယ် စားပွဲလေးများနှင့်
ထီးရိပ်များဖြင့် ပြန်လည်ထူထောင်ရေး ကုသမှု ခံယူသူများအတွက် နေချင့်စဖွယ်
ဖန်တီးပေးထားသည်။
သို့သော်လည်း လင်းဆေးအနေနှင့် စခန်းအတွင်း မည်သည့်အခန်းဆောင်တွင် နေထိုင်ရမည်ဆိုသော အချက်နှင့် သူမအတွက် အခန်းဖော် ရှိမရှိဆိုသည်ကိုမူ
မသိရသေးချေ။ ထောင်ထဲတွင် ခေါင်းအုံးပင် မရှိကြောင်း ပြောကြားခဲ့သည့်
လင်းဆေးအနေနှင့် သက်သောင့်သက်သာရှိသည့် အိပ်ရာ၊ နွေးထွေးသည့်
ခြုံစောင်များနှင့် အိပ်စက်ရမည့်အပြင် သူမ၏ ကိုယ်ပိုင်အလှပြင်
ပစ္စည်းကိရိယာများကိုပါ ယူဆောင်လာခွင့် ရှိမည်ဖြစ်သည်။
လင်းဆေးသည် တစ်ပါတ်လျင် (၇၅)ဒေါ်လာဖိုးမျှ အစားအသောက်များကို အနီးရှိ စူပါမားကက်တွင် ၀ယ်ယူခွင့် ရမည်ဖြစ်သော်လည်း ဆေးလိပ်နှင့် အရက်ကိုမူ
ခွင့်မပြုချေ။ လင်းဆေးသည် (၂၀၀၇)ခုနှစ်အတွင်းက အရက်သောက်ပြီး မဆင်မခြင်
ကားမောင်းမှု (၂)ခုအတွက် ထောင်ဒဏ်ရက်ပေါင်း(၉၀) ချမှတ်ခံရသော်လည်း
(၁၉)ရက်အကြာတွင် ထောင်မှလွတ်ကာ အဆိုပါ စခန်းသို့ ပြောင်းရွှေ့ခွင့်
ရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
No comments:
Post a Comment