ပရိသတ်က သိချင်နေကြသည့် အနုပညာရှင်တစ်ဦးနှင့် ချစ်သူဖြစ်သွားပြီလားဟု မေးမြန်းမှုကို မင်းသားက "အဲဒါတွေကတော့ ကျွန်တော်တို့ နောက်မှပဲ အတိအကျပြောပါမယ်။ ဒီနှစ်ထဲမှာ အိမ်ထောင်ပြုဖို့တော့ မရှိသေးပါဘူး"ဟု ဖြေကြားခဲ့သည်။ ဘယ်တော့လောက်များ အသိပေးချင်ပါသလဲဆိုခြင်းကိုမူ "အချိန်တန်ပြီဆိုရင် အသိပေးမှာပါ"ဟု ပြန်လည်ဖြေကြားခဲ့သည်။ ပြေတီဦးသည် ယခုနှစ် အစောပိုင်းကာလတွင်လည်း အနုပညာရှင်တစ်ဦးနှင့် အချစ်ရေးသတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းအချိန်က 7Day News ဂျာနယ်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ယင်းမေးမြန်းချက်များအနက် အိမ်ထောင်ပြုဖို့ ဖိတ်စာရိုက်ပြီးပြီဆိုသည့် မေးမြန်းချက်အား မင်းသားက "အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိသေးပါဘူး။ လောလောဆယ် ကြိုက်မယ့်သူကို မရှိသေးတာပါ"နှင့် ယင်းအချိန်ကလည်း မင်းသမီးတစ်ဦးနှင့် သတင်းကို မေးမြန်းချက်အား "မဟုတ်ရပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေပါဗျာ"ဟုဖြေကြားခဲ့သည်။
No comments:
Post a Comment